YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 20:31-34

၂ ရာဇဝင်ချုပ် 20:31-34 Judson Bible (JBMLE)

ယော​ရှ​ဖတ်​သည် အ​သက်​သုံး​ဆယ်​ငါး​နှစ်​ရှိ​သော်​နန်း​ထိုင်၍ နှစ်​ဆယ်​ငါး​နှစ်​ပတ်​လုံး ယေ​ရု​ရှ​လင်​မြို့​မှာ နေ​လျက်၊ ယု​ဒ​ပြည်​ကို စိုး​စံ​လေ၏။ မယ်​တော်​ကား ရှိ​လ​ဟိ​သ​မီး အ​ဇု​ဘ​အ​မည်​ရှိ၏။ ထို​မင်း​သည် ခ​မည်း​တော်​အာ​သ​လိုက်​သော လမ်း​ကို​မ​လွှဲ၊ အ​ကုန်​အ​စင်​လိုက်၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဖြောင့်​မတ်​သော​အ​ကျင့်​ကို​သာ ကျင့်၏။ သို့​ရာ​တွင်၊ မြင့်​သော​အ​ရပ်​တို့​ကို မ​ပယ်​ရှား။ လူ​များ​တို့​သည် ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင်​ကို ဆည်း​ကပ်​ခြင်း​ငှာ၊ သ​ဘော​မ​ချ​ဘဲ နေ​ကြ​သေး၏။ ယော​ရှ​ဖတ်​ပြု​မူ​သော အ​မှု​အ​ရာ ကြွင်း​လေ​သ​မျှ အ​စ​အ​ဆုံး​တို့​သည်၊ ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​နှင့် ဆက်၍၊ ဟာ​နန်​သား​ယေ​ဟု စီ​ရင်​သော​စာ၌ ရေး​ထား​လျက်​ရှိ၏။

၂ ရာဇဝင်ချုပ် 20:31-34 Common Language Bible (BCL)

ယော​ရှ​ဖတ်​သည်​သက်​တော်​သုံး​ဆယ့်​ငါး​နှစ်​ရှိ သော​အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက် ၍​ယေ​ရု​ရှ​လင်​မြို့​တွင်​နှစ်​ဆယ့်​ငါး​နှစ်​နန်း​စံ လေ​သည်။ သူ​၏​မယ်​တော်​မှာ​ရှိ​လ​ဟိ​၏​သ​မီး အ​ဇု​ဘ​ဖြစ်​၏။- သူ​သည်​မိ​မိ​ခ​မည်း​တော်​အာ​သ​ကဲ့​သို့​ပင် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​မှောက်​တွင်​ဖြောင့် မှန်​သည့်​အ​မှု​ကို​သာ​ပြု​ကျင့်​၏။- သို့​ရာ​တွင်​ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို မ​ဖြို​ဖျက်။ ပြည်​သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး များ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​အား စိတ် ပါ​လက်​ပါ​ကိုး​ကွယ်​ဝတ်​ပြု​မှု​ကို​မ​ပြု​ကြ သေး​ပေ။ ယော​ရှ​ဖတ်​၏​နန်း​သက်​အ​စ​မှ​အ​ဆုံး​တိုင် အောင်​သူ​ဆောင်​ရွက်​ခဲ့​သည့်​အ​မှု​အ​ရာ အ​လုံး​စုံ​ကို ဣသ​ရေ​လ​ရာ​ဇ​ဝင်​၏​တစ်​စိတ် တစ်​ဒေ​သ​ဖြစ်​သော​ဟာ​နန်​၏​သား​ယေ​ဟု အတ္ထု​ပ္ပတ္တိ​တွင်​ရေး​ထား​သ​တည်း။

၂ ရာဇဝင်ချုပ် 20:31-34 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဤသို့ဖြင့် ယောရှဖတ်​မင်းကြီး​သည် ယုဒ​ပြည်​ကို စိုးစံ​လျက်​နေ​၏​။ သူ​နန်းတက်​စဉ်က သက်တော်​သုံးဆယ့်​ငါး​နှစ် ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် နှစ်ဆယ့်​ငါး​နှစ်​စိုးစံ​၏​။ မယ်တော်​ကား ရှိလဟိ​၏​သမီး အဇုဘ​အမည်​ရှိ​၏​။ ယောရှဖတ်​မင်းကြီး​သည် ခမည်းတော်​အာသ​မင်းကြီး​လျှောက်​သော​လမ်း​အတိုင်း လိုက်လျှောက်​၏​။ ထို​လမ်း​မှ လွဲ​မ​သွား​ဘဲ ထာဝရဘုရား​ရှေ့​တော်​၌ ဖြောင့်မှန်​စွာ​ပြုကျင့်​၏​။ သို့သော် အထွတ်အမြတ်​ထား​ရာ​နေရာ​များ​ကို မ​ဖယ်ရှား​ခဲ့​။ လူ​တို့​သည်​လည်း မိမိ​တို့​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထံ စိတ်နှလုံး​ကို မ​အပ်နှံ​ဘဲ​နေ​ကြ​သေး​၏​။ ကျန်ရှိ​နေ​သော​ယောရှဖတ်​မင်းကြီး​လက်ထက် အဖြစ်အပျက်​အစ​အဆုံး​ကို အစ္စရေး​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင်​ပါဝင်​သော ဟာနနိ​၏​သား​ယေဟု​၏​မှတ်တမ်း​ထဲ​တွင် ရေးမှတ်​ထား​လျက်​ရှိ​၏​။