YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ တိမောသေ 2:1-10

၂ တိမောသေ 2:1-10 Judson Bible (JBMLE)

ငါ့​သား၊ သင်​သည် ယေ​ရှု​ခ​ရစ်၌​ရှိ​သော ကျေး​ဇူး​တော်​အား​ဖြင့် ခိုင်​ခံ့​ခြင်း​ရှိ​လော့။- သက်​သေ​ခံ​အ​များ​ရှိ​သည်​နှင့် ငါ့​ထံ၌​ကြား​ရ​ပြီး​သော အ​ရာ​တို့​ကို၊ သ​စ္စာ​နှင့်​ပြည့်​စုံ၍ သူ​တစ်​ပါး​တို့​ကို သွန်​သင်​ခြင်း​ငှာ၊ တတ်​စွမ်း​နိုင်​သော သူ​တို့၌ အပ်​ပေး​လော့။- ထို​သို့​အ​လို​ငှာ သင်​သည်၊ ယေ​ရှု​ခ​ရစ်​ထံ၌ ကောင်း​သော​စစ်​သူ​ရဲ​ကဲ့​သို့၊ ဆင်း​ရဲ​ဒု​က္ခ​ကို သည်း​ခံ​လော့၊- စစ်​သူ​ရဲ​မည်​သည်​ကား၊ မိ​မိ​ကို​စစ်​သူ​ရဲ​အ​ရာ၌ ခန့်​ထား​သော​သူ​ကို နှစ်​သက်​စေ​ခြင်း​ငှာ၊ လော​ကီ​မှု ရေး​နှင့်​ပြွမ်း​နှော​ရှုပ်​ထွေး​ခြင်း​ကို ပယ်​ရှား​တတ်၏။- ပွဲ၌ လူ​ချင်း​တိုက်​သော​သူ မည်​သည်​ကား၊ ထုံး​တမ်း​အ​တိုင်း​မ​တိုက်​လျှင် ပန်း​ဦး​ရစ်​ကို​မ​ရ။- လယ်​လုပ်​သော​သူ​သည်​လည်း အ​ရင်​လုပ်​ပြီး​မှ အ​သီး​အ​နှံ​ကို​ခံ​ရ​မည်။- ငါ့​စ​ကား​ကို ဆင်​ခြင်​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ရာ​ရာ​တို့၌ ဉာဏ်​ကို သင့်​အား ပေး​သ​နား​တော်​မူ​ပါ​စေ​သော။ ဒါ​ဝိဒ်​အ​မျိုး​ဖြစ်​သော ယေ​ရှု​ခ​ရစ်​သည်၊ ငါ​ဟော​သော ဝံ​ဂေ​လိ​တ​ရား​အ​တိုင်း၊ သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​သည်​ဟု အောက်​မေ့​လော့။- ထို​တ​ရား​ကြောင့် ငါ​သည်​လူ​ဆိုး​ကဲ့​သို့ ချည်​နှောင်​ခြင်း​တိုင်​အောင် ဆင်း​ရဲ​ဒု​က္ခ​ကို​ခံ​ရ၏။ သို့​သော်​လည်း၊ ဘု​ရား​သ​ခင်၏​နှုတ်​က​ပတ်​တ​ရား​တော်​သည် ချည်​နှောင်​ခြင်း​နှင့် ကင်း​လွတ်၏။- ထို​ကြောင့် ရွေး​ကောက်​တော်​မူ​သော သူ​တို့​သည်၊ ထာ​ဝ​ရ ဘုန်း​အ​သ​ရေ​နှင့်​တ​ကွ ယေ​ရှု​ခ​ရစ်​အား​ဖြင့် ကယ်​တင်​ခြင်း​သို့​ရောက်​စိမ့်​သော​ငှာ၊ သူ​တို့​အ​ဖို့ အ​ရာ​ရာ​ကို ငါ​သည်း​ခံ​ရ၏။

၂ တိမောသေ 2:1-10 Common Language Bible (BCL)

