YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 20:17-18

၂ ရာဇဝင်ချုပ် 20:17-18 Judson Bible (JBMLE)

သို့​ရာ​တွင်၊ အို​ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ သင်​တို့​သည် စစ်​တိုက်​စ​ရာ​အ​ကြောင်း မ​ရှိ​သည်​ဖြစ်၍၊ တည်​ကြည်​စွာ မတ်​တတ်​နေ​လျက်၊ ထာ​ဝ​ရ​ဘု​ရား ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ကြည့်​ရှု​ကြ​လော့။ မ​ကြောက်​ကြ​နှင့်။ စိတ်​မ​ပျက်​ကြ​နှင့်။ နက်​ဖြန်​နေ့ ချီ​သွား​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင်​အ​တူ ရှိ​တော်​မူ​လိမ့်​မည်​ဟု မြွက်​ဆို၏။ ယော​ရှ​ဖတ်​သည် မြေ​ပေါ်​မှာ​ဦး​ချ၍ ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ပျပ်​ဝပ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ကြ၏။

၂ ရာဇဝင်ချုပ် 20:17-18 Common Language Bible (BCL)

သင်​တို့​သည်​ဤ​တိုက်​ပွဲ​ကို​ဆင်​နွဲ​ရ​ကြ​မည် မ​ဟုတ်။ နေ​ရာ​သာ​ယူ​၍​စောင့်​နေ​ကြ​လော့။ ထာ​ဝရ​ဘု​ရား​သည်​သင်​တို့​အား​အောင်​ပွဲ ခံ​စေ​တော်​မူ​သည်​ကို​တွေ့​ရ​ကြ​လိမ့်​မည်။ ယု​ဒ​ပြည်​သူ​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့ သား​တို့၊ မ​တွန့်​မ​ဆုတ်​ကြ​နှင့်။ မ​ကြောက် မ​လန့်​ဘဲ​တိုက်​ပွဲ​သို့​ဝင်​ကြ​လော့။ ထာ​ဝရ ဘု​ရား​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ လိမ့်​မည်'' ဟု​ဗျာ​ဒိတ်​တော်​ဆင့်​ဆို​၏။ ထို​အ​ခါ​ယော​ရှ​ဖတ်​မင်း​သည်​မြေ​သို့​တိုင် အောင်​ဦး​ညွှတ်​ပျပ်​ဝပ်​လျက်​နေ​၏။ ပြည်​သူ အ​ပေါင်း​တို့​သည်​လည်း​မင်း​ကြီး​နှင့်​အ​တူ ပျပ်​ဝပ်​ကာ​ထာ​ဝ​ရ​ဘု​ရား​အား​ရှိ​ခိုး​ကြ​၏။

၂ ရာဇဝင်ချုပ် 20:17-18 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဤ​တိုက်ပွဲ​ကို သင်​တို့​တိုက်စရာ​မ​လို​။ ခိုင်မာ​စွာ​ရပ်တည်​၍ ထာဝရဘုရား သင်​တို့​ကို​မည်သို့ ကယ်တင်​မည်​ကို စောင့်ကြည့်​ကြ​လော့​။ အို ယုဒ​ပြည်သူ ဂျေရုဆလင်​မြို့သား​တို့​၊ မ​ကြောက်​နှင့်​။ စိတ်​မ​ပျက်​နှင့်’​ဟု မိန့်​တော်မူ​၏​။ မနက်ဖြန်​နေ့​တွင် သူ​တို့​နှင့် ရင်ဆိုင်​တိုက်ခိုက်​ဖို့ စစ်ချီထွက်​လော့​။ ထာဝရဘုရား​သည် သင်​တို့​နှင့်အတူ ရှိ​တော်မူ​၏​”​ဟု မိန့်ဆို​၏​။ ထိုအခါ ယောရှဖတ်​မင်းကြီး​သည် မြေ​ပေါ်​ပျပ်ဝပ်​တော်မူ​လျှင် ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​အပေါင်း​တို့​သည်​လည်း ထာဝရဘုရား​ရှေ့​တော်​တွင် ပျပ်ဝပ်​လျက် ထာဝရဘုရား​ကို ရှိခိုးကိုးကွယ်​ကြ​၏​။