YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 25:22-24

၄ ဓမ္မရာဇဝင် 25:22-24 Judson Bible (JBMLE)

ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ၏​အ​ခွင့်​နှင့် ယု​ဒ​ပြည်၌ ကျန်​ကြွင်း​သေး​သော​လူ​တို့​ကို အုပ်​ရ​သော​မင်း​အ​ရာ၌၊ ရှာ​ဖန်၏​သား​ဖြစ်​သော အ​ဟိ​ကံ၏​သား​ဂေ​ဒ​လိ​ကို ခန့်​ထား​တော်​မူ၏။ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ဂေ​ဒ​လိ​ကို ပြည်​အုပ်​အ​ရာ၌ ခန့်​ထား​ကြောင်း​ကို တပ်​မှူး​တို့​နှင့် စစ်​သူ​ရဲ​များ​တို့​သည် ကြား​သိ​သော​အ​ခါ၊ နာ​သ​နိ​သား ဣ​ရှ​မေ​လ၊ ကာ​ရာ​သား ယော​ဟ​နန်၊ နေ​တော​ဖတ်​အ​မျိုး၊ တာ​နု​မက်​သား စ​ရာ​ယ၊ မာ​ခ​လိ​အ​မျိုး​သား ယေ​ဇ​နိ​တို့​သည် မိ​မိ​လူ​များ​နှင့်​တ​ကွ၊ ဂေ​ဒ​လိ​ရှိ​ရာ​မိ​ဇ​ပါ​မြို့​သို့ လာ၍၊ ဂေ​ဒ​လိ​က၊ ခါ​လ​ဒဲ​မင်း​အ​မှု​ကို ဆောင်​ရွက်​ရ​မည်​အ​ခွင့်​ကို မ​စိုး​ရိမ်​ကြ​နှင့်။ ဤ​ပြည်၌ နေ​ကြ​လော့။ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏​အ​မှု​ကို ဆောင်​ရွက်​ကြ​လော့။ သို့​ပြု​လျှင် ချမ်း​သာ​ရ​ကြ​လိမ့်​မည်​ဟူ၍ ထို​သူ​တို့​အား ကျိန်​ဆို​လေ၏။

၄ ဓမ္မရာဇဝင် 25:22-24 Common Language Bible (BCL)

ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည်​ရှာ​ဖန် ၏​မြေး၊ အ​ဟိ​ကံ​၏​သား၊ ဂေ​ဒ​လိ​အား​ယု​ဒ ဘု​ရင်​ခံ​အ​ဖြစ်​ခန့်​ထား​ပြီး​လျှင် ဗာ​ဗု​လုန် ပြည်​သို့​ဖမ်း​သွား​ခြင်း​မ​ခံ​ရ​ကြ​သူ​တို့ အား​အုပ်​ချုပ်​စေ​၏။- ဤ​အ​ကြောင်း​ကို​ကြား​သိ​ကြ​သော​အ​ခါ အ​ညံ့​မ​ခံ​အ​ရှုံး​မ​ပေး​ခဲ့​ကြ​သူ​ယု​ဒ​တပ်​မှူး များ​နှင့်​စစ်​သူ​ရဲ​တို့​သည် မိ​ဇ​ပါ​မြို့​ရှိ​ဂေ​ဒ​လိ ထံ​ဝင်​ရောက်​လာ​ကြ​၏။ ထို​တပ်​မှူး​များ​မှာ နာ​သနိ​၏​သား​ဣ​ရှ​မေ​လ၊ ကာ​ရာ​၏​သား ယော​ဟ​နန်၊ နေ​တော​ဖတ်​မြို့​သား​တာ​နု​မက် ၏​သား​စ​ရာ​ယ​နှင့်​မာ​ခ​သိ​မြို့​သား​ယေ ဇ​နိ​တို့​ဖြစ်​ကြ​၏။- ဂေ​ဒ​လိ​က​သူ​တို့​အား``သင်​တို့​သည်​ဗာ​ဗု​လုန် အ​ရာ​ရှိ​တို့​အား ကြောက်​ရွံ့​စ​ရာ​မ​လို​ကြောင်း ငါ​က​တိ​ပြု​၏။ ဤ​ပြည်​တွင်​နေ​ထိုင်​၍​ဗာ​ဗု​လုန် ဘု​ရင်​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​ကြ​ပါ​လျှင် သင်​တို့​ချမ်း​သာ​ရ​လိမ့်​မည်'' ဟု​ပြော​၏။

၄ ဓမ္မရာဇဝင် 25:22-24 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​ချန်ထား​ခဲ့​သည့် ယုဒ​ပြည်​၌​ကျန်​ခဲ့​သော လူ​တို့​ကို အုပ်ချုပ်​ရန် ရှာဖန်​၏​မြေး​၊ အဟိကံ​၏​သား​ဂေဒလိ​ကို ခန့်ထား​၏​။ ဘေဘီလုံ​ဘုရင်​က ဂေဒလိ​ကို​ခန့်ထား​ကြောင်း တပ်အကြီးအကဲ​အပေါင်း​တို့​နှင့်​သူ​၏​လူ​များ ကြားသိ​သောအခါ နေသနိ​၏​သား​ဣရှမေလ​၊ ကာရာ​၏​သား​ယောဟနန်​၊ နေတောဖာသိ​လူမျိုး တာနုမက်​၏​သား​စရာယ​၊ မာခါသိ​အမျိုးသား​ယာဇညာ​တို့​သည် သူ​တို့​၏​လူ​များ​နှင့်တကွ ဂေဒလိ​ရှိ​ရာ မိဇပါ​မြို့​သို့​ရောက်လာ​ကြ​၏​။ ဂေဒလိ​က​လည်း သူ​တို့​နှင့်​သူ​တို့​၏​လူ​များ​အား “​ခါလဒဲ​လူမျိုး​တို့​ကို အစေခံ​ရ​မည်​ကို မ​ကြောက်​ကြ​နှင့်​။ ဤ​ပြည်​၌ နေထိုင်​ကြ​လော့​။ ဘေဘီလုံ​ဘုရင်​ကို အစေခံ​ကြ​လော့​။ သို့ပြုလျှင် သင်​တို့​ကောင်းစား​ရ​လိမ့်မည်​”​ဟု ကျိန်ဆို​လေ​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။