YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ဓမ္မရာဇဝင် 12:8-9

၂ ဓမ္မရာဇဝင် 12:8-9 Judson Bible (JBMLE)

သင့်​သ​ခင်၏ အ​ဆွေ​အ​မျိုး​ကို​လည်း​ကောင်း၊ သင့်​သ​ခင်၏​မ​ယား​တို့​ကို​လည်း​ကောင်း၊ သင်၏​ရင်​ခွင်၌ ငါ​အပ်​ပေး​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး​နှင့် ယု​ဒ​အ​မျိုး​ကို ငါ​ပေး​ပြီ။ ထို​အ​ရာ​များ​မ​လောက်​လျှင် အ​ခြား​တစ်​ပါး​သော​အ​ရာ​ရာ​တို့​ကို ပေး​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။ သင်​သည် ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တ​ရား​တော်​ကို​မ​ထီ​မဲ့​မြင်​ပြု၍ ရှေ့​တော်၌​ဒု​စ​ရိုက်​ကို အ​ဘယ်​ကြောင့် ပြု​ဘိ​သ​နည်း။ ဟိ​တ္တိ​လူ၊ ဥ​ရိ​ယ၏​အ​သက်​ကို ဓား​ဖြင့်​သတ်၍ သူ၏​မ​ယား​ကို သိမ်း​လေ​ပြီ​တ​ကား။ ထို​သူ​ကို အ​မ္မုန်​အ​မျိုး​သား​ဓား​နှင့် သတ်​လေ​ပြီ​တ​ကား။

၂ ဓမ္မရာဇဝင် 12:8-9 Common Language Bible (BCL)

သင့်​အား​ရှော​လု​၏​နိုင်​ငံ​နှင့်​မိ​ဖု​ရား​တို့ ကို​ပေး​အပ်​ခဲ့​၏။ ဣ​သ​ရေ​လ​ပြည်​နှင့်​ယု​ဒ ပြည်​တို့​ကို​အ​စိုး​ရ​သော​ဘု​ရင်​ဖြစ်​စေ​ခဲ့​၏။ အ​ကယ်​၍​ဤ​မျှ​နှင့်​မ​လုံ​လောက်​သေး​ပါ မူ​ငါ​သည်​သင့်​အား​နှစ်​ဆ​တိုး​၍​ပေး​ဦး မည်​ဖြစ်​သည်။- သင်​သည်​အ​ဘယ်​ကြောင့်​ငါ​၏​အ​မိန့်​တော် ကို​မ​နာ​ခံ​သ​နည်း။ အ​ဘယ်​ကြောင့်​ဤ​ဆိုး ညစ်​မှု​ကို​ပြု​ဘိ​သ​နည်း။ သင်​သည်​ဥ​ရိ​ယ အား​စစ်​ပွဲ​တွင်​ကျ​ဆုံး​စေ​ခဲ့​၏။ အမ္မုန်​ပြည် သား​တို့​အား​သူ့​ကို​သတ်​ခွင့်​ပေး​ပြီး​လျှင် သူ ၏​ဇ​နီး​ကို​သိမ်း​ပိုက်​ခဲ့​ပါ​သည်​တ​ကား။

၂ ဓမ္မရာဇဝင် 12:8-9 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင့်​သခင်​၏​နန်းတော်​၊ သင့်​သခင်​၏​မိဖုရား​တို့​ကို သင့်​ရင်ခွင်​၌ ပေးအပ်​ခဲ့​ပြီ​။ အစ္စရေး​အမျိုးအနွယ်​နှင့် ယုဒ​အမျိုးအနွယ်​တို့​ကို​လည်း သင့်​ကို ပေးအပ်​ထား​ပြီ​။ ထိုသို့​ပေးအပ်​သည်​ကို​ပင် နည်း​သေး​သည်​ဟု သင်​ထင်​လျှင် ဤမျှ​၊ ထိုမျှမက သင့်​ကို ထပ်၍​ပေး​နိုင်​သေး​၏​။ ယခုမှာ သင်​သည် အဘယ်ကြောင့် ထာဝရဘုရား​၏​စကား​တော်​ကို မထီမဲ့မြင်ပြု​ပြီး မျက်မှောက်​တော်​၌ မကောင်းမှု​ကို ပြု​ရ​သနည်း​။ သင်​သည် ဟိတ္တိ​လူမျိုး ဥရိယ​ကို ဓား​နှင့်​သတ်​ပြီး သူ့​မယား​ကို သင့်​မိဖုရား​အဖြစ် သိမ်းယူ​ပြီ​။ သင်​သည် သူ့​ကို အမ္မုန်​အမျိုးသား​တို့​၏​ဓား​ဖြင့် သတ်​လေ​ပြီ​တကား​။