YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ သက်သာလောနိတ် 1:4-10

၁ သက်သာလောနိတ် 1:2-10 Judson Bible (JBMLE)

ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင့်​ရှေ့​တော်၌၊ သင်​တို့​သည် ယုံ​ကြည်​သော​စိတ်​နှင့် အ​ကျင့်​ကို​ကျင့်​ခြင်း၊ ချစ်​သော​စိတ်​နှင့် ကြိုး​စား​အား​ထုတ်​ခြင်း၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​ကို မျှော်​လ​င့်​သော​စိတ်​နှင့် တည်​ကြည်​ခြင်း​တို့​ကို ငါ​တို့​သည် အ​စဉ်​မ​ပြတ် အောက်​မေ့​လျက်၊ ဘု​ရား​သ​ခင်​ချစ်​တော်​မူ​သော ညီ​အစ်​ကို​တို့၊ သင်​တို့​ခံ​ရ​သော ရွေး​ကောက်​တော်​မူ​ခြင်း​ကို သိ​လျက်၊ သင်​တို့​အ​ပေါင်း​ကို အ​ကြောင်း​ပြု​သ​ဖြင့်၊ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ကာ​လ​အ​စဉ်​ချီး​မွမ်း၍၊ သင်​တို့​အ​ဖို့ အ​လို​ငှာ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လျက် နေ​ကြ၏။ ငါ​တို့​သည် သင်​တို့​နှင့်​အ​တူ​နေ​သော​အ​ခါ သင်​တို့​အ​တွက် အ​ဘယ်​သို့​သော​သူ ဖြစ်​သည်​ကို သင်​တို့ သိ​ကြ​သည်​နှင့်​အ​ညီ၊ ငါ​တို့​ဟော​ပြော​သော ဧ​ဝံ​ဂေ​လိ​တ​ရား​သည်၊ သင်​တို့၌ စ​ကား​သက်​သက်​ဖြစ်​သည် မ​ဟုတ်။ တန်​ခိုး​နှင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် လည်း​ကောင်း၊ ဝိ​စိ​ကိ​စ္ဆာ​မ​ရှိ​ဘဲ အ​မှန်​သိ​ခြင်း​နှင့်​လည်း​ကောင်း ပြည့်​စုံ​သော​တ​ရား​ဖြစ်၏။- သင်​တို့​သည် ကြီး​စွာ​သော​ဆင်း​ရဲ​ခြင်း​ကို ခံ​ရ​သော်​လည်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​ဆိုင်​သော ဝမ်း​မြောက်​ခြင်း​နှင့်​တ​ကွ နှုတ်​က​ပတ်​တ​ရား​တော်​ကို ခံ​ယူ၍၊ ငါ​တို့​ကဲ့​သို့​သော​သူ၊ သ​ခင်​ဘု​ရား​ကဲ့​သို့​သော​သူ ဖြစ်​ကြ၏။- သို့​ဖြစ်၍၊ မာ​ကေ​ဒေါ​နိ​ပြည်၊ အာ​ခါ​ယ​ပြည်၌ ယုံ​ကြည်​သော​သူ အ​ပေါင်း​တို့​အား သင်​တို့​သည် ပုံ​သက်​သေ​ပေး​သော​သူ ဖြစ်​ကြ၏။- အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သင်​တို့​ထံ​က၊ သ​ခင်​ဘု​ရား၏ နှုတ်​က​ပတ်​တ​ရား​တော်​အ​သံ​သည်၊ မာ​ကေ​ဒေါ​နိ​ပြည်၊ အ​ခါ​ယ​ပြည်၌ ကျော်​စော​သည်​သာ​မ​က၊ ဘု​ရား​သ​ခင်​ကို သင်​တို့ ယုံ​ကြည်​ခြင်း၏ သ​တင်း​သည် အ​ရပ်​ရပ်​တို့၌ နှံ့​ပြား​လေ၏။ သို့​ဖြစ်၍ ငါ​တို့​သည် တစ်​စုံ​တစ်​ခု​ကို​မျှ ပြော​စ​ရာ​အ​ကြောင်း​မ​ရှိ။- ငါ​တို့​သည် သင်​တို့​အ​ထဲ​သို့ အ​ဘယ်​သို့ ဝင်​ကြ​သည် အ​ကြောင်း​အ​ရာ​ကို သူ​တို့​သည် ကိုယ်​တိုင်​ကြား​ပြော​ကြ၏။ အ​သက်​နှင့် ပြည့်​စုံ​လျက် မှန်​တော်​မူ​သော ဘု​ရား​သ​ခင်၏​အ​မှု​တော်​ကို သင်​တို့​သည် ဆောင်​ခြင်း​ငှာ​လည်း​ကောင်း၊- ရောက်​လ​တ္တံ့​သော ဘေး​ဒဏ်​မှ ငါ​တို့​ကို ကယ်​နုတ်​သော သ​ခင်​ယေ​ရှု​တည်း​ဟူ​သော သေ​ခြင်း​မှ ဘု​ရား​သ​ခင် ထ​မြောက်​စေ​တော်​မူ​သော သား​တော်​သည် ကောင်း​ကင်​ဘုံ​မှ ကြွ​လာ​တော်​မူ​မည်​အ​ရာ​ကို ငံ့​လင့်​ခြင်း​ငှာ​လည်း​ကောင်း၊ ရုပ်​တု​ဆင်း​တု​တို့​ကို ပစ်​ပယ်၍၊ ဘု​ရား​သ​ခင့်​အ​ထံ​တော်​သို့ ပြောင်း​လဲ​ကြ​သည် အ​ကြောင်း​အ​ရာ​ကို​လည်း ကြား​ပြော​ကြ၏။

