YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 10:16-19

၂ ရာဇဝင်ချုပ် 10:16-19 Judson Bible (JBMLE)

ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည် ရှင်​ဘု​ရင်​နား​မ​ထောင်​ကြောင်း​ကို သိ​မြင်​လျှင်၊ ငါ​တို့​သည် ဒါ​ဝိဒ်​နှင့် အ​ဘယ်​သို့​ဆက်​ဆံ​သ​နည်း။ ယေ​ရှဲ၏​သား​နှင့် အ​ဘယ်​သို့ အ​မွေ​ခံ​ရ​သေး​သ​နည်း။ အို​ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့​နေ​ရာ​သို့ အ​သီး​အ​သီး​သွား​ကြ။ အို​ဒါ​ဝိဒ်၊ သင်၏ အိမ်​ကို​ကြည့်​ရှု​လော့​ဟု ရှင်​ဘု​ရင်​အား ပြန်​ပြော​လျက်၊ ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​နေ​ရာ​သို့ ပြန်​သွား​ကြ၏။ သို့​ရာ​တွင် ယု​ဒ​မြို့​ရွာ​တို့၌​နေ​သော ဣ​သ​ရေ​လ​လူ​တို့​ကို၊ ရော​ဗောင်​သည် အုပ်​စိုး​ရ​သေး၏။ ထို​အ​ခါ ရော​ဗောင်​မင်း​ကြီး​သည်၊ အ​ခွန်​တော်​ဝန် အ​ဒေါ​နိ​ရံ​ကို စေ​လွှတ်၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သူ့​ကို​သေ​အောင် ကျောက်​ခဲ​နှင့်​ပစ်​ကြ၏။ ရော​ဗောင်​မင်း​ကြီး​သည် ရ​ထား​တော်​ကို အ​လျင်​အ​မြန်​တက်၍ ယေ​ရု​ရှ​လင်​မြို့​သို့ ပြေး​လေ၏။ ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး​သည် ယ​နေ့​တိုင်​အောင် ဒါ​ဝိဒ်​မင်း​မျိုး​ကို ပုန်​ကန်​ကြ၏။

၂ ရာဇဝင်ချုပ် 10:16-19 Common Language Bible (BCL)

မိ​မိ​တို့​၏​စ​ကား​ကို နား​ထောင်​တော့​မည်​မ ဟုတ်​ကြောင်း​သိ​ရှိ​ကြ​သော​အ​ခါ လူ​တို့ သည်``ဒါ​ဝိဒ်​နှင့်​သူ​၏​အိမ်​ထောင်​စု​သား​ထံ မှ​ငါ​တို့​ဝေ​ပုံ​မ​ရ။ ယေ​ရှဲ​၏​သား​၌​ငါ​တို့ အ​မွေ​မ​ခံ​ရ။ အို ဣ​သ​ရေ​လ​ပြည်​သူ​တို့၊ ငါ​တို့​နေ​ရပ်​သို့​ပြန်​ကြ​ကုန်​အံ့။ ရော​ဗောင် သည်​မိ​မိ​အိမ်​ထောင်​ကို​ကြည့်​ရှု​ပါ​စေ'' ဟု​ဟစ်​အော်​ကြ​ကုန်​၏။ သို့​ဖြစ်​၍​ဣသ​ရေ​လ​ပြည်​သူ​တို့​ပုန်​ကန်​ကြ သ​ဖြင့်၊- ရော​ဗောင်​သည်​ယု​ဒ​နယ်​မြေ​တွင်​နေ​ထိုင်​သူ​တို့ ကို​သာ​အုပ်​စိုး​ရ​လေ​၏။ ထို​အ​ခါ​ရော​ဗောင်​မင်း​သည်​ချွေး​တပ်​တာ​ဝန် ခံ​အ​ဒေါ​နိ​ရံ​အား ဣ​သ​ရေ​လ​ပြည်​သူ​တို့ ထံ​စေ​လွှတ်​တော်​မူ​၏။ သို့​ရာ​တွင်​ဣ​သ​ရေ​လ ပြည်​သူ​တို့​က​ထို​သူ​အား​ခဲ​နှင့်​ပေါက်​သတ် ကြ​သ​ဖြင့် ရော​ဗောင်​သည်​မိ​မိ​ရ​ထား​ပေါ် သို့​အ​ဆော​တ​လျင်​တက်​၍​ယေ​ရု​ရှ​လင် မြို့​သို့​ထွက်​ပြေး​လေ​၏။- ထို​ကြောင့်​ထို​ကာ​လ​မှ​အ​စ​ပြု​၍​ဣသ​ရေ​လ ပြည်​မြောက်​ပိုင်း​မှ​ပြည်​သူ​တို့​သည် ဒါ​ဝိဒ်​မင်း ဆက်​ကို​ယ​နေ့​တိုင်​အောင်​ပုန်​ကန်​ကြ​သ​တည်း။

၂ ရာဇဝင်ချုပ် 10:16-19 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် မိမိ​တို့​စကား​ကို ရှင်ဘုရင်​နား​မ​ထောင်​ကြောင်း သိမြင်​လျှင် သူ​တို့​က ရှင်ဘုရင်​အား “​ဒါဝိဒ်​မင်းကြီး​၌ ငါ​တို့ မည်သည့်​ဝေစု​ရှိ​သနည်း​။ ယေရှဲ​၏​သား​၌ ငါ​တို့​အမွေခံစရာ​မ​ရှိ​။ အို အစ္စရေး​လူမျိုး​တို့​၊ ကိုယ့်​တဲ​သို့ ကိုယ်​ပြန်​ကြ​လော့​။ အို ဒါဝိဒ်​မင်းကြီး​၊ ကိုယ့်​အမျိုးအနွယ်​ကို စောင့်ရှောက်​ပါ​လော့​”​ဟု ပြန်ပြော​ပြီး အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် ကိုယ့်​တဲ​သို့ ကိုယ်​ပြန်သွား​ကြ​လေ​၏​။ သို့သော် ယုဒ​မြို့ရွာ​များ​တွင်​နေထိုင်​သော အစ္စရေး​အမျိုးသား​တို့​ကို​ကား ရောဗောင်​မင်းကြီး​အုပ်စိုး​ရ​၏​။ တစ်နေ့တွင် ရောဗောင်​မင်းကြီး​သည် ချွေးတပ်အုပ်​ဟဒေါရံ​ကို​စေလွှတ်​ရာ အစ္စရေး​အမျိုးသား​တို့​သည် သူ့​ကို ကျောက်ခဲ​နှင့်​ပေါက်​သဖြင့် သူ​သေ​လေ​၏​။ ထိုအခါ ရောဗောင်​မင်းကြီး​သည် မြင်းရထား​ပေါ်သို့ အလျင်အမြန်​တက်စီး​ပြီး ဂျေရုဆလင်​မြို့​သို့ ထွက်ပြေး​လေ​၏​။ ဤသို့ဖြင့် အစ္စရေး​လူမျိုး​တို့​သည် ဒါဝိဒ်​မင်းမျိုးမင်းနွယ်​ကို ယနေ့​တိုင်အောင် ပုန်ကန်​ကြ​လေ​၏​။