ငါ့​သား၊ ခ​ရစ်​တော်​ယေ​ရှု​နှင့်​ငါ​တို့​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​ခြင်း​ကြောင့် ရ​ရှိ​သည့်​ဆု ကျေး​ဇူး​တော်​အား​ဖြင့်​သင်​သည်​ကြံ့​ခိုင် ခြင်း​ရှိ​လော့။- အ​သိ​သက်​သေ​များ​ရှေ့​တွင်​ငါ​သွန်​သင်​ခဲ့ သည့်​အ​ရာ​များ​ကို​သင်​သည်​ကြား​သိ​ရ​လေ ပြီ။ သူ​တစ်​ပါး​တို့​အား​တစ်​ဆင့်​သွန်​သင်​နိုင် မည်​ဟု​စိတ်​ချ​ယုံ​ကြည်​ရ​သူ​တို့​အား​ထို သွန်​သင်​ချက်​များ​ကို​လက်​ဆင့်​ကမ်း​လော့။ သင်​သည်​ခ​ရစ်​တော်​ယေ​ရှု​၏​စစ်​သည်​တော် ကောင်း​အ​နေ​ဖြင့်​ဆင်း​ရဲ​ဒုက္ခ​ကို​ခံ​လော့။- အ​လုပ်​ဝတ္တ​ရား​ထမ်း​ဆောင်​နေ​ဆဲ​ဖြစ်​သော စစ်​သား​သည်​မိ​မိ​နှင့်​မ​ဆိုင်​သည့်​အ​ရေး အ​ခင်း​များ​တွင်​ပါ​ဝင်​မှု​ကို​ရှောင်​ရှား​တတ်​၏။ သူ​၏​တစ်​ခု​တည်း​သော​ရည်​ရွယ်​ချက်​မှာ မိ​မိ​တပ်​မှူး​၏​ကျေ​နပ်​မှု​ကို​ရ​ရှိ​ရန်​ပင် ဖြစ်​ပေ​သည်။- အား​က​စား​မှု​ဆိုင်​ရာ​စည်း​ကမ်း​ဥ​ပ​ဒေ​များ ကို​မ​လိုက်​နာ​လျှင် အ​ဘယ်​အား​က​စား​သ​မား မျှ​အောင်​ပန်း​ကို​ဆွတ်​ခူး​နိုင်​လိမ့်​မည်​မ​ဟုတ်။- ပင်​ပန်း​စွာ​အ​လုပ်​လုပ်​ခဲ့​သော​လယ်​သ​မား သည်​သီး​နှံ​ကို​ဦး​စွာ​စား​သုံး​သင့်​သည်။- ငါ့​စ​ကား​ကို​ဆင်​ခြင်​လော့။ ယင်း​ကို​နား​လည် စေ​ရန်​သ​ခင်​ဘု​ရား​သည်​သင့်​အား​ကူ​ညီ တော်​မူ​လိမ့်​မည်။ ငါ​ဟော​ပြော​သော​သ​တင်း​ကောင်း​အ​ရ​ဒါ​ဝိဒ် မင်း​မှ​ဆင်း​သက်​တော်​မူ​၍​သေ​ခြင်း​မှ​ရှင် ပြန်​ထ​မြောက်​တော်​မူ​သော​ယေ​ရှု​ခ​ရစ်​ကို သ​တိ​ရ​လော့။- ငါ​သည်​ထို​သ​တင်း​ကောင်း​အ​တွက်​ကြောင့် ရာ​ဇ​ဝတ်​ကောင်​ကဲ့​သို့​ဒုက္ခ​ရောက်​လျက်​ရှိ​၏။ သံ​ကြိုး​များ​နှင့်​ပင်​အ​ချည်​အ​နှောင်​ခံ​ရ​၏။ သို့​သော်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော် မူ​ကား​ချုပ်​နှောင်​မှု​နှင့်​ကင်း​လွတ်​၏။- ထို့​ကြောင့်​ငါ​သည်​ဘု​ရား​သ​ခင်​ရွေး​ကောက် တော်​မူ​သော​လူ​စု​တော်​၏​အ​တွက်​မည့်​သည့် ဒုက္ခ​ဆင်း​ရဲ​ကို​မ​ဆို​ခံ​၏။ ဤ​သို့​ခံ​ခြင်း​မှာ သူ​တို့​သည်​လည်း​ထာ​ဝ​ရ​ဘုန်း​အ​သ​ရေ နှင့်​တ​ကွ​ယေ​ရှု​ခ​ရစ်​အား​ဖြင့်​ကယ်​တင် ခြင်း​ကို​ခံ​ရ​စေ​ရန်​ဖြစ်​၏။

