YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ တိမောသေ 4:2-5

၁ တိမောသေ 4:1-5 Judson Bible (JBMLE)

ဝိ​ညာဉ်​တော်​သည် အ​တည့်​အ​လင်း ဗျာ​ဒိတ်​ထား​တော်​မူ​သည်​ကား၊ နောင်​ကာ​လ၌ ဩ​တ္တ​ပ္ပ​စိတ်​တွင် သံ​ပူ​နှင့်​ခတ်​ခြင်း​ကို​ခံ​ပြီး​လျှင်၊ မု​သား​စ​ကား​ကို ပြော​တတ်​သော သူ​တို့၏ လျှို့​ဝှက်​ခြင်း​အား​ဖြင့်၊ လူ​အ​ချို့​တို့​သည် ယုံ​ကြည်​ခြင်း​ကို စွန့်​ပယ်၍၊ လှည့်​ဖြား​တတ်​သော စိတ်​ဝိ​ညာဉ်​တို့၌​လည်း​ကောင်း၊ နတ်​ဘု​ရား​တို့​နှင့်​စပ်​ဆိုင်​သော ဩ​ဝါ​ဒ​တို့၌​လည်း​ကောင်း မှီ​ဝဲ​ဆည်း​ကပ်​ကြ​လိမ့်​မည်။- မင်္ဂ​လာ​ဆောင်​ခြင်း​အ​မှု​ကို မ​ပြု​ရ​ဟူ၍​လည်း​ကောင်း၊ ယုံ​ကြည်၍ သ​မ္မာ​တ​ရား​ကို သိ​သော​သူ​တို့​သည် ကျေး​ဇူး​တော်​ကို သိ​သော​စိတ်​နှင့်​တ​ကွ သုံး​ဖို့​ရာ၊ ဘု​ရား​သ​ခင် ဖန်​ဆင်း​တော်​မူ​သော အ​စာ​မျိုး​ကို ရှောင်​ရ​မည်​ဟူ၍​လည်း​ကောင်း ပ​ညတ်​ထား​ကြ​လိမ့်​မည်။- ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​သ​မျှ​သည် သုံး​စ​ရာ​ကောင်း၏။ ကျေး​ဇူး​တော်​ကို သိ​သော​စိတ်​နှင့်​ခံ​ယူ​လျှင်၊ အ​ဘယ်​အ​ရာ​ကို​မျှ မ​ပယ်​မ​ရှောင်​ရ။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​အား​ဖြင့်​လည်း​ကောင်း၊ ဆု​တောင်း​ခြင်း​အား​ဖြင့်​လည်း​ကောင်း၊ အ​ရာ​ရာ​တို့​သည် စင်​ကြယ်​လျက်​ရှိ​ကြ၏။

၁ တိမောသေ 4:2-5 Common Language Bible (BCL)

မိ​မိ​တို့​၏​သြတ္တပ္ပ​စိတ်​တွင်​သံ​ပူ​ခတ်​ခြင်း​ခံ​ရ သ​ကဲ့​သို့ သြတ္တပ္ပ​စိတ်​ကင်း​မဲ့​သော​လိမ်​လည် လှည့်​ဖြား​တတ်​သူ​တို့​သည်​ထို​သြ​ဝါ​ဒ များ​ကို​ပေး​ကြ​၏။- ထို​သူ​တို့​က​လူ​တို့​အား​ထိမ်း​မြား​မင်္ဂ​လာ​မ ပြု​ရန်​နှင့်​အ​ချို့​သော​အ​စား​အ​စာ​များ​ကို ရှောင်​ကြဉ်​ကြ​စေ​ရန်​သွန်​သင်​ကြ​၏။ သို့​ရာ​တွင် ယုံ​ကြည်​၍​သမ္မာ​တ​ရား​တော်​ကို​သိ​ကျွမ်း​သူ တို့​သည်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​လျက် စား သောက်​နိုင်​ကြ​စေ​ရန်​ဤ​အ​စား​အ​စာ​များ ကို​ဘု​ရား​သ​ခင်​ဖန်​ဆင်း​ထား​တော်​မူ​၏။- ဘု​ရား​သ​ခင်​ဖန်​ဆင်း​ထား​တော်​မူ​သော​အ​ရာ မှန်​သ​မျှ​သည်​သုံး​ဆောင်​ထိုက်​သည်​ဖြစ်​၍ အ​ဘယ်​အ​စား​အ​စာ​ကို​မျှ​ရှောင်​ကြဉ်​ရန် မ​လို​ပေ။ အ​စား​အ​စာ​မှန်​သ​မျှ​ကို​ကျေး​ဇူး တော်​ချီး​မွမ်း​လျက်​ခံ​ယူ​ရ​ကြ​မည်။- အ​ဘယ်​ကြောင့်​ဆို​သော်​ထို​အ​ရာ​တို့​ကို ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​အား​ဖြင့် လည်း​ကောင်း၊ ဆု​တောင်း​ခြင်း​အား​ဖြင့်​လည်း ကောင်း၊ သန့်​စင်​စေ​ပြီး​ဖြစ်​သော​ကြောင့်​တည်း။

၁ တိမောသေ 4:2-5 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို​သွန်သင်ချက်​များ​သည် မိမိ​တို့​အသိစိတ်​ကို သံပူ​တံဆိပ်​ခတ်​ထား​ခြင်း​ခံရ​သည့် လိမ်လည်​သော​သူ​တို့​၏​သူတော်ကောင်း​ယောင်ဆောင်​မှု​အားဖြင့်​ဖြစ်​၏။ သူ​တို့​သည် အိမ်ထောင်ပြု​ခြင်း​ကို​တားမြစ်​ကြ​၍ ယုံကြည်​သူ​နှင့်​သမ္မာတရား​ကို​သိ​သော​သူ​တို့​သည် ကျေးဇူး​တော်​ချီးမွမ်း​လျက်​သုံးဆောင်​ရန်​အတွက် ဘုရားသခင်​ဖန်ဆင်း​ထား​သော​အစားအစာ​များ​ကို ရှောင်ကြဉ်​စေ​ကြ​လိမ့်မည်။ အမှန်စင်စစ် ဘုရားသခင်​ဖန်ဆင်း​တော်မူ​သော​အရာ​ရှိသမျှ​သည် ကောင်း​သည်​ဖြစ်၍ ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​ဖြင့်​ခံယူ​လျှင် ပစ်ပယ်​ရ​မည့်​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ။ အကြောင်းမူကား ထို​အရာ​တို့​သည် ဘုရားသခင်​၏​နှုတ်ကပတ်တော်​အားဖြင့်​လည်းကောင်း၊ ဆုတောင်း​ခြင်း​အားဖြင့်​လည်းကောင်း သန့်ရှင်း​စေ​ခြင်း​ကို​ခံရ​ကြ​၏။