YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 19:1-3

၂ ရာဇဝင်ချုပ် 19:1-3 Judson Bible (JBMLE)

ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​ဖတ်​သည် ယေ​ရု​ရှ​လင်​မြို့ နန်း​တော်​သို့ ငြိမ်​ဝပ်​စွာ​ပြန်​လာ၏။ ဟာ​နန်​သား ပ​ရော​ဖက်​ယေ​ဟု​သည်၊ ယော​ရှ​ဖတ်​မင်း​ကြီး​ကို ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ထွက်​သွား၍၊ မင်း​ကြီး​သည် မ​တ​ရား​သော​သူ​တို့​ကို မ​စ​သင့်​သ​လော။ ထာ​ဝ​ရ​ဘု​ရား​ကို မုန်း​သော​သူ​တို့​ကို ချစ်​သင့်​သ​လော။ ယ​ခု​ပြု​သော​အ​မှု​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား၏ အ​မျက်​တော်​သည် မင်း​ကြီး​အ​ပေါ်​သို့ သက်​ရောက်​လေ​ပြီ။ သို့​သော်​လည်း၊ မင်း​ကြီး​သည် တစ်​ပြည်​လုံး​တွင်၊ အာ​ရှ​ရ​ပင်​တို့​ကို ပယ်​ရှား၍၊ ဘု​ရား​သ​ခင်​ကို​ရှာ​ခြင်း​ငှာ သ​ဘော​ချ​သော​ကြောင့်၊ ကျင့်​သော အ​ကျင့်​ကောင်း​ပါ​ပြီ​ဟု ဆို၏။

၂ ရာဇဝင်ချုပ် 19:1-3 Common Language Bible (BCL)

ယော​ရှ​ဖတ်​မင်း​သည်​ယေ​ရု​ရှ​လင်​မြို့​နန်း တော်​သို့ ကောင်း​မွန်​ချော​မော​စွာ​ပြန်​လည်​ရောက်​ရှိ တော်​မူ​၏။- ဟာ​နန်​၏​သား​ပ​ရော​ဖက်​ယေ​ဟု​သည်​မင်း​ကြီး ထံ​သို့​သွား​၍``ဘု​ရင်​မင်း​သည်​သူ​ယုတ်​မာ​တို့​ကို ကူ​ညီ​မ​စ​အပ်​ပါ​သ​လော။ ထာ​ဝရ​ဘု​ရား​ကို မုန်း​သူ​တို့​နှင့်​မိတ်​ဆွေ​ဖွဲ့​အပ်​ပါ​သ​လော။ ယင်း အ​မှု​တို့​ကြောင့်​ထာ​ဝရ​ဘု​ရား​၏​အ​မျက်​တော် သည် ဘု​ရင်​မင်း​၏​အ​ပေါ်​သို့​သက်​ရောက်​လေ ပြီ။- သို့​ရာ​တွင်​ဘု​ရင်​မင်း​သည်​လူ​တို့​ကိုး​ကွယ်​သော အာ​ရှ​ရ​ဘု​ရား​မ​၏​တံ​ခွန်​တိုင်​ရှိ​သ​မျှ​ကို ဖယ်​ရှား​ပြီး​လျှင် ထာ​ဝရ​ဘု​ရား​၏​အ​လို​တော် ကို​လိုက်​လျှောက်​ရန်​ကြိုး​စား​သ​ဖြင့် ဘု​ရင်​မင်း မှာ​အ​ကျင့်​ကောင်း​အ​နည်း​ငယ်​ရှိ​သေး​၏'' ဟု ဆို​လေ​သည်။

၂ ရာဇဝင်ချုပ် 19:1-3 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယုဒ​ဘုရင်​ယောရှဖတ်​မင်းကြီး​သည် ဂျေရုဆလင်​မြို့​ရှိ မိမိ​နန်းတော်​သို့ ဘေးကင်း​စွာ​ပြန်လာ​ခဲ့​၏​။ ထိုအခါ ဟာနနိ​၏​သား ဗျာဒိတ်ရသူ​ယေဟု​သည် ယောရှဖတ်​မင်းကြီး​ထံ​အခစားဝင်​၍ “​ဆိုးယုတ်​သော​သူ​ကို ကူညီ​သင့်​သလော​။ ထာဝရဘုရား မုန်း​တော်မူ​သော​သူ​ကို သင်​ချစ်​သောကြောင့် ထာဝရဘုရား​ထံ​မှ အမျက်​တော်​သည် သင့်​အပေါ် ကျရောက်​လေ​ပြီ​။ သို့သော် မင်းကြီး​၌ ကောင်း​သော​အရာ ရှိ​၏​။ မင်းကြီး​သည် တိုင်းပြည်​တွင်​ရှိ​သော အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​တို့​ကို ဖယ်ရှား​ပြီး ဘုရားသခင်​ကို​ရှာ​လို​သော​စိတ်​ရှိ​လေ​ပြီ​”​ဟု သူ့​အား ဆို​၏​။