YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 25:23-31

၁ ဓမ္မရာဇဝင် 25:23-31 Judson Bible (JBMLE)

အ​ဘိ​ဂဲ​လ​သည် ဒါ​ဝိဒ်​ကို မြင်​သော​အ​ခါ၊ မြည်း​ပေါ်​က အ​လျင်​အ​မြန်​ဆင်း​ပြီး​လျှင် ဒါ​ဝိဒ်​ရှေ့​တွင် မြေ​ပေါ်​မှာ ဦး​ညွှတ်​ချ၍၊ သူ၏​ခြေ​ရင်း၌ ဝပ်​တွား​လျက်၊ ကျွန်​မ​သ​ခင်၊ အ​ပြစ်​ရှိ​သ​မျှ​ကို ကျွန်​မ​ခံ​ပါ​မည်။ ကိုယ်​တော်၏​ကျွန်​မ​သည် နား​တော်​လျှောက်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ။ ကိုယ်​တော်၏​ကျွန်​မ​စ​ကား​ကို နား​ညောင်း​တော်​မူ​ပါ။ ထို​အ​ဓ​မ္မ​လူ နာ​ဗ​လ​ကို ကျွန်​မ​သ​ခင် မှတ်​တော်​မ​မူ​ပါ​နှင့်။ သူ၏​အ​မည်​သည် သူ၏​သ​ဘော​နှင့် ညီ​ညွတ်​ပါ၏။ သူ၏​အ​မည်​ကား နာ​ဗ​လ။ သူ၏​သ​ဘော​ကား မိုက်​ခြင်း​ဖြစ်​သ​တည်း။ သ​ခင်​စေ​လွှတ်​တော်​မူ​သော လု​လင်​တို့​ကို ကိုယ်​တော်​ကျွန်​မ​သည် မ​မြင်​ရ​ပါ။ ယ​ခု​မှာ ကျွန်​မ​သ​ခင်၊ ကိုယ်​တော်​သည် လူ​အ​သက်​ကို​သတ်​ခြင်း​ငှာ မ​သွား​မည်​အ​ကြောင်း ကိုယ်​လက်​နှင့် ကိုယ်​အ​မှု​ကို​စောင့်၍ အ​ပြစ်​ဒဏ်​မ​ပေး​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​ဆီး​တား​တော်​မူ​သည်​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား အ​သက်​တော် ကိုယ်​တော်​အ​သက်​လည်း ရှင်​တော်​မူ​သည်​အ​တိုင်း၊ အ​ကျိုး​တော်​ကို ဖျက်​ဆီး​လို​သော ကိုယ်​တော်၏​ရန်​သူ​တို့​သည် နာ​ဗ​လ​ကဲ့​သို့ ဖြစ်​ကြ​ပါ​စေ​သော။ ယ​ခု​မှာ ကိုယ်​တော်၏​ကျွန်​မ​သည် သ​ခင့်​ထံ​သို့ ဆောင်​ခဲ့​သော လက်​ဆောင်​ကို ကျွန်​မ​သ​ခင်​နောက်​တော်​သို့ လိုက်​သော​လု​လင်​တို့​အား ပေး​စေ​တော်​မူ​ပါ။ ကိုယ်​တော်၏​ကျွန်​မ​အ​ပြစ်​ကို သည်း​ခံ​တော်​မူ​ပါ။ ကျွန်​မ​သ​ခင်​သည် ထာ​ဝ​ရ​ဘု​ရား​ဘက်​မှာ စစ်​တိုက်​သော​ကြောင့်​လည်း​ကောင်း၊ တစ်​သက်​လုံး ကိုယ်​တော်၌​အ​ပြစ်​တင်​စ​ရာ အ​ခွင့်​မ​ရှိ​သော​ကြောင့်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ကျွန်​မ၏​သ​ခင်​အ​ဖို့ ခိုင်​ခံ့​မြဲ​မြံ​သော​အိမ်​ကို တည်​ဆောက်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်၏​အ​သက်​ကို သတ်​အံ့​သော​ငှာ လူ​အ​ချို့​တို့​သည် ထ၍​ရှာ​သော်​လည်း၊ ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ကျွန်​မ​သ​ခင်၏​အ​သက်​ကို အ​သက်​ထုပ်၌ နှောင်​ဖွဲ့​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်၏ ရန်​သူ​တို့​အ​သက်​ကို​မူ​ကား၊ လောက်​လွှဲ​ထဲ​က ပစ်​သ​ကဲ့​သို့ ပစ်​တော်​မူ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား က​တိ​ထား​တော်​မူ​သည်​အ​တိုင်း၊ ကိုယ်​တော်၌ ကျေး​ဇူး​ပြု၍ ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး​စေ​ခြင်း​ငှာ ခန့်​ထား​တော်​မူ​သော​အ​ခါ၊ ကျွန်​မ၏​သ​ခင်​ကိုယ်​တော်​သည် အ​ကြောင်း​မ​ရှိ​ဘဲ လူ​အ​သက်​ကို သတ်​မိ​သော​ကြောင့်​လည်း​ကောင်း၊ ကိုယ်​အ​မှု​ကို စောင့်၍၊ အ​ပြစ်​ဒဏ်​ပေး​မိ​သော​ကြောင့်​လည်း​ကောင်း ကျွန်​မ၏​သ​ခင် ကိုယ်​တော်​သည် စိတ်​ညှိုး​ငယ်​ခြင်း၊ ကိုယ်​တိုင်​ကိုယ် အ​ပြစ်​တင်​ခြင်း​နှင့် ကင်း​လွတ်​တော်​မူ​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား​သည် ကျွန်​မ၏​သ​ခင်၌ ကျေး​ဇူး​ပြု​တော်​မူ​ပြီး​မှ၊ ကိုယ်​တော်၏​ကျွန်​မ​ကို အောက်​မေ့​တော်​မူ​ပါ​ဟု လျှောက်​လေ၏။

