YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 4:1-6

၂ ကောရိန္သု 4:1-6 Judson Bible (JBMLE)

ထို​ကြောင့်​ငါ​တို့​သည် ထို​သို့​သော​တ​ရား၏​အ​မှု​ကို ဆောင်​ရွက်​သော​သူ​ဖြစ်၍၊ က​ရု​ဏာ​ကျေး​ဇူး​တော်​ကို ခံ​ရ​သည်​နှင့်​အ​ညီ၊ အား​လျော့​စိတ်​ပျက်​ခြင်း​နှင့် ကင်း​လွတ်​ကြ၏။- ဆိတ်​ကွယ်​ရာ​အ​ရပ်၌​ပြု​သော ရှက်​ဖွယ်​သော အ​မှု​များ​ကို​ပယ်​ကြ၏။ ပ​ရိ​ယာယ်​ကို​မ​သုံး၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ထိမ်​ဝှက်​မှောက်​လှန်​ခြင်း မ​ရှိ။ သ​မ္မာ​တ​ရား​ကို အ​တည့်​အ​လင်း ဖော်​ပြ၍၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ လူ​အ​ပေါင်း​တို့၏ စိတ်​အ​ထင်​အ​တိုင်း ချီး​မွမ်း​ဖွယ်​သော အ​ကျင့်​ဓ​လေ့​ကို ကျင့်​ကြ၏။- ငါ​တို့​ဟော​ပြော​သော ဧ​ဝံ​ဂေ​လိ​တ​ရား​သည် ဖုံး​အုပ်​လျက်​ရှိ​လျှင်၊ ဆုံး​ရှုံး​ခြင်း​သို့​ရောက်​သော သူ​တို့​အား​သာ ဖုံး​အုပ်​လျက်​ရှိ၏။- ထို​သို့ မ​ယုံ​ကြည်​သော​သူ​တို့​ကား၊ ဘု​ရား​သ​ခင်၏ ပုံ​သ​ဏ္ဌာန်​တော် တည်း​ဟူ​သော ခ​ရစ်​တော်၏ ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သော ဧ​ဝံ​ဂေ​လိ​တ​ရား၏ အ​ရောင်​သည် အ​လင်း​ကို​မ​ပေး​စေ​ခြင်း​ငှာ၊ ဤ​လော​က​ကို အ​စိုး​ရ​သော​ဘု​ရား​သည် သူ​တို့၏ ဉာဏ်​မျက်​စိ​ကို ကွယ်​စေ၏။- ငါ​တို့​သည် ကိုယ်​အ​ကြောင်း​ကို ဟော​ပြော​ကြ​သည်​မ​ဟုတ်။ ယေ​ရှု​ခ​ရစ်​သည် သ​ခင်​ဖြစ်​တော်​မူ​ကြောင်း ကို​လည်း​ကောင်း၊ ငါ​တို့​သည် ယေ​ရှု​အ​တွက် သင်​တို့၏​ကျွန် ဖြစ်​ကြောင်း​ကို​လည်း​ကောင်း ဟော​ပြော​ကြ၏။- မှောင်​မိုက်​ထဲ​က အ​လင်း​ထွန်း​လင်း​မည်​အ​ကြောင်း မိန့်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည်၊ ယေ​ရှု​ခ​ရစ်၏ မျက်​နှာ၌​ထွန်း​လင်း​သော ဘု​ရား​သ​ခင်၏​ဘုန်း​တော်​ကို​သိ​သော ဉာဏ်၏​အ​ရောင်​ကို ပေး​လို​သော​ငှာ၊ ငါ​တို့​စိတ်​နှ​လုံး​ထဲ၌ အ​လင်း​ကို ထွန်း​လင်း​စေ​တော်​မူ၏။

၂ ကောရိန္သု 4:1-6 Common Language Bible (BCL)

ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​က​ရု​ဏာ​တော် နှင့်​အ​ညီ ငါ​တို့​အား​ဤ​အ​မှု​တော်​ဆောင် လုပ်​ငန်း​ကို​ပေး​အပ်​တော်​မူ​သည်​ဖြစ်​ရာ ငါ တို့​တွင်​စိတ်​ပျက်​အား​လျော့​ခြင်း​မ​ရှိ။- ငါ​တို့​သည်​ရှက်​ဖွယ်​ရာ​လျှို့​ဝှက်​မှု​အ​ပေါင်း တို့​ကို​စွန့်​ပယ်​ကြ​၏။ ငါ​တို့​သည်​ကောက်​ကျစ် စဉ်း​လဲ​မှု​ကို​မ​ပြု။ ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ် တ​ရား​တော်​ကို​မှောက်​လှန်​၍​မ​ဟော​မ​ပြော။ ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​မျက်​မှောက်​တော် ၌​သမ္မာ​တ​ရား​တော်​၏​အ​လင်း​တွင် သက်​ရှင် လှုပ်​ရှား​၍​လူ​အ​ပေါင်း​တို့​သြတ္တ​ပ္ပ​စိတ် ကြည်​လင်​အောင်​ပြု​မူ​ဆောင်​ရွက်​ကြ​၏။- အ​ကယ်​၍​ငါ​တို့​ဟော​ပြော​ကြေ​ညာ​သည့် သ​တင်း​ကောင်း​သည်​ဖုံး​အုပ်​လျက်​ရှိ​လျှင် အ​သက်​ဝိ​ညာဉ်​ဆုံး​ရှုံး​လျက်​နေ​သူ​များ အ​တွက်​သာ​လျှင်​ဖုံး​အုပ်​လျက်​ရှိ​သည်။- ဤ​လော​က​ကို​အ​စိုး​ရ​သော​ဘု​ရား​သည် ထို​သူ​တို့​၏​စိတ်​ကို​အ​မှောင်​ဖြင့်​ဖုံး​အုပ်​စေ သ​ဖြင့် သူ​တို့​သည်​သ​တင်း​ကောင်း​ကို​မ​ယုံ ကြ။ ထို​ဘု​ရား​ကြောင့်​ဘု​ရား​သ​ခင်​၏​ပုံ သဏ္ဌာန်​တည်း​ဟူ​သော​ခ​ရစ်​တော်​၏​ဘုန်း အ​သ​ရေ​တော်​အ​ကြောင်း သ​တင်း​ကောင်း မှ​ထွက်​ပေါ်​လာ​၍​သူ​တို့​အ​ပေါ်​သို့​ကျ ရောက်​သည့်​အ​လင်း​ရောင်​ကို​သူ​တို့​မ​မြင် ကြ။- ငါ​တို့​သည်​မိ​မိ​တို့​၏​အ​ကြောင်း​ကို​ဟော ပြော​ကြ​သည်​မ​ဟုတ်။ ယေ​ရှု​ခ​ရစ်​သည်​အ​ရှင် သ​ခင်​ဖြစ်​တော်​မူ​ကြောင်း၊ ငါ​တို့​သည်​သ​ခင် ယေ​ရှု​၏​အ​တွက်​သင်​တို့​၏​အ​စေ​ခံ​များ ဖြစ်​ကြ​ကြောင်း​ကို​ဟော​ပြော​ကြ​၏။- ခ​ရစ်​တော်​၏​မျက်​နှာ​တော်​တွင်​ထွန်း​တောက် လျက်​ရှိ​သော ဘုန်း​အ​သ​ရေ​တော်​အ​ကြောင်း ကို​သိ​နား​လည်​နိုင်​စေ​ရန် ငါ​တို့​၏​စိတ်​နှ​လုံး ထဲ​၌​အ​လင်း​ကို​ထွန်း​လင်း​စေ​တော်​မူ​သော ဘု​ရား​သ​ခင်​ကား `အ​မှောင်​ထဲ​မှ​အ​လင်း ပေါ်​ထွန်း​လိမ့်​မည်' ဟု​မိန့်​ကြား​တော်​မူ​ခဲ့ သော​ဘု​ရား​သ​ခင်​ပင်​ဖြစ်​သ​တည်း။

၂ ကောရိန္သု 4:1-6 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့ကြောင့် ငါ​တို့​သည် ကရုဏာ​တော်​ကို​ခံစား​ရ​လျက် ဤ​အမှု​တော်​ကို​ဆောင်ရွက်​ရ​သည်​ဖြစ်၍ စိတ်ပျက်​အားလျော့​ခြင်း​မ​ရှိ​ကြ​ချေ။ ငါ​တို့​သည် ကွယ်ဝှက်​ထား​သည့် ရှက်ဖွယ်ရာ​များ​ကို​စွန့်ပယ်​၍ ပရိယာယ်​၌​ကျင်လည်​ခြင်း၊ ဘုရားသခင်​၏​နှုတ်ကပတ်တော်​ကို မလိမ့်တပတ်​လုပ်​ခြင်း​တို့​မ​ရှိ​ဘဲ သမ္မာတရား​ကို အတိအလင်း​ဖော်ပြ​ခြင်း​အားဖြင့် ဘုရားသခင်​၏​ရှေ့​တော်​၌ လူ​အပေါင်း​တို့​၏​အသိစိတ်​တွင် မိမိတို့ကိုယ်ကို​ထင်ရှား​စေ​ကြ​၏။ ငါ​တို့​ဟောပြော​သည့် ကောင်းမြတ်​သော​သတင်း​သည် ဖုံးအုပ်​ခြင်း​ခံရ​သည်​ဆိုလျှင် ပျက်စီး​ခြင်း​သို့​ရောက်​သော​သူ​တို့​၌​သာ ဖုံးအုပ်​ခြင်း​ခံရ​၏။ ထို​သူ​တို့​နှင့်​ပတ်သက်၍​ပြော​ရ​လျှင် ဘုရားသခင်​၏​ပုံသဏ္ဌာန်​တော်​ဖြစ်​သော ခရစ်တော်​၏​ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သည့် ကောင်းမြတ်​သော​သတင်း​၏​အလင်းရောင်​ကို​မ​မြင်​စေရန် ဤ​လောက​၏​ဘုရား​သည် မ​ယုံကြည်​သော​သူ​တို့​၏​စိတ်နှလုံး​ကို ကွယ်​စေ​၏။ အကြောင်းမူကား ငါ​တို့​သည် မိမိ​တို့​အကြောင်း​ကို ဟောပြော​ကြ​သည်​မ​ဟုတ်​ဘဲ ယေရှု​ခရစ်တော်​သည် အရှင်​သခင်​ဖြစ်​ကြောင်း​ကို ဟောပြော​ကြ​၏။ ငါ​တို့​ကိုယ်တိုင်​မူကား ယေရှု​အတွက် သင်​တို့​၏​အစေအပါး​များ​ဖြစ်​ကြ​၏။ “အမှောင်​ထဲမှ အလင်း​ထွန်းလင်း​စေ”​ဟု မိန့်​တော်မူ​သော​ဘုရားသခင်​သည် ယေရှု​ခရစ်တော်​၏​မျက်နှာ​တော်​၌​ထွန်းလင်း​သည့် ဘုရားသခင်​၏​ဘုန်း​တော်​ကို​သိ​သော​ဉာဏ်​အလင်းရောင်​အား ငါ​တို့​စိတ်နှလုံး​ထဲ၌ ထွန်းလင်း​စေ​တော်မူ​၏။