YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ သက်သာလောနိတ် 4:13-18

၁ သက်သာလောနိတ် 4:13-18 Judson Bible (JBMLE)

ညီ​အစ်​ကို​တို့၊ မျှော်​လ​င့်​ခြင်း​မ​ရှိ​သော အ​ခြား​သူ​တို့​သည် ဝမ်း​နည်း​သ​ကဲ့​သို့၊ သင်​တို့​သည် ဝမ်း​မ​နည်း​မည်​အ​ကြောင်း၊ အိပ်​ပျော်​သော သူ​တို့၏ အ​မှု​အ​ရာ​ကို မ​သိ​ဘဲ​နေ​စေ​ခြင်း​ငှာ ငါ​တို့​အ​လို​မ​ရှိ၊- ယေ​ရှု​သည် သေ​ပြီး​မှ တစ်​ဖန် ထ​မြောက်​တော်​မူ​သည်​ကို ငါ​တို့​သည် ယုံ​လျှင်၊ ထို​နည်း​တူ ယေ​ရှု၌ အိပ်​ပျော်​သော​သူ​တို့​ကို​လည်း၊ ထို​သ​ခင်​နှင့်​အ​တူ ဘု​ရား​သ​ခင် ပို့​ဆောင်​တော်​မူ​လိမ့်​မည်။- သ​ခင်​ဘု​ရား၏ ဗျာ​ဒိတ်​တော်​အား​ဖြင့် တစ်​ဖန် ငါ​တို့​ဆို​သည်​ကား၊ သ​ခင်​ဘု​ရား ကြွ​လာ​တော်​မူ​သော​အ​ခါ၊ အ​သက်​ရှင်၍ ကျန်​ကြွင်း​သော ငါ​တို့​သည် အိပ်​ပျော်​ပြီး​သော​သူ​တို့၏ အ​ရင်​အ​ဦး နေ​ရာ​ကျ​ရ​ကြ​မည်​မ​ဟုတ်။- သ​ခင်​ဘု​ရား​သည် ကြွေး​ကြော်​ခြင်း၊ ကောင်း​ကင်​တ​မန်​မင်း အ​သံ​ပေး​ခြင်း၊ ဘု​ရား​သ​ခင်၏ တံ​ပိုး​တော်​ကို မှုတ်​ခြင်း​နှင့်​တ​ကွ၊ ကောင်း​ကင်​ဘုံ​မှ ကိုယ်​တိုင် ဆင်း​သက်​တော်​မူ၍၊ ခ​ရစ်​တော်၌ သေ​လွန်​သော​သူ​တို့​သည် အ​ဦး​ထ​မြောက်​ကြ​လိမ့်​မည်။- ထို​အ​ခါ အ​သက်​ရှင်၍ ကျန်​ကြွင်း​သော​ငါ​တို့​သည် အာ​ကာ​သ​ကောင်း​ကင်၌ သ​ခင်​ဘု​ရား​ထံ​တော်​သို့ ရောက်​စေ​ခြင်း​ငှာ၊ ထို​သူ​တို့​နှင့်​တ​ကွ မိုး​တိမ်​ပေါ်​သို့ ချီ​ဆောင်​ခြင်း​ကို ခံ​ရ​သော​အား​ဖြင့် သ​ခင်​ဘု​ရား​နှင့်​အ​တူ အ​စဉ်​မ​ပြတ် နေ​ရ​ကြ​လိမ့်​မည်။- သို့​ဖြစ်၍၊ ဤ​စ​ကား​များ​အား​ဖြင့် အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် သက်​သာ​စေ​ကြ​လော့။

၁ သက်သာလောနိတ် 4:13-18 Common Language Bible (BCL)

