YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ တိမောသေ 1:8-9

၂ တိမောသေ 1:8-9 Judson Bible (JBMLE)

ထို​ကြောင့်၊ ငါ​တို့​သ​ခင်​ဘု​ရား၏ သက်​သေ​ကို​လည်း​ကောင်း၊ ထို​သ​ခင်​ကြောင့် အ​ကျဉ်း​ခံ​ရ​သော​သူ​ဖြစ်​သော ငါ​ကို​လည်း​ကောင်း ရှက်​ကြောက်​ခြင်း​မ​ရှိ​နှင့်။ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော တန်​ခိုး​ကို​ရ​သည်​အ​တိုင်း ဧ​ဝံ​ဂေ​လိ​တ​ရား​နှင့် ဆက်​ဆံ၍ ဆင်း​ရဲ​ဒု​က္ခ​ကို​ခံ​လော့။- ဘု​ရား​သ​ခင်​သည် ငါ​တို့​ကျင့်​သော​အ​ကျင့်​ကို ထောက်​တော်​မ​မူ။ ရှေး​ကပ်​ကာ​လ​မ​ရောက်​မီ၊ ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့​အ​ဖို့ ကိုယ်​တော်​တိုင်​ကြံ​စည်​တော်​မူ​သော ကျေး​ဇူး​တော်​နှင့်​အ​ညီ ငါ​တို့​ကို​ကယ်​တင်၍၊ သန့်​ရှင်း​သော​အ​ရာ၌ ခေါ်​သွင်း​တော်​မူ၏။

၂ တိမောသေ 1:8-9 Common Language Bible (BCL)

သို့​ဖြစ်​၍​ငါ​တို့​သ​ခင်​ဘု​ရား​၏​အ​ကြောင်း တော်​ကို​သက်​သေ​ခံ​ရန်​မ​ရှက်​နှင့်။ ခ​ရစ်​တော် အ​တွက်​အ​ကျဉ်း​သား​ဖြစ်​သူ​ငါ​၏​အ​တွက် လည်း​မ​ရှက်​နှင့်။ ဘု​ရား​သ​ခင်​ထံ​မှ​ခွန်​အား ကို​ရ​ရှိ​သည်​အ​တိုင်း​သ​တင်း​ကောင်း​အ​တွက် ငါ​နှင့်​အ​တူ​ဒုက္ခ​ခံ​လော့။- ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​ကယ်​တင်​တော်​မူ ၍ မိ​မိ​၏​လူ​စု​တော်​အ​ဖြစ်​ဖြင့်​ရွေး​ကောက်​တော် မူ​သည်​မှာ ငါ​တို့​ပြု​လုပ်​ခဲ့​သည့်​ကောင်း​မှု​တစ်​စုံ တစ်​ရာ​ကြောင့်​မ​ဟုတ်​ဘဲ ကိုယ်​တော်​တိုင်​၏​အ​ကြံ အ​စည်​တော်​နှင့်​ကျေး​ဇူး​တော်​ကြောင့်​ဖြစ်​ပေ သည်။ ကိုယ်​တော်​သည်​ကမ္ဘာ​မ​တည်​ရှိ​မီ​ကာ​လ က​ပင်​ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့်​ငါ​တို့​အား ထို​ကျေး​ဇူး​တော်​ကို​ချ​ပေး​တော်​မူ​၏။

၂ တိမောသေ 1:8-9 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့ကြောင့် ငါ​တို့​၏​သခင်​ဘုရား​အကြောင်း သက်သေခံ​သည်​ကို​လည်းကောင်း၊ ငါ​သည် ကိုယ်တော်​အတွက် အကျဉ်းသား​ဖြစ်​သည်​ကို​လည်းကောင်း ရှက်ကြောက်​ခြင်း​မ​ရှိ​ဘဲ ဘုရားသခင်​၏​တန်ခိုး​တော်​အားဖြင့် ကောင်းမြတ်​သော​သတင်း​အတွက် ငါ​နှင့်အတူ​ဆင်းရဲ​ဒုက္ခ​ကို​ခံ​လော့။ ဘုရားသခင်​သည် ငါ​တို့​ကို​ကယ်တင်​တော်မူ​၍ သန့်ရှင်း​သော​ခေါ်ယူ​ခြင်း​ဖြင့် ငါ​တို့​ကို​ခေါ်ယူ​တော်မူ​သည်​မှာ ငါ​တို့​ပြု​သော​အမှု​များ​ကြောင့်​မ​ဟုတ်​ဘဲ မိမိ​၏​အကြံအစည်​တော်​ကြောင့်​ဖြစ်​ပြီး ရှေး​ကာလ​များ​မတိုင်မီ​က​ပင် ယေရှု​ခရစ်တော်​အားဖြင့် ငါ​တို့​အား​ပေး​တော်မူ​သော​ကျေးဇူး​တော်​ကြောင့်​ဖြစ်​၏။