YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ တိမောသေ 6:7-12

၁ တိမောသေ 6:7-12 Judson Bible (JBMLE)

အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် ဤ​လော​က​ထဲ​သို့ အ​ဘယ်​အ​ရာ​မျှ​မ​ပါ​ဘဲ လာ​သည်​ဖြစ်၍၊ ထွက်​သွား​လျှင်​လည်း၊ အ​ဘယ်​အ​ရာ​ကို​မျှ ယူ၍ မ​သွား​နိုင်​ဟု ထင်​ရှား​လျက်​ရှိ၏။- သို့​ဖြစ်၍၊ စား​ရန်၊ ဝတ်​ရန်​ရှိ​သ​မျှ​နှင့် ရောင့်​ရဲ​လျက်​နေ​ကြ​ကုန်​အံ့။- ငွေ​ရ​တတ်​ခြင်း​ငှာ အ​လို​ရှိ​သော​သူ​တို့​သည် အ​ပြစ်​သွေး​ဆောင်​ခြင်း၊ ဖမ်း​မိ​ခြင်း၊ မိုက်​မဲ​ဖျက်​ဆီး​တတ်​သော တပ်​မက်​ခြင်း​များ​ထဲ​သို့ ကျ​ရောက်​တတ်​ကြ၏။ ထို​သို့​သော​အား​ဖြင့် လူ​တို့​သည် အ​ကျိုး​နည်း​ခြင်း၊ ပျက်​စီး​ခြင်း၌ နစ်​မွန်း​တတ်​ကြ၏။- အ​ကြောင်း​မူ​ကား၊ ငွေ​ကို​တပ်​မက်​ခြင်း​သည် မ​ကောင်း​သော အ​မှု​အ​ပေါင်း​တို့​တွင် မူ​လ​အ​မြစ်​ဖြစ်​သ​တည်း။ လူ​အ​ချို့​တို့​သည် ငွေ​ကို တပ်​မက်​သော​ကြောင့် ယုံ​ကြည်​ခြင်း​တ​ရား​လမ်း​မှ လွှဲ​သွား၍၊ ပူ​ပန်​ခြင်း​ဝေ​ဒ​နာ​များ​နှင့် ကိုယ်​ကို​ကိုယ် ထုတ်​ချင်း​ခပ်​အောင် ထိုး​ကြ​ပြီ။ သို့​ဖြစ်၍၊ အို ဘု​ရား​သ​ခင်၏​လူ၊ သင်​သည် ထို​အ​ပြစ်​များ​ကို ကြဉ်​ရှောင်​လော့။ ဖြောင့်​မတ်​စွာ ကျင့်​ခြင်း၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း၊ ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း၊ သည်း​ခံ​ခြင်း၊ နူး​ညံ့​သိမ်​မွေ့​ခြင်း​တို့​ကို မှီ​အောင်​လိုက်​လော့။- ယုံ​ကြည်​ခြင်း​နှင့်​ဆိုင်၍ ကောင်း​စွာ​သော တိုက်​လှန်​ခြင်း​ကို ပြု​လော့။ ထာ​ဝ​ရ​အ​သက်​ကို ကိုင်​ယူ​လော့။ ထို​အ​သက်​ကို​ရ​မည်​အ​ကြောင်း၊ သင်​သည် ခေါ်​တော်​မူ​ခြင်း​ကို​ခံ​ရ၍၊ သက်​သေ​အ​များ​တို့ ရှေ့၌ ကောင်း​မွန်​စွာ​ဝန်​ခံ​ပြီ။

၁ တိမောသေ 6:7-12 Common Language Bible (BCL)

