YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ တိမောသေ 1:9-10

၂ တိမောသေ 1:9-10 Judson Bible (JBMLE)

ဘု​ရား​သ​ခင်​သည် ငါ​တို့​ကျင့်​သော​အ​ကျင့်​ကို ထောက်​တော်​မ​မူ။ ရှေး​ကပ်​ကာ​လ​မ​ရောက်​မီ၊ ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့​အ​ဖို့ ကိုယ်​တော်​တိုင်​ကြံ​စည်​တော်​မူ​သော ကျေး​ဇူး​တော်​နှင့်​အ​ညီ ငါ​တို့​ကို​ကယ်​တင်၍၊ သန့်​ရှင်း​သော​အ​ရာ၌ ခေါ်​သွင်း​တော်​မူ၏။- ထို​ကျေး​ဇူး​တော်​ကား၊ ငါ​တို့​ကို​ကယ်​တင်​သော​သ​ခင်​ယေ​ရှု​ခ​ရစ် ပေါ်​ထွန်း​သည်​အ​ရာ​မှာ ယ​ခု​ထင်​ရှား​လျက်​ရှိ၏။ ထို​သ​ခင်​သည် သေ​ခြင်း​အ​ကြောင်း​ကို ပယ်​ရှား၍၊ အ​သက်​ရှင်​ခြင်း​အ​ကြောင်း​နှင့် မ​ဖောက်​ပြန်​ခြင်း​အ​ကြောင်း​ကို ဧ​ဝံ​ဂေ​လိ​တ​ရား​အား​ဖြင့် ထင်​ရှား​စေ​တော်​မူ​ပြီ။

၂ တိမောသေ 1:9-10 Common Language Bible (BCL)

ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​ကယ်​တင်​တော်​မူ ၍ မိ​မိ​၏​လူ​စု​တော်​အ​ဖြစ်​ဖြင့်​ရွေး​ကောက်​တော် မူ​သည်​မှာ ငါ​တို့​ပြု​လုပ်​ခဲ့​သည့်​ကောင်း​မှု​တစ်​စုံ တစ်​ရာ​ကြောင့်​မ​ဟုတ်​ဘဲ ကိုယ်​တော်​တိုင်​၏​အ​ကြံ အ​စည်​တော်​နှင့်​ကျေး​ဇူး​တော်​ကြောင့်​ဖြစ်​ပေ သည်။ ကိုယ်​တော်​သည်​ကမ္ဘာ​မ​တည်​ရှိ​မီ​ကာ​လ က​ပင်​ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့်​ငါ​တို့​အား ထို​ကျေး​ဇူး​တော်​ကို​ချ​ပေး​တော်​မူ​၏။- သို့​ရာ​တွင်​ယ​ခု​အ​ခါ​ငါ​တို့​၏​ကယ်​တင် ရှင်​ခ​ရစ်​တော်​ယေ​ရှု​ကြွ​လာ​တော်​မူ​ခြင်း အား​ဖြင့် ထို​ကျေး​ဇူး​တော်​သည်​ပေါ်​လွင် ထင်​ရှား​လာ​လေ​ပြီ။ ကိုယ်​တော်​သည်​သေ ခြင်း​တ​ရား​ကို​ပယ်​ရှား​တော်​မူ​ပြီး​လျှင် သ​တင်း​ကောင်း​အား​ဖြင့် သင်္ခါ​ရ​ကင်း​ခြင်း တ​ရား​ကို​ပေါ်​လွင်​ထင်​ရှား​စေ​တော် မူ​သ​တည်း။

၂ တိမောသေ 1:9-10 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဘုရားသခင်​သည် ငါ​တို့​ကို​ကယ်တင်​တော်မူ​၍ သန့်ရှင်း​သော​ခေါ်ယူ​ခြင်း​ဖြင့် ငါ​တို့​ကို​ခေါ်ယူ​တော်မူ​သည်​မှာ ငါ​တို့​ပြု​သော​အမှု​များ​ကြောင့်​မ​ဟုတ်​ဘဲ မိမိ​၏​အကြံအစည်​တော်​ကြောင့်​ဖြစ်​ပြီး ရှေး​ကာလ​များ​မတိုင်မီ​က​ပင် ယေရှု​ခရစ်တော်​အားဖြင့် ငါ​တို့​အား​ပေး​တော်မူ​သော​ကျေးဇူး​တော်​ကြောင့်​ဖြစ်​၏။ ထို​ကျေးဇူး​တော်​သည် ငါ​တို့​၏​ကယ်တင်ရှင်​ခရစ်တော်​ယေရှု ပေါ်ထွန်း​တော်မူ​ခြင်း​အားဖြင့် ယခု​ထင်ရှား​လေ​ပြီ။ ခရစ်တော်​သည် သေ​ခြင်း​ကို​ပယ်ဖျက်​၍ အသက်​နှင့်တကွ ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​သော​အရာ​တို့​ကို ကောင်းမြတ်​သော​သတင်း​အားဖြင့် အလင်း​သို့​ယူဆောင်​လာ​၏။