YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ သက်သာလောနိတ် 4:16-18

၁ သက်သာလောနိတ် 4:16-18 Judson Bible (JBMLE)

သ​ခင်​ဘု​ရား​သည် ကြွေး​ကြော်​ခြင်း၊ ကောင်း​ကင်​တ​မန်​မင်း အ​သံ​ပေး​ခြင်း၊ ဘု​ရား​သ​ခင်၏ တံ​ပိုး​တော်​ကို မှုတ်​ခြင်း​နှင့်​တ​ကွ၊ ကောင်း​ကင်​ဘုံ​မှ ကိုယ်​တိုင် ဆင်း​သက်​တော်​မူ၍၊ ခ​ရစ်​တော်၌ သေ​လွန်​သော​သူ​တို့​သည် အ​ဦး​ထ​မြောက်​ကြ​လိမ့်​မည်။- ထို​အ​ခါ အ​သက်​ရှင်၍ ကျန်​ကြွင်း​သော​ငါ​တို့​သည် အာ​ကာ​သ​ကောင်း​ကင်၌ သ​ခင်​ဘု​ရား​ထံ​တော်​သို့ ရောက်​စေ​ခြင်း​ငှာ၊ ထို​သူ​တို့​နှင့်​တ​ကွ မိုး​တိမ်​ပေါ်​သို့ ချီ​ဆောင်​ခြင်း​ကို ခံ​ရ​သော​အား​ဖြင့် သ​ခင်​ဘု​ရား​နှင့်​အ​တူ အ​စဉ်​မ​ပြတ် နေ​ရ​ကြ​လိမ့်​မည်။- သို့​ဖြစ်၍၊ ဤ​စ​ကား​များ​အား​ဖြင့် အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် သက်​သာ​စေ​ကြ​လော့။

၁ သက်သာလောနိတ် 4:16-18 Common Language Bible (BCL)

ကြွေး​ကြော်​အ​မိန့်​ပေး​သံ၊ ကောင်း​ကင်​တ​မန်​မင်း ၏​ဟစ်​သံ၊ ဘု​ရား​သ​ခင်​၏​တံ​ပိုး​တော်​မှုတ်​သံ​ကို ကြား​ရ​သော​အ​ခါ သ​ခင်​ဘု​ရား​ကိုယ်​တော်​တိုင် ကောင်း​ကင်​ဘုံ​မှ​ဆင်း​သက်​ကြွ​လာ​တော်​မူ​လိမ့် မည်။ ခ​ရစ်​တော်​ကို​ယုံ​ကြည်​၍​သေ​လွန်​သူ​များ သည်​ဦး​စွာ​ရှင်​ပြန်​ထ​မြောက်​ကြ​လိမ့်​မည်။- ထို​နောက်​အ​သက်​ရှင်​လျက်​ကျန်​ရစ်​သော​ငါ​တို့ သည်​အာ​ကာ​သ​တွင်​သေ​လွန်​သူ​တို့​နှင့်​အ​တူ သ​ခင်​ဘု​ရား​နှင့်​တွေ့​ဆုံ​ရန်​မိုး​ကောင်း​ကင်​သို့ ယူ​ဆောင်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။ ဤ​နည်း အား​ဖြင့်​ငါ​တို့​သည်​သ​ခင်​ဘု​ရား​နှင့်​အ​တူ အ​စဉ်​အ​မြဲ​နေ​ရ​ကြ​ပေ​အံ့။- သို့​ဖြစ်​၍​ဤ​စကား​များ​အား​ဖြင့်​အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက်​အား​ပေး​ကြ​လော့။

၁ သက်သာလောနိတ် 4:16-18 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အကြောင်းမူကား ကြွေးကြော်​ခြင်း​နှင့်တကွ ကောင်းကင်​တမန်​မင်း​၏​အသံ​နှင့် ဘုရားသခင်​၏​တံပိုးမှုတ်သံ​တို့​ဖြင့် သခင်​ဘုရား​ကိုယ်တော်​တိုင် ကောင်းကင်​မှ​ဆင်းသက်​တော်မူ​သောအခါ ခရစ်တော်​၌​သေလွန်​သော​သူ​တို့​သည် ဦးစွာ​ထမြောက်​ကြ​လိမ့်မည်။ ထို့နောက် အသက်ရှင်​လျက်​ကျန်ရစ်​သော​ငါ​တို့​သည် အာကာသ​ကောင်းကင်​၌ သခင်​ဘုရား​နှင့်​တွေ့ဆုံ​ရန် ထို​သူ​တို့​နှင့်​အတူ မိုးတိမ်​အားဖြင့် ချီဆောင်​ခြင်း​ခံရ​ကြ​လိမ့်မည်။ ဤသို့ဖြင့် ငါ​တို့​သည် သခင်​ဘုရား​နှင့်အတူ အစဉ်အမြဲ​နေ​ရ​ကြ​လိမ့်မည်။ သို့ဖြစ်၍ ဤ​စကား​များ​ဖြင့် အချင်းချင်း​တိုက်တွန်း​နှိုးဆော်​ကြ​လော့။