ညီ​အစ်​ကို​တို့၊ သေ​လွန်​ပြီး​နောက်​မျှော်​လင့်​စ​ရာ မ​ရှိ​သူ​တို့​ကဲ့​သို့ သင်​တို့​ဝမ်း​နည်း​ကြေ​ကွဲ​မှု မ​ဖြစ်​ကြ​စေ​ရန် ငါ​တို့​သည်​သေ​လွန်​သူ​များ နှင့်​ပတ်​သက်​၍​သင်​တို့​အား​အ​မှန်​တ​ရား​ကို သိ​စေ​လို​၏။- သ​ခင်​ယေ​ရှု​သည်​အ​သေ​ခံ​တော်​မူ​ပြီး​နောက် ရှင်​ပြန်​ထ​မြောက်​တော်​မူ​သည်​ဟု​ငါ​တို့​ယုံ​ကြည် သော​ကြောင့် ဘု​ရား​သ​ခင်​သည်​ကိုယ်​တော်​ကို​ယုံ ကြည်​လျက်​သေ​လွန်​သွား​ကုန်​သော​သူ​တို့​အား ထို​အ​ရှင်​နှင့်​အ​တူ​မိ​မိ​ထံ​တော်​သို့​ပြန်​၍ ခေါ်​ဆောင်​သွား​တော်​မူ​လိမ့်​မည်​ဟု​ငါ​တို့ ယုံ​ကြည်​ကြ​ပေ​သည်။ သ​ခင်​ဘု​ရား​သွန်​သင်​တော်​မူ​ချက်​ကို​ယ​ခု ငါ​တို့​ဖော်​ပြ​ပေ​အံ့။ သ​ခင်​ဘု​ရား​ကြွ​လာ​တော် မူ​သော​နေ့​၌​အ​သက်​ရှင်​လျက်​ရှိ​ကြ​သူ​ငါ​တို့ သည်​သေ​လွန်​သူ​တို့​ထက်​အ​လျင်​ရောက်​ကြ​လိမ့် မည်​မ​ဟုတ်။- ကြွေး​ကြော်​အ​မိန့်​ပေး​သံ၊ ကောင်း​ကင်​တ​မန်​မင်း ၏​ဟစ်​သံ၊ ဘု​ရား​သ​ခင်​၏​တံ​ပိုး​တော်​မှုတ်​သံ​ကို ကြား​ရ​သော​အ​ခါ သ​ခင်​ဘု​ရား​ကိုယ်​တော်​တိုင် ကောင်း​ကင်​ဘုံ​မှ​ဆင်း​သက်​ကြွ​လာ​တော်​မူ​လိမ့် မည်။ ခ​ရစ်​တော်​ကို​ယုံ​ကြည်​၍​သေ​လွန်​သူ​များ သည်​ဦး​စွာ​ရှင်​ပြန်​ထ​မြောက်​ကြ​လိမ့်​မည်။- ထို​နောက်​အ​သက်​ရှင်​လျက်​ကျန်​ရစ်​သော​ငါ​တို့ သည်​အာ​ကာ​သ​တွင်​သေ​လွန်​သူ​တို့​နှင့်​အ​တူ သ​ခင်​ဘု​ရား​နှင့်​တွေ့​ဆုံ​ရန်​မိုး​ကောင်း​ကင်​သို့ ယူ​ဆောင်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။ ဤ​နည်း အား​ဖြင့်​ငါ​တို့​သည်​သ​ခင်​ဘု​ရား​နှင့်​အ​တူ အ​စဉ်​အ​မြဲ​နေ​ရ​ကြ​ပေ​အံ့။- သို့​ဖြစ်​၍​ဤ​စကား​များ​အား​ဖြင့်​အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက်​အား​ပေး​ကြ​လော့။

၁ သက်သာလောနိတ် 4:13-18 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ညီအစ်ကို​တို့၊ သင်​တို့​သည် မျှော်လင့်​ခြင်း​မ​ရှိ​သော​အခြား​သူ​များ​ကဲ့သို့ ဝမ်းနည်း​ခြင်း​မ​ရှိ​ကြ​မည့်​အကြောင်း အိပ်ပျော်​သော​သူ​တို့​နှင့်​ပတ်သက်၍ သင်​တို့​မ​သိ​ဘဲ​နေ​ရန် ငါ​တို့​အလို​မ​ရှိ။ အကြောင်းမူကား ယေရှု​သည် အသေခံ​ပြီးနောက် ထမြောက်​တော်မူ​သည်​ဟု ငါ​တို့​ယုံကြည်​ကြ​လျှင် ဘုရားသခင်​သည် ယေရှု​၌ အိပ်ပျော်​သော​သူ​တို့​ကို​လည်း ထို​ကဲ့သို့​ပင် ထို​သခင်​နှင့်အတူ​ခေါ်ထုတ်​တော်မူ​လိမ့်မည်။ သခင်​ဘုရား​၏​စကား​တော်​အားဖြင့် သင်​တို့​အား ငါ​တို့​ဆို​သည်မှာ သခင်​ဘုရား​ကြွလာ​တော်မူ​သည့်​တိုင်အောင် အသက်ရှင်​လျက်​ကျန်ရစ်​သော​ငါ​တို့​သည် အိပ်ပျော်​သော​သူ​တို့​ထက် လုံးဝ​ရှေ့ကျ​လိမ့်မည်​မ​ဟုတ်။ အကြောင်းမူကား ကြွေးကြော်​ခြင်း​နှင့်တကွ ကောင်းကင်​တမန်​မင်း​၏​အသံ​နှင့် ဘုရားသခင်​၏​တံပိုးမှုတ်သံ​တို့​ဖြင့် သခင်​ဘုရား​ကိုယ်တော်​တိုင် ကောင်းကင်​မှ​ဆင်းသက်​တော်မူ​သောအခါ ခရစ်တော်​၌​သေလွန်​သော​သူ​တို့​သည် ဦးစွာ​ထမြောက်​ကြ​လိမ့်မည်။ ထို့နောက် အသက်ရှင်​လျက်​ကျန်ရစ်​သော​ငါ​တို့​သည် အာကာသ​ကောင်းကင်​၌ သခင်​ဘုရား​နှင့်​တွေ့ဆုံ​ရန် ထို​သူ​တို့​နှင့်​အတူ မိုးတိမ်​အားဖြင့် ချီဆောင်​ခြင်း​ခံရ​ကြ​လိမ့်မည်။ ဤသို့ဖြင့် ငါ​တို့​သည် သခင်​ဘုရား​နှင့်အတူ အစဉ်အမြဲ​နေ​ရ​ကြ​လိမ့်မည်။ သို့ဖြစ်၍ ဤ​စကား​များ​ဖြင့် အချင်းချင်း​တိုက်တွန်း​နှိုးဆော်​ကြ​လော့။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။