၂ ဓမ္မရာဇဝင် 11:14-15
၂ ဓမ္မရာဇဝင် 11:14-15 Judson Bible (JBMLE)
နံနက်မှာ ဒါဝိဒ်သည် မှာစာကိုရေး၍ ဥရိယလက်တွင် ယွာဘသို့ ပေးလိုက်၏။ မှာစာချက်ဟူမူကား၊ ကျပ်တည်းစွာ စစ်တိုက်ရာတပ်ဦး၌ ဥရိယကိုခန့်ထားပြီးမှ၊ သူသည် ရန်သူလက်သို့ရောက်၍ သေစေခြင်းငှာ တပ်များကိုရုပ်သိမ်းလော့ဟု ပါသတည်း။
၂ ဓမ္မရာဇဝင် 11:14-15 Common Language Bible (BCL)
နောက်တစ်နေ့၌ဒါဝိဒ်သည်ယွာဘထံသို့ စာတစ်စောင်ရေး၍ဥရိယနှင့်ပေးလိုက်၏။- စာတွင်``တိုက်ပွဲအပြင်းထန်ဆုံးရှေ့တန်းစစ် မျက်နှာသို့ဥရိယအားစေလွှတ်လော့။ ထို နောက်သူအသတ်ခံရစေရန်သင်သည်နောက် သို့ဆုတ်ခွာလာခဲ့လော့'' ဟုပါရှိ၏။
၂ ဓမ္မရာဇဝင် 11:14-15 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
နံနက်ရောက်လျှင် ဒါဝိဒ်မင်းကြီးသည် ယွာဘထံသို့ စာတစ်စောင်ရေးပြီး ဥရိယနှင့် ပို့လိုက်၏။ ထိုစာ၌ “တိုက်ပွဲပြင်းထန်သောနေရာတွင် ဥရိယကို ရှေ့တန်းတက်စေပြီး သင်တို့က နောက်ပြန်ဆုတ်ပါ။ သူအတိုက်ခိုက်ခံရပြီး သေပါစေ”ဟု ရေးထား၏။