YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 4:3-6

၂ ကောရိန္သု 4:3-6 Judson Bible (JBMLE)

ငါ​တို့​ဟော​ပြော​သော ဧ​ဝံ​ဂေ​လိ​တ​ရား​သည် ဖုံး​အုပ်​လျက်​ရှိ​လျှင်၊ ဆုံး​ရှုံး​ခြင်း​သို့​ရောက်​သော သူ​တို့​အား​သာ ဖုံး​အုပ်​လျက်​ရှိ၏။- ထို​သို့ မ​ယုံ​ကြည်​သော​သူ​တို့​ကား၊ ဘု​ရား​သ​ခင်၏ ပုံ​သ​ဏ္ဌာန်​တော် တည်း​ဟူ​သော ခ​ရစ်​တော်၏ ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သော ဧ​ဝံ​ဂေ​လိ​တ​ရား၏ အ​ရောင်​သည် အ​လင်း​ကို​မ​ပေး​စေ​ခြင်း​ငှာ၊ ဤ​လော​က​ကို အ​စိုး​ရ​သော​ဘု​ရား​သည် သူ​တို့၏ ဉာဏ်​မျက်​စိ​ကို ကွယ်​စေ၏။- ငါ​တို့​သည် ကိုယ်​အ​ကြောင်း​ကို ဟော​ပြော​ကြ​သည်​မ​ဟုတ်။ ယေ​ရှု​ခ​ရစ်​သည် သ​ခင်​ဖြစ်​တော်​မူ​ကြောင်း ကို​လည်း​ကောင်း၊ ငါ​တို့​သည် ယေ​ရှု​အ​တွက် သင်​တို့၏​ကျွန် ဖြစ်​ကြောင်း​ကို​လည်း​ကောင်း ဟော​ပြော​ကြ၏။- မှောင်​မိုက်​ထဲ​က အ​လင်း​ထွန်း​လင်း​မည်​အ​ကြောင်း မိန့်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည်၊ ယေ​ရှု​ခ​ရစ်၏ မျက်​နှာ၌​ထွန်း​လင်း​သော ဘု​ရား​သ​ခင်၏​ဘုန်း​တော်​ကို​သိ​သော ဉာဏ်၏​အ​ရောင်​ကို ပေး​လို​သော​ငှာ၊ ငါ​တို့​စိတ်​နှ​လုံး​ထဲ၌ အ​လင်း​ကို ထွန်း​လင်း​စေ​တော်​မူ၏။

၂ ကောရိန္သု 4:3-6 Common Language Bible (BCL)

အ​ကယ်​၍​ငါ​တို့​ဟော​ပြော​ကြေ​ညာ​သည့် သ​တင်း​ကောင်း​သည်​ဖုံး​အုပ်​လျက်​ရှိ​လျှင် အ​သက်​ဝိ​ညာဉ်​ဆုံး​ရှုံး​လျက်​နေ​သူ​များ အ​တွက်​သာ​လျှင်​ဖုံး​အုပ်​လျက်​ရှိ​သည်။- ဤ​လော​က​ကို​အ​စိုး​ရ​သော​ဘု​ရား​သည် ထို​သူ​တို့​၏​စိတ်​ကို​အ​မှောင်​ဖြင့်​ဖုံး​အုပ်​စေ သ​ဖြင့် သူ​တို့​သည်​သ​တင်း​ကောင်း​ကို​မ​ယုံ ကြ။ ထို​ဘု​ရား​ကြောင့်​ဘု​ရား​သ​ခင်​၏​ပုံ သဏ္ဌာန်​တည်း​ဟူ​သော​ခ​ရစ်​တော်​၏​ဘုန်း အ​သ​ရေ​တော်​အ​ကြောင်း သ​တင်း​ကောင်း မှ​ထွက်​ပေါ်​လာ​၍​သူ​တို့​အ​ပေါ်​သို့​ကျ ရောက်​သည့်​အ​လင်း​ရောင်​ကို​သူ​တို့​မ​မြင် ကြ။- ငါ​တို့​သည်​မိ​မိ​တို့​၏​အ​ကြောင်း​ကို​ဟော ပြော​ကြ​သည်​မ​ဟုတ်။ ယေ​ရှု​ခ​ရစ်​သည်​အ​ရှင် သ​ခင်​ဖြစ်​တော်​မူ​ကြောင်း၊ ငါ​တို့​သည်​သ​ခင် ယေ​ရှု​၏​အ​တွက်​သင်​တို့​၏​အ​စေ​ခံ​များ ဖြစ်​ကြ​ကြောင်း​ကို​ဟော​ပြော​ကြ​၏။- ခ​ရစ်​တော်​၏​မျက်​နှာ​တော်​တွင်​ထွန်း​တောက် လျက်​ရှိ​သော ဘုန်း​အ​သ​ရေ​တော်​အ​ကြောင်း ကို​သိ​နား​လည်​နိုင်​စေ​ရန် ငါ​တို့​၏​စိတ်​နှ​လုံး ထဲ​၌​အ​လင်း​ကို​ထွန်း​လင်း​စေ​တော်​မူ​သော ဘု​ရား​သ​ခင်​ကား `အ​မှောင်​ထဲ​မှ​အ​လင်း ပေါ်​ထွန်း​လိမ့်​မည်' ဟု​မိန့်​ကြား​တော်​မူ​ခဲ့ သော​ဘု​ရား​သ​ခင်​ပင်​ဖြစ်​သ​တည်း။

၂ ကောရိန္သု 4:3-6 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​တို့​ဟောပြော​သည့် ကောင်းမြတ်​သော​သတင်း​သည် ဖုံးအုပ်​ခြင်း​ခံရ​သည်​ဆိုလျှင် ပျက်စီး​ခြင်း​သို့​ရောက်​သော​သူ​တို့​၌​သာ ဖုံးအုပ်​ခြင်း​ခံရ​၏။ ထို​သူ​တို့​နှင့်​ပတ်သက်၍​ပြော​ရ​လျှင် ဘုရားသခင်​၏​ပုံသဏ္ဌာန်​တော်​ဖြစ်​သော ခရစ်တော်​၏​ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သည့် ကောင်းမြတ်​သော​သတင်း​၏​အလင်းရောင်​ကို​မ​မြင်​စေရန် ဤ​လောက​၏​ဘုရား​သည် မ​ယုံကြည်​သော​သူ​တို့​၏​စိတ်နှလုံး​ကို ကွယ်​စေ​၏။ အကြောင်းမူကား ငါ​တို့​သည် မိမိ​တို့​အကြောင်း​ကို ဟောပြော​ကြ​သည်​မ​ဟုတ်​ဘဲ ယေရှု​ခရစ်တော်​သည် အရှင်​သခင်​ဖြစ်​ကြောင်း​ကို ဟောပြော​ကြ​၏။ ငါ​တို့​ကိုယ်တိုင်​မူကား ယေရှု​အတွက် သင်​တို့​၏​အစေအပါး​များ​ဖြစ်​ကြ​၏။ “အမှောင်​ထဲမှ အလင်း​ထွန်းလင်း​စေ”​ဟု မိန့်​တော်မူ​သော​ဘုရားသခင်​သည် ယေရှု​ခရစ်တော်​၏​မျက်နှာ​တော်​၌​ထွန်းလင်း​သည့် ဘုရားသခင်​၏​ဘုန်း​တော်​ကို​သိ​သော​ဉာဏ်​အလင်းရောင်​အား ငါ​တို့​စိတ်နှလုံး​ထဲ၌ ထွန်းလင်း​စေ​တော်မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။