YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ သက်သာလောနိတ် 2:13-17

၂ သက်သာလောနိတ် 2:13-17 Judson Bible (JBMLE)

သို့​သော်​လည်း၊ သ​ခင်​ဘု​ရား ချစ်​တော်​မူ​သော ညီ​အစ်​ကို​တို့၊ သင်​တို့​သည် စိတ်​သန့်​ရှင်း​ခြင်း၊ သ​မ္မာ​တ​ရား​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ကယ်​တင်​ခြင်း​သို့ ရောက်​စိမ့်​သော​ငှာ၊ ဘု​ရား​သ​ခင်​သည် ရှေ့​ဦး​စွာ​က​ပင် သင်​တို့​ကို ရွေး​ကောက်​တော်​မူ​သည်​ဖြစ်၍၊ ငါ​တို့​သည် သင်​တို့​ကြောင့် ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို အ​စဉ်​မ​ပြတ် ချီး​မွမ်း​ရ​ကြ​မည်။- ထို​သို့​အ​လို​ငှာ ငါ​တို့​ဧ​ဝံ​ဂေ​လိ​တ​ရား​အား​ဖြင့် သင်​တို့​ကို​ခေါ်​တော်​မူ​ပြီ။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ဘုန်း​ကို ပိုင်​ရ​မည် အ​ကြောင်း​တည်း။- ထို​ကြောင့်၊ ညီ​အစ်​ကို​တို့၊ ငါ​တို့​နှုတ်​ထွက်​စ​ကား​အား​ဖြင့်​ဖြစ်​စေ၊ စာ​အား​ဖြင့်​ဖြစ်​စေ၊ သင်​တို့​သည် သင်​ခဲ့​ပြီး​သော နည်း​ဥ​ပ​ဒေ​သ​များ​ကို တည်​ကြည်​လျက် ကိုင်​ယူ​စွဲ​လမ်း​ကြ​လော့။- ငါ​တို့​ကို​ချစ်​တော်​မူ၍၊ ထာ​ဝ​ရ​သက်​သာ​ခြင်း အ​ကြောင်း​ကို​လည်း​ကောင်း၊ ကျေး​ဇူး​တော်​အား​ဖြင့် ကောင်း​သော မျှော်​လင့်​ခြင်း​အ​ကြောင်း​ကို​လည်း​ကောင်း ပေး​တော်​မူ​သော ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​နှင့်၊ ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်​သည် ကိုယ်​တော်​တိုင်၊- သင်​တို့​စိတ်​နှ​လုံး​ကို သက်​သာ​စေ၍၊ ကောင်း​သော​စ​ကား၊ ကောင်း​သော​အ​မှု​အ​မျိုး​မျိုး၌ သင်​တို့​ကို မြဲ​မြံ​စေ​တော်​မူ​ပါ​စေ​သော။

၂ သက်သာလောနိတ် 2:13-17 Common Language Bible (BCL)