လော​က​ထဲ​သို့​လာ​စဉ်​အ​ခါ​က​ငါ​တို့​သည် အ​ဘယ်​အ​ရာ​ကို​မျှ​ယူ​ဆောင်​၍​မ​လာ​ခဲ့ ကြ။ လော​က​မှ​ထွက်​ခွာ​သွား​ကြ​သော​အ​ခါ ၌​လည်း​အ​ဘယ်​အ​ရာ​ကို​မျှ​ယူ​၍​မ​သွား နိုင်။- သို့​ဖြစ်​၍​ငါ​တို့​တွင်​စား​စ​ရာ​ဝတ်​စ​ရာ​ရှိ လျှင်​ရောင့်​ရဲ​ကြ​ကုန်​အံ့။- ချမ်း​သာ​ကြွယ်​ဝ​လို​သူ​တို့​သည်​အ​ပြစ်​သွေး ဆောင်​ခြင်း​ကို​ခံ​ရ​ကြ​၏။ သူ​တို့​သည်​မိုက်​မဲ ၍​အ​ကျိုး​ယုတ်​စေ​တတ်​သည့်​စွဲ​လမ်း​တပ်​မက် မှု​တို့​ဖြင့်​ကျော့​မိ​ကြ​၏။ ထို​စွဲ​လမ်း​တပ်​မက်​မှု များ​သည်​သူ​တို့​အား​ပျက်​စီး​ဆုံး​ရှုံး​စေ တတ်​၏။- အ​ဘယ်​ကြောင့်​ဆို​သော်​ငွေ​ကို​စွဲ​လမ်း​တပ် မက်​ခြင်း​သည်​မ​ကောင်း​မှု​အ​မျိုး​မျိုး​တို့​၏ မူ​လ​အ​ခြေ​အ​မြစ်​ဖြစ်​သော​ကြောင့်​တည်း။ အ​ချို့​သော​သူ​တို့​သည်​ငွေ​ကို​ခုံ​မင်​လှ သ​ဖြင့် ယုံ​ကြည်​ခြင်း​တ​ရား​လမ်း​မှ​လွဲ သွား​၍ ပူ​ဆွေး​လျက်​ဝမ်း​နည်း​ပက်​လက် ဖြစ်​ရ​ကြ​၏။ အို ဘု​ရား​သ​ခင်​၏​အ​စေ​ခံ၊ သင်​မူ​ကား ထို​မ​ကောင်း​မှု​အ​ပေါင်း​ကို​ရှောင်​ကြဉ်​လော့။ ဖြောင့်​မတ်​ခြင်း၊ ဘု​ရား​ဝတ်​၌​မွေ့​လျော်​ခြင်း၊ ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း၊ သည်း​ခံ​ခြင်း၊ နူး​ညံ့ သိမ်​မွေ့​ခြင်း​စ​သည့်​ပါ​ရ​မီ​များ​နှင့် ပြည့်​ဝ​စေ​ရန်​ကြိုး​စား​အား​ထုတ်​လော့။- ယုံ​ကြည်​ခြင်း​ဆိုင်​ရာ​ပြေး​ပွဲ​တွင်​အ​စွမ်း ကုန်​ပြေး​၍​ထာ​ဝ​ရ​အ​သက်​တည်း​ဟူ​သော အောင်​ဆု​ကို​သင်​ရ​ရှိ​စေ​ရန် သင့်​အား​ဘု​ရား သ​ခင်​ခေါ်​ယူ​တော်​မူ​သော​အ​ခါ​၌ သင် သည်​များ​စွာ​သော​အ​သိ​သက်​သေ​တို့​ရှေ့ တွင်​သင်​၏​ယုံ​ကြည်​ခြင်း​ကို​ခိုင်​မာ​စွာ ဝန်​ခံ​ခဲ့​ပေ​သည်။

၁ တိမောသေ 6:7-12 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အကြောင်းမူကား ငါ​တို့​သည် ဤ​လောက​ထဲသို့ မည်သည့်​အရာ​ကို​မျှ မ​ယူလာ​သကဲ့သို့ မည်သည့်​အရာ​ကို​မျှ​လည်း ယူသွား​နိုင်​ကြ​မည်​မ​ဟုတ်။ သို့ဖြစ်၍ စားစရာ​နှင့်​ဝတ်စရာ​ရှိ​လျှင် ထို​အရာ​တို့​နှင့်​ကျေနပ်​ကြ​ရ​မည်။ ချမ်းသာ​လို​သော​သူ​တို့​သည် ဖြားယောင်း​သွေးဆောင်​ရာ​ထဲသို့​လည်းကောင်း၊ ထောင်ချောက်​ထဲသို့​လည်းကောင်း၊ လူ​တို့​ကို ပျက်စီး​ခြင်း​နှင့်​ဆုံးရှုံး​ခြင်း​တွင် နစ်မွန်း​စေ​တတ်​သော မိုက်မဲ​၍​အန္တရာယ်​ရှိ​သည့် တပ်မက်​ခြင်း​အမျိုးမျိုး​ထဲသို့​လည်းကောင်း ကျရောက်​တတ်​ကြ​၏။ အကြောင်းမူကား ငွေ​ကို​တပ်မက်​ခြင်း​သည် မကောင်းမှု​အလုံးစုံ​တို့​၏​အရင်းအမြစ်​ဖြစ်​၏။ လူ​အချို့​တို့​သည် ငွေ​ကို​အလွန်​တပ်မက်​သဖြင့် ယုံကြည်​ခြင်း​လမ်း​မှ လွဲချော်​သွား​၍ များစွာ​သော​ပူပန်​ခြင်း​ဝေဒနာ​ဖြင့် မိမိတို့ကိုယ်ကို ထိုးဖောက်​နာကျင်​စေ​ကြ​ပြီ။ အို ဘုရားသခင်​၏​လူ၊ သင်​မူကား ထို​အရာ​များ​ကို​ရှောင်​၍ ဖြောင့်မတ်​ခြင်း၊ ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း၊ ယုံကြည်​ခြင်း၊ ချစ်​ခြင်း၊ သည်းခံ​ခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း​တို့​ကို လက်ကိုင်ပြု​လော့။ ယုံကြည်​ခြင်း​နှင့်ဆိုင်သည့် ကောင်း​သော​တိုက်ပွဲ​ကို​တိုက်​၍ ထာဝရ​အသက်​ကို ရယူ​ပိုင်ဆိုင်​လော့။ သင်​သည် ထို​အသက်​အတွက် ခေါ်ယူ​တော်မူ​ခြင်း​ကို​ခံရ​၍ များစွာ​သော​သက်သေ​တို့​ရှေ့​တွင် ကောင်း​သော​ဝန်ခံ​ချက်​ကို​ပေး​လေ​ပြီ။