၁ သက်သာလောနိတ် 1:4-10 Common Language Bible (BCL)

ညီ​အစ်​ကို​တို့၊ ဘု​ရား​သ​ခင်​သည်​သင်​တို့ ကို​ချစ်​တော်​မူ​၍​ရွေး​ကောက်​တော်​မူ​ကြောင်း ကို​ငါ​တို့​သိ​၏။- အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​သည်​သ​တင်း ကောင်း​ကို စ​ကား​သက်​သက်​ဖြင့်​သာ​မ​ဟုတ် ဘဲ​တန်​ခိုး​နှင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ ထို​သ​တင်း ကောင်း​မှန်​ကန်​ကြောင်း​ကို​လုံး​ဝ​စိတ်​ချ ယုံ​ကြည်​သော​စိတ်​နှင့်​လည်း​ကောင်း သင်​တို့ အား​ဟော​ပြော​သော​ကြောင့်​ဖြစ်​၏။ ငါ​တို့ သည်​သင်​တို့​နှင့်​အ​တူ​ရှိ​စဉ်​အ​ခါ​က သင်​တို့​၏​အ​ကျိုး​ငှာ ငါ​တို့​အ​ဘယ်​သို့​ပြု မူ​နေ​ထိုင်​ခဲ့​ကြ​သည်​ကို​သင်​တို့​အ​သိ ပင်​ဖြစ်​၏။- သင်​တို့​သည်​ငါ​တို့​၏​ပုံ​စံ​နှင့်​သခင်​ဘု​ရား ၏​ပုံ​စံ​တော်​အ​တိုင်း​လိုက်​လျှောက်​ခဲ့​ကြ​၏။ သင်​တို့​သည်​များ​စွာ​ဆင်း​ရဲ​ဒုက္ခ​ရောက်​ရ ကြ​သော်​လည်း သန့်​ရှင်း​သော​ဝိညာဉ်​တော်​မှ ရ​သော​ဝမ်း​မြောက်​ခြင်း​ဖြင့်​တ​ရား​တော် ကို​ခံ​ယူ​ကြ​၏။- သို့​ဖြစ်​၍​သင်​တို့​သည်​မာ​ကေ​ဒေါ​နိ​ပြည်​နှင့် အ​ခါ​ယ​ပြည်​ရှိ ယုံ​ကြည်​သူ​အ​ပေါင်း​တို့ အ​တွက်​စံ​န​မူ​နာ​ဖြစ်​လေ​သည်။- အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​၏​ပြု​မူ​ကျင့် ကြံ​မှု​ကြောင့်​သ​ခင်​ဘု​ရား​၏​တ​ရား​တော်​သည် မာ​ကေ​ဒေါ​နိ​ပြည်​နှင့်​အ​ခါ​ယ​ပြည်​တို့​တွင် ပျံ့​နှံ့​သွား​သည်​သာ​မ​က ဘု​ရား​သ​ခင်​အား သင်​တို့​ယုံ​ကြည်​ခြင်း​သ​တင်း​သည်​အ​ရပ် တ​ကာ​သို့​ရောက်​ရှိ​သွား​ပေ​သည်။ သို့​ဖြစ်​၍ ငါ​တို့​ပြော​ဆို​ရန်​မ​လို​တော့​ချေ။- သင်​တို့​ထံ​ငါ​တို့​လာ​ရောက်​စဉ်​အ​ခါ​က သင်​တို့​အ​ဘယ်​သို့​ဧည့်​ခံ​ကြို​ဆို​ကြ​ကြောင်း ကို​လည်း​ကောင်း၊ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား စစ်​ဘု​ရား​မှန်​ကို​ကိုး​ကွယ်​နိုင်​ရန်​နှင့် ကောင်း​ကင် ဘုံ​မှ​ကိုယ်​တော်​၏​သား​တော်​ကြွ​လာ​တော်​မူ မည်​ကို​စောင့်​မျှော်​နိုင်​ရန် ရုပ်​တု​များ​ကို​စွန့်​၍ ဘု​ရား​သခင်​ထံ​တော်​သို့​သင်​တို့​အ​ဘယ်​သို့ ချဉ်း​ကပ်​လာ​ကြ​ကြောင်း​ကို​လည်း​ကောင်း ထို သူ​အ​ပေါင်း​တို့​ပြော​ဆို​၏။ ထို​သား​တော် ယေ​ရှု​ကား​သေ​ခြင်း​မှ​ဘု​ရား​သ​ခင် ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ​သော၊ သက် ရောက်​မည့်​အ​မျက်​တော်​မှ​ငါ​တို့​အား ကယ်​ဆယ်​တော်​မူ​သော​အ​ရှင်​ဖြစ်​သ​တည်း။