ညီ​အစ်​ကို​တို့၊ သ​ခင်​ဘု​ရား​ချစ်​တော်​မူ​သော သင်​တို့​ကို​အ​ကြောင်း​ပြု​၍ ငါ​တို့​သည်​ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​အ​စဉ်​အ​မြဲ​ချီး မွမ်း​ရ​ကြ​မည်။ သင်​တို့​သည်​သမ္မာ​တ​ရား​တော် ကို​ယုံ​ကြည်​ကြ​သည့်​အ​တွက်​ကြောင့်​လည်း ကောင်း၊ ဝိ​ညာဉ်​တော်​တန်​ခိုး​အား​ဖြင့်​ကိုယ်​တော် ၏​သန့်​ရှင်း​မြင့်​မြတ်​သော​လူ​စု​တော်​ဝင်​များ ဖြစ်​လာ​သည့်​အ​တွက်​ကြောင့်​လည်း​ကောင်း ဘု​ရား​သ​ခင်​ဦး​စွာ​ပ​ထ​မ​ရွေး​ကောက် ကယ်​တင်​တော်​မူ​သော​လူ​စု​တွင်​သင်​တို့ ပါ​ဝင်​ကြ​သည်​ဖြစ်​ရာ​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ရ​ပေ​သည်။- သင်​တို့​သည်​ယင်း​သို့​ကယ်​တင်​ခြင်း​ကို​ခံ​ရ​၍ ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့်​အ​တူ ဘုန်း​အ​သ​ရေ​တော်​ကို​ခံ​ယူ​နိုင်​ကြ​စေ​ရန် ဘု​ရား​သ​ခင်​သည်​ငါ​တို့​ဟော​ပြော​ကြေ​ညာ သည့်​သ​တင်း​ကောင်း​အား​ဖြင့် သင်​တို့​ကို​ရွေး ချယ်​တော်​မူ​သ​တည်း။- သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ကြံ့​ကြံ့ ခိုင်​ခိုင်​ရပ်​တည်​နေ​ကြ​လော့။ ဟော​ပြော​ခြင်း အား​ဖြင့်​လည်း​ကောင်း၊ စာ​အား​ဖြင့်​လည်း​ကောင်း သင်​တို့​အား​ငါ​တို့​သွန်​သင်​ခဲ့​သည့်​သစ္စာ တ​ရား​များ​ကို​လက်​မ​လွတ်​စေ​ကြ​နှင့်။ ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​ကိုယ်​တော်​တိုင် သည်​လည်း​ကောင်း၊ ငါ​တို့​ကို​ချစ်​တော်​မူ​၍ ကျေး​ဇူး​တော်​အား​ဖြင့်​ခိုင်​မြဲ​သည့်​မျှော်​လင့် ခြင်း​နှင့်​မြဲ​မြံ​သော​ရဲ​ရင့်​ခြင်း​ကို​ပေး​သ​နား တော်​မူ​သော​ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​သည် လည်း​ကောင်း၊- သင်​တို့​အား​ကောင်း​မြတ်​သည့်​စ​ကား​နှင့်​ကောင်း မြတ်​သည့်​အ​မှု​အ​မျိုး​မျိုး​ကို​အ​စဉ်​အ​မြဲ ပြော​ဆို​ပြု​မူ​နိုင်​စေ​ရန် အား​ပေး​၍​စွမ်း​ရည် သတ္တိ​ကို​ပေး​တော်​မူ​ပါ​စေ​သော။

၂ သက်သာလောနိတ် 2:13-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့သော် သခင်​ဘုရား​ချစ်​တော်မူ​သော​ညီအစ်ကို​တို့၊ ငါ​တို့​သည် သင်​တို့​အတွက် ဘုရားသခင်​ကို အစဉ်အမြဲ​ကျေးဇူးတင်​သင့်​၏။ အဘယ်ကြောင့်​ဆိုသော် သင်​တို့​သည် ဝိညာဉ်​တော်​အားဖြင့်​သန့်ရှင်း​စေ​ခြင်း​ခံရ​၍ သမ္မာတရား​ကို​ယုံကြည်​ခြင်း​အားဖြင့် ကယ်တင်​ခြင်း​ရရှိ​ရန်​အတွက် ဘုရားသခင်​သည် သင်​တို့​ကို အသီးဦး​အဖြစ် ရွေးကောက်​တော်မူ​သောကြောင့်​ဖြစ်​၏။ ဤ​ရည်ရွယ်​ချက်​အတွက် ဘုရားသခင်​သည် ငါ​တို့​ဟောပြော​သည့်​ကောင်းမြတ်​သော​သတင်း​အားဖြင့် သင်​တို့​ကို ခေါ်ယူ​တော်မူ​၏။ ဤသည်ကား ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ဘုန်း​အသရေ​တော်​ကို သင်​တို့​ရရှိ​ရန်​အတွက်​ဖြစ်​၏။ ထို့ကြောင့် ညီအစ်ကို​တို့၊ ခိုင်မြဲ​စွာ​ရပ်တည်​လျက် ငါ​တို့​၏​စကား​အားဖြင့်​ဖြစ်စေ၊ စာ​အားဖြင့်​ဖြစ်စေ သင်​တို့​သင်ယူ​ထား​သော​ဓလေ့​ထုံးတမ်း​ကို စွဲကိုင်​ထား​ကြ​လော့။ ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​ကိုယ်တော်​တိုင်​နှင့် ငါ​တို့​ကို​ချစ်​တော်မူ​၍ ကျေးဇူး​တော်​အားဖြင့် ထာဝရ​နှစ်သိမ့်​ခြင်း​နှင့် ကောင်းမြတ်​သော​မျှော်လင့်​ခြင်း​တို့​ကို​ပေး​တော်မူ​သော ငါ​တို့​အဖ​ဘုရားသခင်​သည် သင်​တို့​၏​စိတ်နှလုံး​ကို နှစ်သိမ့်​ပေး​၍ ကောင်း​သော​စကား​နှင့်​ကောင်း​သော​အမှု​အလုံးစုံ​တို့​၌ သင်​တို့​ကို ခိုင်ခံ့​မြဲမြံ​စေ​တော်မူ​ပါစေသော။