၂ တိမောသေ 2:1-10 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့ဖြစ်၍ ငါ့​သား၊ သင်​သည် ခရစ်တော်​ယေရှု​၌​ရှိ​သော ကျေးဇူး​တော်​အားဖြင့် ခွန်အား​နှင့်​ပြည့်စုံ​လော့။ များစွာ​သော​သက်သေ​တို့​ရှေ့၌ ငါ့​ထံမှ ကြားနာ​ရ​သော​အရာ​တို့​ကို အခြား​သူ​တို့​အား​လည်း သင်ကြား​ပေး​နိုင်စွမ်း​ရှိ​သည့် သစ္စာရှိ​သော​သူ​တို့​၌ ပေး​အပ်​လော့။ ခရစ်တော်​ယေရှု​၏​စစ်သား​ကောင်း​တစ်​ဦး​အဖြစ် ငါ​နှင့်အတူ​ဆင်းရဲ​ဒုက္ခ​ကို​ခံ​လော့။ စစ်မှုထမ်း​သော​သူ​သည် စစ်သား​အရာ​၌ မိမိ​ကို​ခန့်ထား​သော​သူ​အား နှစ်သက်​စေရန် စားဝတ်နေရေး​ကိစ္စ​များ​နှင့် ပတ်သက်​ရှုပ်ထွေး​ခြင်း​မ​ရှိ​တတ်။ မည်သူမဆို အားကစား​ပြိုင်ပွဲ​ကို​ယှဉ်ပြိုင်​သောအခါ စည်းမျဉ်း​စည်းကမ်း​နှင့်အညီ မ​ယှဉ်ပြိုင်​ပါက သရဖူ​ကို​ရ​မည်​မ​ဟုတ်။ ကြိုးစား​လုပ်ဆောင်​သော​ခြံသမား​သည် အသီးအနှံ​များ​၏​အဦးဆုံး​သော​ဝေစု​ကို ခံစား​သင့်​၏။ ငါ​ပြောဆို​သော​အရာ​ကို ဆင်ခြင်​လော့။ သခင်​ဘုရား​သည် အရာ​ခပ်သိမ်း​တို့​၌ သင့်​အား ဉာဏ်စွမ်း​ကို​ပေး​တော်မူ​လိမ့်မည်။ ငါ​ဟောပြော​သည့် ကောင်းမြတ်​သော​သတင်း​အရ ဒါဝိဒ်​၏​အမျိုးအနွယ်​မှ​ပေါ်ထွန်း​လျက် သေ​သော​သူ​တို့​ထဲမှ ထမြောက်​တော်မူ​သော ယေရှု​ခရစ်တော်​ကို သတိရ​လော့။ ငါ​သည် ဤ​ကောင်းမြတ်​သော​သတင်း​အတွက် ရာဇဝတ်သား​ပမာ ချည်နှောင်​ခြင်း​ခံရ​သည့်​တိုင်အောင် ဆင်းရဲ​ဒုက္ခ​ကို​ခံရ​၏။ သို့သော် ဘုရားသခင်​၏​နှုတ်ကပတ်တော်​သည် ချည်နှောင်​ခြင်း​ခံရ​သည်​မ​ဟုတ်။ ထို့ကြောင့် ရွေးကောက်​ခံရ​သော​သူ​တို့​သည် ခရစ်တော်​ယေရှု​၌​ရှိ​သော​ကယ်တင်​ခြင်း​ကို ထာဝရ​ဘုန်း​အသရေ​နှင့်တကွ ရရှိ​နိုင်​မည့်​အကြောင်း ငါ​သည် သူ​တို့​အတွက် အရာရာ​ကို​သည်းခံ​၏။