၁ သက်သာလောနိတ် 1:4-10 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဘုရားသခင်​ချစ်​တော်မူ​သော​ညီအစ်ကို​တို့၊ သင်​တို့​သည် ရွေးကောက်​တော်မူ​ခြင်း​ခံရ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။ အကြောင်းမူကား ငါ​တို့​ဟောပြော​သည့် ကောင်းမြတ်​သော​သတင်း​သည် စကား​အားဖြင့်​သာ​မ​ဟုတ်​ဘဲ တန်ခိုး​တော်​အားဖြင့်​လည်းကောင်း၊ သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့်​လည်းကောင်း၊ ပြည့်ဝ​သော​စိတ်ချ​မှု​အားဖြင့်​လည်းကောင်း သင်​တို့​ထံသို့​ရောက်လာ​၏။ ငါ​တို့​သည် သင်​တို့​နှင့်အတူ​ရှိ​စဉ် သင်​တို့​အတွက် မည်ကဲ့သို့သော​သူ​ဖြစ်​ကြ​သည်​ကို သင်​တို့​သိ​ကြ​၏။ သင်​တို့​သည်​လည်း များစွာ​သော​ဆင်းရဲ​ဒုက္ခ​ထဲ၌ သန့်ရှင်း​သော​ဝိညာဉ်​တော်​ထံမှ​ရရှိ​သော​ဝမ်းမြောက်​ခြင်း​ဖြင့် နှုတ်ကပတ်တော်​ကို​လက်ခံ​၍ ငါ​တို့​နှင့်​သခင်​ဘုရား​ကို အတုယူ​သူ​များ​ဖြစ်​ကြ​၏။ ဤသို့ဖြင့် သင်​တို့​သည် မာကေဒေါနိ​ပြည်​နှင့်​အခါယ​ပြည်​၌​ရှိ​သော ယုံကြည်​သူ​အားလုံး​အတွက် စံနမူနာ​ဖြစ်​ကြ​၏။ အဘယ်ကြောင့်​ဆိုသော် သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​သည် သင်​တို့​ထံမှ မာကေဒေါနိ​ပြည်​နှင့်​အခါယ​ပြည်​သို့ ပဲ့တင်ထပ်​သွား​ခဲ့​သည်​သာမက ဘုရားသခင်​အပေါ်​၌​ရှိ​သော သင်​တို့​၏​ယုံကြည်​ခြင်း​အကြောင်း​သည်​လည်း နေရာ​အနှံ့​သို့ ပျံ့နှံ့​လေ​ပြီ​ဖြစ်​သောကြောင့် ငါ​တို့​၌​ပြော​စရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ။ အကြောင်းမူကား သင်​တို့​သည် ငါ​တို့​ကို မည်ကဲ့သို့​လက်ခံ​ကြ​သည်​ကို​လည်းကောင်း၊ အသက်ရှင်​တော်မူ​၍​စစ်မှန်​သော​ဘုရားသခင်​ကို အစေခံ​ရန်​နှင့် ကျရောက်​လာ​မည့်​အမျက်​တော်​မှ ငါ​တို့​ကို​ကယ်နုတ်​တော်မူ​သည့် ယေရှု​တည်းဟူသော သေ​သော​သူ​တို့​ထဲမှ ဘုရားသခင်​ထမြောက်​စေ​တော်မူ​သော​သား​တော်​သည် ကောင်းကင်​ဘုံ​မှ​ကြွလာ​တော်မူ​မည်​ကို စောင့်မျှော်​ရန် သင်​တို့​သည် ရုပ်တု​များ​ကို​စွန့်​၍ ဘုရားသခင်​ထံ မည်ကဲ့သို့​ပြောင်းလဲ​လာ​ကြ​သည်​ကို​လည်းကောင်း သူ​တို့​ကိုယ်တိုင်​ပြောကြား​ကြ​၏။