YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ သက်သာလောနိတ် 2:3-12

၂ သက်သာလောနိတ် 2:3-12 Judson Bible (JBMLE)

အ​ဘယ်​သူ​မျှ သင်​တို့​ကို အ​ဘယ်​သို့​သော​အား​ဖြင့် မ​လှည့်​ဖြား​စေ​နှင့်၊ ထို​နေ့​ရက်​မ​ရောက်​မီ ဖောက်​ပြန်​သင်း​ခွဲ​ခြင်း​သည် အ​ရင်​ဖြစ်၍၊ ဒု​စ​ရိုက်​လူ​တည်း​ဟူ​သော ပျက်​စီး​ခြင်း၏​သား​သည် ပေါ်​လာ​ရ​လိမ့်​မည်။- ထို​သူ​သည် ဘု​ရား​သ​ခင်​ဟူ၍​လည်း​ကောင်း၊ ဘု​ရား​ဟူ၍​လည်း​ကောင်း၊ ခေါ်​ဝေါ်​သ​မျှ​သော​အ​ရာ​တို့​ကို ရန်​ဘက်​ပြု၍၊ ကိုယ်​ကို ကိုယ်​ချီး​မြှောက်​သော​အား​ဖြင့်၊ ဘု​ရား​သ​ခင်၏ ဗိ​မာန်​တော်၌ ဘု​ရား​သ​ခင်​ကဲ့​သို့ ထိုင်၍၊ ဘု​ရား​သ​ခင် ဖြစ်​ယောင်​ဆောင်​လျက် ကိုယ်​ကို​ပြ​သော​သူ ဖြစ်​သ​တည်း။ ငါ​သည် သင်​တို့​နှင့်​အ​တူ ရှိ​စဉ်​အ​ခါ၊ ထို​အ​ကြောင်း​အ​ရာ​များ​ကို ပြော​ပြီ​ဟု သင်​တို့​သည် သ​တိ​မ​ရ​ကြ​သ​လော။- ထို​သူ​သည် မိ​မိ​ကာ​လ​အ​ချိန်၌ ထင်​ရှား​စေ​ခြင်း​ငှာ၊ ယ​ခု ဆီး​တား​သော​အ​ကြောင်း​ကို​လည်း သင်​တို့​သိ​ကြ၏။- အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဝှက်​ထား​လျက်​ရှိ​သော ထို​အ​ဓ​မ္မ​အ​ရာ​သည် ယ​ခု​ပင် ပြု​ပြင်​ဆဲ​ရှိ၏။ သို့​သော်​လည်း ဆီး​တား​သော​သူ​သည် ပယ်​ရှင်း​ခြင်း​သို့ မ​ရောက်​မီ​တိုင်​အောင် ဆီး​တား​လိမ့်​မည်။- ပယ်​ရှင်း​ခြင်း​သို့​ရောက်​သော​အ​ခါ၊ ထို​အ​ဓ​မ္မ​လူ​သည် ထင်​ရှား​လိမ့်​မည်။ ထို​အ​ဓ​မ္မ​လူ​ကို သ​ခင်​ယေ​ရှု​သည် နှုတ်​ထွက်​ဝိ​ညာဉ်​တော်​အား​ဖြင့် ဖျက်​ဆီး၍၊ ကြွ​လာ​တော်​မူ​ခြင်း၏ ရောင်​ခြည်​အား​ဖြင့် ပယ်​ရှား​တော်​မူ​လိမ့်​မည်။- ထို​အ​ဓ​မ္မ​လူ၏ လာ​ခြင်း​အ​ကြောင်း​ဟူ​မူ​ကား၊ စာ​တန်​ပြု​ပြင်​သော​အား​ဖြင့် မု​သား​နှင့် စပ်​ဆိုင်​သော ထူး​ဆန်း​သော​တန်​ခိုး၊ နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု အ​မျိုး​မျိုး​နှင့်​လည်း​ကောင်း၊- ပျက်​စီး​ခြင်း​သို့​ရောက်​သော သူ​တို့​တွင်၊ မ​တ​ရား​သော လှည့်​ဖြား​ခြင်း အ​မျိုး​မျိုး​နှင့်​လည်း​ကောင်း လာ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​အံ့​သော​ငှာ သ​မ္မာ​တ​ရား၌ မွေ့​လျော်​သော​စိတ်​ကို မ​ခံ​မ​ယူ​ကြ။- ထို​ကြောင့်၊ သ​မ္မာ​တ​ရား​ကို မ​ယုံ​ဘဲ၊ မ​တ​ရား​သော​အ​မှု၌ မွေ့​လျော်​သော​သူ​အ​ပေါင်း​တို့​သည်၊- တ​ရား​ရှုံး​ခြင်း​သို့ ရောက်​မည်​အ​ကြောင်း၊ မု​သား​စ​ကား​ကို ယုံ​စိမ့်​သော​ငှာ၊ မိ​စ္ဆာ​ဒိ​ဌိ​ပြု​ပြင် အား​ထုတ်​ခြင်း​အ​ခွင့်​ကို သူ​တို့၌ ဘု​ရား​သ​ခင် လွှတ်​တော်​မူ​လိမ့်​မည်။

၂ သက်သာလောနိတ် 2:3-12 Common Language Bible (BCL)

ဤ​အ​ကြောင်း​နှင့်​ပတ်​သက်​၍​လူ​တို့​မှား​ယွင်း စွာ​ပြော​ဆို​နေ​သည်​ကို​လုံး​ဝ​မ​ယုံ​ကြ​နှင့်။ နောက်​ဆုံး​ပုန်​ကန်​မှု​ကြီး​မ​ဖြစ်​ပေါ်​မီ​နှင့် င​ရဲ​သို့​လား​ရ​မည်​ဖြစ်​သော​သူ​ယုတ်​မာ ကြီး​မ​ပေါ်​ထွန်း​မီ​ထို​နေ့​ရက်​သည်​ကျ ရောက်​လိမ့်​မည်​မ​ဟုတ်။- သူ​သည်​လူ​တို့​ကိုး​ကွယ်​သော​အ​မည်​ခံ ဘု​ရား​မှန်​သ​မျှ​ကို​အ​တိုက်​အ​ခံ​ပြု​၍ မိ​မိ​သည်​ဘု​ရား​တ​ကာ​တို့​ထက်​တန်​ခိုး ကြီး​သည်​ဟု​ဆို​လိမ့်​မည်။ သူ​သည်​ဘု​ရား သ​ခင်​၏​ဗိ​မာန်​တော်​ထဲ​သို့​ပင်​လျှင်​ဝင်​၍ ထိုင်​ကာ​မိ​မိ​ကိုယ်​ကို​ဘု​ရား​ဟု​ကြေ ညာ​လိမ့်​မည်။ ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​ခဲ့​စဉ်​အ​ခါ​က ဤ​အ​ကြောင်း​အ​ရာ​များ​ကို​သင်​တို့​အား ပြော​ပြ​ခဲ့​၏။ သင်​တို့​မ​မှတ်​မိ​ကြ​သ​လော။- ယ​ခု​အ​ခါ​ထို​အ​ကြောင်း​အ​ရာ​များ​မ​ဖြစ် ပျက်​သေး​သည်​မှာ​ဟန့်​တား​သည့်​အ​ရာ​ရှိ သော​ကြောင့်​ဖြစ်​ပေ​သည်။ ထို​အ​ရာ​သည် အ​ဘယ်​အ​ရာ​ဖြစ်​ကြောင်း​ကို​သင်​တို့​သိ ကြ​၏။ သို့​ဖြစ်​၍​သူ​ယုတ်​မာ​ကြီး​သည် အ​ချိန်​ကျ​သော​အ​ခါ​ပေါ်​ထွန်း​လာ​လိမ့် မည်။- လျှို့​ဝှက်​လျက်​ရှိ​သည့်​ယုတ်​မာ​မှု​ကြီး​သည် ယ​ခု​အ​ခါ​၌​ပင်​လျှင်​လှုပ်​ရှား​လျက်​ရှိ​ပေ​ပြီ။ သို့​ရာ​တွင်​ဟန့်​တား​သူ​ကို​ဖယ်​ရှား​လိုက်​သော အ​ခါ​ဖြစ်​ပျက်​မည့်​အ​ကြောင်း​အ​ရာ​တို့​သည် ဖြစ်​ပျက်​လာ​လိမ့်​မည်။- ထို​အ​ခါ​သူ​ယုတ်​မာ​ကြီး​သည်​ပေါ်​လွင်​ထင် ရှား​လာ​ပေ​အံ့။ သို့​ရာ​တွင်​အ​ရှင်​ယေ​ရှု​ကြွ လာ​တော်​မူ​သော​အ​ခါ​သူ​ယုတ်​မာ​ကြီး​အား မိ​မိ​၏​ထွက်​သက်​လေ​ဖြင့်​ကွပ်​မျက်​၍​ဘုန်း ရောင်​ခြည်​တော်​ဖြင့်​ပယ်​ရှား​တော်​မူ​လိမ့်​မည်။- သူ​ယုတ်​မာ​ကြီး​သည်​စာ​တန်​၏​တန်​ခိုး​ကို​ခံ​ယူ ၍​ရောက်​ရှိ​လာ​သော​အ​ခါ အံ့​သြ​ဖွယ်​ရာ​ထူး​ဆန်း သော​နိ​မိတ်​လက္ခ​ဏာ​အ​တု​အ​ယောင်​အ​မျိုး​မျိုး ကို​ပြ​လိမ့်​မည်။- ထို​နောက်​မု​ချ​သေ​ကြေ​ပျက်​စီး​ကြ​မည့်​သူ​တို့ အား​ယုတ်​မာ​သည့်​နည်း​အ​မျိုး​မျိုး​ဖြင့်​လှည့်​စား လိမ့်​မည်။ ထို​သူ​တို့​သည်​ကယ်​တင်​ခြင်း​ရ​နိုင်​ရန် သမ္မာ​တ​ရား​တော်​ကို​နှစ်​သက်​လက်​ခံ​မှု​မ​ရှိ ကြ​သော​ကြောင့်​ယင်း​သို့​သေ​ကြေ​ပျက်​စီး​ရ ပေ​တော့​အံ့။- ဤ​အ​ကြောင်း​ကြောင့်​ဘု​ရား​သ​ခင်​သည်​သူ​တို့ အား​အ​လှည့်​စား​ခံ​စေ​လျက်​အ​မှား​ကို​အ​မှန် ဟု​ယုံ​စေ​တော်​မူ​၏။- သို့​ဖြစ်​၍​သမ္မာ​တ​ရား​ကို​မ​ယုံ​ကြည်​ဘဲ အ​ပြစ်​ပြု​ရန်​နှစ်​သက်​ကြ​သူ​တို့​သည်​အ​ပြစ် ဒဏ်​စီ​ရင်​တော်​မူ​ခြင်း​ကို​ခံ​ရ​ကြ​လတ္တံ့။

၂ သက်သာလောနိတ် 2:3-12 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မည်သူ​မျှ သင်​တို့​ကို မည်သည့်​နည်း​နှင့်​မျှ မ​လှည့်ဖြား​စေ​နှင့်။ အဘယ်ကြောင့်​ဆိုသော် ဖောက်ပြန်​သွေဖည်​မှု​သည် ဦးစွာ​ဖြစ်လာ​၍ ပျက်စီး​ခြင်း​၏​သား​တည်းဟူသော တရားမဲ့​ခြင်း​နှင့်ဆိုင်သော​သူ​သည် ထင်ရှား​မ​လာ​မီ ထို​နေ့ရက်​သည် ရောက်လာ​မည်​မ​ဟုတ်။ ထို​သူ​သည် ဘုရား​ဟု​ခေါ်ဝေါ်​သော​အရာ​နှင့် ကိုးကွယ်​ခြင်း​ခံရ​သော​အရာ​အားလုံး​ကို ဆန့်ကျင်​လျက် ၎င်း​တို့​အပေါ် မိမိကိုယ်ကို​ချီးမြှောက်​ကာ ဘုရားသခင်​၏​ဗိမာန်​တော်​၌​ထိုင်​၍ မိမိကိုယ်ကို​ဘုရား​ဖြစ်​သည်​ဟု ကြေညာ​လိမ့်မည်။ သင်​တို့​နှင့်အတူ​ရှိ​နေ​စဉ်​က ဤ​အရာ​များ​ကို သင်​တို့​အား ငါ​ပြော​ခဲ့​ကြောင်း သင်​တို့​သတိ​မ​ရ​ကြ​သလော။ ထို​သူ​ကို မိမိ​အချိန်အခါ​၌​ထင်ရှား​စေရန် ယခု သူ့​ကို​တားဆီး​ထား​သော​သူ​ရှိ​ကြောင်း သင်​တို့​သိ​ကြ​၏။ အကြောင်းမူကား တရားမဲ့​ခြင်း​နှင့်ဆိုင်သည့် လျှို့ဝှက်​နက်နဲ​သော​အရာ​သည် လှုပ်ရှား​နေ​ပြီ​ဖြစ်​၏။ သို့သော် ယခု​တားဆီး​ထား​သော​သူ​သည် ဖယ်ရှား​ခြင်း​ခံရ​သည်​အထိ တားဆီး​လိမ့်မည်။ ထို့နောက် တရားမဲ့​သော​သူ​သည် ထင်ရှား​လာ​လိမ့်မည်။ သခင်​ယေရှု​သည် ထို​သူ​ကို မိမိ​နှုတ်​တော်​မှ​ထွက်သက်လေ​အားဖြင့် ကွပ်မျက်​၍ မိမိ​ကြွလာ​တော်မူ​ခြင်း​၏​ရောင်ခြည်​အားဖြင့် ပယ်ဖျက်​တော်မူ​လိမ့်မည်။ တရားမဲ့​သော​သူ​သည် စာတန်​၏​လုပ်ဆောင်​မှု​အားဖြင့် ရောက်ရှိ​လာ​မည်​ဖြစ်​၍ အမျိုးမျိုး​သော​တန်ခိုး​၊ နိမိတ်​လက္ခဏာ​များ​၊ မုသား​နှင့်ဆိုင်သော​အံ့ဩဖွယ်ရာ​များ​ဖြင့်​လည်းကောင်း၊ ပျက်စီး​ခြင်း​သို့​ရောက်​မည့်​သူ​တို့​အတွက် မတရားမှု​နှင့်ဆိုင်သော​လှည့်ဖြား​ခြင်း​အမျိုးမျိုး​တို့​ဖြင့်​လည်းကောင်း ရောက်ရှိ​လာ​မည်။ သူ​တို့​ပျက်စီး​ခြင်း​သို့​ရောက်​မည့်​အကြောင်းမှာ မိမိ​တို့​ကယ်တင်​ခြင်း​ခံရ​ရန်​အတွက် သမ္မာတရား​အား​ချစ်​ရ​မည်​ကို ငြင်းပယ်​ကြ​သောကြောင့်​ဖြစ်​၏။ ထို့ကြောင့် မုသား​ကို သူ​တို့​ယုံကြည်​ကြ​စေရန် ဘုရားသခင်​သည် လှည့်ဖြား​ခြင်း​တန်ခိုး​ကို သူ​တို့​ထံသို့ စေလွှတ်​တော်မူ​၏။ ဤသည်ကား သမ္မာတရား​ကို​မ​ယုံကြည်​ဘဲ မတရားမှု​ကို​နှစ်သက်​သော​သူ​အားလုံး စီရင်​ခြင်း​ခံရ​မည့်​အကြောင်း​တည်း။