YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ တိမောသေ 2:1-7

၂ တိမောသေ 2:1-7 Judson Bible (JBMLE)

ငါ့​သား၊ သင်​သည် ယေ​ရှု​ခ​ရစ်၌​ရှိ​သော ကျေး​ဇူး​တော်​အား​ဖြင့် ခိုင်​ခံ့​ခြင်း​ရှိ​လော့။- သက်​သေ​ခံ​အ​များ​ရှိ​သည်​နှင့် ငါ့​ထံ၌​ကြား​ရ​ပြီး​သော အ​ရာ​တို့​ကို၊ သ​စ္စာ​နှင့်​ပြည့်​စုံ၍ သူ​တစ်​ပါး​တို့​ကို သွန်​သင်​ခြင်း​ငှာ၊ တတ်​စွမ်း​နိုင်​သော သူ​တို့၌ အပ်​ပေး​လော့။- ထို​သို့​အ​လို​ငှာ သင်​သည်၊ ယေ​ရှု​ခ​ရစ်​ထံ၌ ကောင်း​သော​စစ်​သူ​ရဲ​ကဲ့​သို့၊ ဆင်း​ရဲ​ဒု​က္ခ​ကို သည်း​ခံ​လော့၊- စစ်​သူ​ရဲ​မည်​သည်​ကား၊ မိ​မိ​ကို​စစ်​သူ​ရဲ​အ​ရာ၌ ခန့်​ထား​သော​သူ​ကို နှစ်​သက်​စေ​ခြင်း​ငှာ၊ လော​ကီ​မှု ရေး​နှင့်​ပြွမ်း​နှော​ရှုပ်​ထွေး​ခြင်း​ကို ပယ်​ရှား​တတ်၏။- ပွဲ၌ လူ​ချင်း​တိုက်​သော​သူ မည်​သည်​ကား၊ ထုံး​တမ်း​အ​တိုင်း​မ​တိုက်​လျှင် ပန်း​ဦး​ရစ်​ကို​မ​ရ။- လယ်​လုပ်​သော​သူ​သည်​လည်း အ​ရင်​လုပ်​ပြီး​မှ အ​သီး​အ​နှံ​ကို​ခံ​ရ​မည်။- ငါ့​စ​ကား​ကို ဆင်​ခြင်​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ရာ​ရာ​တို့၌ ဉာဏ်​ကို သင့်​အား ပေး​သ​နား​တော်​မူ​ပါ​စေ​သော။

၂ တိမောသေ 2:1-7 Common Language Bible (BCL)

ငါ့​သား၊ ခ​ရစ်​တော်​ယေ​ရှု​နှင့်​ငါ​တို့​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​ခြင်း​ကြောင့် ရ​ရှိ​သည့်​ဆု ကျေး​ဇူး​တော်​အား​ဖြင့်​သင်​သည်​ကြံ့​ခိုင် ခြင်း​ရှိ​လော့။- အ​သိ​သက်​သေ​များ​ရှေ့​တွင်​ငါ​သွန်​သင်​ခဲ့ သည့်​အ​ရာ​များ​ကို​သင်​သည်​ကြား​သိ​ရ​လေ ပြီ။ သူ​တစ်​ပါး​တို့​အား​တစ်​ဆင့်​သွန်​သင်​နိုင် မည်​ဟု​စိတ်​ချ​ယုံ​ကြည်​ရ​သူ​တို့​အား​ထို သွန်​သင်​ချက်​များ​ကို​လက်​ဆင့်​ကမ်း​လော့။ သင်​သည်​ခ​ရစ်​တော်​ယေ​ရှု​၏​စစ်​သည်​တော် ကောင်း​အ​နေ​ဖြင့်​ဆင်း​ရဲ​ဒုက္ခ​ကို​ခံ​လော့။- အ​လုပ်​ဝတ္တ​ရား​ထမ်း​ဆောင်​နေ​ဆဲ​ဖြစ်​သော စစ်​သား​သည်​မိ​မိ​နှင့်​မ​ဆိုင်​သည့်​အ​ရေး အ​ခင်း​များ​တွင်​ပါ​ဝင်​မှု​ကို​ရှောင်​ရှား​တတ်​၏။ သူ​၏​တစ်​ခု​တည်း​သော​ရည်​ရွယ်​ချက်​မှာ မိ​မိ​တပ်​မှူး​၏​ကျေ​နပ်​မှု​ကို​ရ​ရှိ​ရန်​ပင် ဖြစ်​ပေ​သည်။- အား​က​စား​မှု​ဆိုင်​ရာ​စည်း​ကမ်း​ဥ​ပ​ဒေ​များ ကို​မ​လိုက်​နာ​လျှင် အ​ဘယ်​အား​က​စား​သ​မား မျှ​အောင်​ပန်း​ကို​ဆွတ်​ခူး​နိုင်​လိမ့်​မည်​မ​ဟုတ်။- ပင်​ပန်း​စွာ​အ​လုပ်​လုပ်​ခဲ့​သော​လယ်​သ​မား သည်​သီး​နှံ​ကို​ဦး​စွာ​စား​သုံး​သင့်​သည်။- ငါ့​စ​ကား​ကို​ဆင်​ခြင်​လော့။ ယင်း​ကို​နား​လည် စေ​ရန်​သ​ခင်​ဘု​ရား​သည်​သင့်​အား​ကူ​ညီ တော်​မူ​လိမ့်​မည်။

၂ တိမောသေ 2:1-7 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့ဖြစ်၍ ငါ့​သား၊ သင်​သည် ခရစ်တော်​ယေရှု​၌​ရှိ​သော ကျေးဇူး​တော်​အားဖြင့် ခွန်အား​နှင့်​ပြည့်စုံ​လော့။ များစွာ​သော​သက်သေ​တို့​ရှေ့၌ ငါ့​ထံမှ ကြားနာ​ရ​သော​အရာ​တို့​ကို အခြား​သူ​တို့​အား​လည်း သင်ကြား​ပေး​နိုင်စွမ်း​ရှိ​သည့် သစ္စာရှိ​သော​သူ​တို့​၌ ပေး​အပ်​လော့။ ခရစ်တော်​ယေရှု​၏​စစ်သား​ကောင်း​တစ်​ဦး​အဖြစ် ငါ​နှင့်အတူ​ဆင်းရဲ​ဒုက္ခ​ကို​ခံ​လော့။ စစ်မှုထမ်း​သော​သူ​သည် စစ်သား​အရာ​၌ မိမိ​ကို​ခန့်ထား​သော​သူ​အား နှစ်သက်​စေရန် စားဝတ်နေရေး​ကိစ္စ​များ​နှင့် ပတ်သက်​ရှုပ်ထွေး​ခြင်း​မ​ရှိ​တတ်။ မည်သူမဆို အားကစား​ပြိုင်ပွဲ​ကို​ယှဉ်ပြိုင်​သောအခါ စည်းမျဉ်း​စည်းကမ်း​နှင့်အညီ မ​ယှဉ်ပြိုင်​ပါက သရဖူ​ကို​ရ​မည်​မ​ဟုတ်။ ကြိုးစား​လုပ်ဆောင်​သော​ခြံသမား​သည် အသီးအနှံ​များ​၏​အဦးဆုံး​သော​ဝေစု​ကို ခံစား​သင့်​၏။ ငါ​ပြောဆို​သော​အရာ​ကို ဆင်ခြင်​လော့။ သခင်​ဘုရား​သည် အရာ​ခပ်သိမ်း​တို့​၌ သင့်​အား ဉာဏ်စွမ်း​ကို​ပေး​တော်မူ​လိမ့်မည်။