၁ ဓမ္မရာဇဝင် 25:23-31 Common Language Bible (BCL)

အ​ဘိ​ဂဲ​လ​သည်​ဒါ​ဝိဒ်​ကို​မြင်​လျှင်​ဆော​လျင် စွာ​မြည်း​ပေါ်​မှ​ဆင်း​၍ ဒါ​ဝိဒ်​၏​ခြေ​ရင်း​တွင် မြေ​ပေါ်​သို့​လှဲ​ချ​ကာ ဤ​သို့​လျှောက်​၏။ ``အ​ရှင်၊ ကျေး​ဇူး​ပြု​၍​ကျွန်​မ​၏​စ​ကား​ကို​နား​ထောင် တော်​မူ​ပါ။ ဖြစ်​ခဲ့​သ​မျှ​အ​မှု​အ​တွက်​ကျွန်​မ ကို​ပင်​အ​ပြစ်​တင်​တော်​မူ​ပါ။- အ​သုံး​မ​ကျ​သူ၊ နာ​ဗ​လ​၏​စ​ကား​ကို​ဂ​ရု ပြု​တော်​မ​မူ​ပါ​နှင့်။ သူ​သည်​မိ​မိ​နာ​မည်​နှင့် လိုက်​အောင် မိုက်​မဲ​သူ​ဖြစ်​ပါ​၏။ အ​ရှင်၊ အ​ရှင့်​အ​စေ​ခံ​များ​လာ​ရောက်​ချိန်​က အိမ်​တွင်​ကျွန်​မ​မ​ရှိ​ပါ။- ရန်​သူ​များ​ကို​အ​ရှင်​ကိုယ်​တိုင်​သတ်​ဖြတ်​၍ လက် စား​ချေ​မှု​ကို​မ​ပြု​ရန်​ဆီး​တား​တော်​မူ​သူ​မှာ ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ အ​ရှင်​၏ ရန်​သူ​များ​သည်​လည်း​ကောင်း၊ အ​ရှင့်​အား​ဘေး အန္တ​ရာယ်​ပြု​လို​သူ​အ​ပေါင်း​တို့​သည်​လည်း ကောင်း နာ​ဗ​လ​ကဲ့​သို့​ပင်​အ​ပြစ်​ဒဏ်​စီ​ရင် ခြင်း​ကို​ခံ​ရ​ကြ​ပါ​စေ​သော​ဟု အ​သက်​ရှင် တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည် ၍​ကျွန်​မ​ကျိန်​ဆို​ပါ​၏။- အ​ရှင်၊ အ​ရှင်​၏​ထံ​သို့​ကျွန်​မ​ယူ​ဆောင်​လာ သော​လက်​ဆောင်​များ​ကို​ကျေး​ဇူး​ပြု​၍ လက်​ခံ​ပြီး​လျှင် အ​ရှင်​၏​လူ​တို့​အား​ပေး တော်​မူ​ပါ။- ကျွန်​မ​ပြု​မိ​ခဲ့​သော​အ​မှား​အ​တွက်​အ​ပြစ် လွှတ်​တော်​မူ​ပါ။ အ​ရှင်​သည်​ထာ​ဝ​ရ​ဘု​ရား ၏​စစ်​ပွဲ​များ​ကို​ဆင်​နွှဲ​လျက်​ရှိ​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​သည်​အ​ရှင်​နှင့်​အ​ရှင့်​သား​မြေး​တို့​အား မင်း​မြှောက်​တော်​မူ​ပါ​လိမ့်​မည်။ အ​ရှင်​၌​လည်း အ​သက်​ထက်​ဆုံး​ဘေး​ရောက်​မည်​မ​ဟုတ်​ပါ။- အ​ကယ်​၍​တစ်​စုံ​တစ်​ယောက်​သော​သူ​သည် အ​ရှင့်​အား​တိုက်​ခိုက်​သတ်​ဖြတ်​ရန်​ကြိုး​စား ပါ​မူ လူ​သည်​အ​ဖိုး​ထိုက်​သည့်​ရ​တ​နာ​ကို လုံ​ခြုံ​စွာ​သိမ်း​ဆည်း​ထား​တတ်​သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှင်​၏​အ​သက်​ကို လည်း​ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​တော်​မူ​ပါ​လိမ့် မည်။ အ​ရှင်​၏​ရန်​သူ​တို့​ကို​မူ​ကား လူ​သည် ကျောက်​ခဲ​ကို​လောက်​လွှဲ​ဖြင့်​ပစ်​ထုတ်​သ​ကဲ့ သို့​ကိုယ်​တော်​ပစ်​ထုတ်​တော်​မူ​ပါ​လိမ့်​မည်။- ထာ​ဝ​ရ​ဘု​ရား​သည်​မိမိ​က​တိ​ထား​တော်​မူ သ​မျှ​သော​ကောင်း​ကျိုး​ချမ်း​သာ​များ​ကို အ​ရှင် အား​မု​ချ​ပေး​တော်​မူ​၍​ဣ​သ​ရေ​လ​ဘု​ရင် အ​ဖြစ်​ဖြင့်​ဘိ​သိက်​သွန်း​တော်​မူ​သော​အ​ခါ၊- အ​ရှင်​သည်​မိ​မိ​ပြု​ခဲ့​သည့်​လက်​စား​ချေ​မှု​နှင့် အ​ကြောင်း​မဲ့​သတ်​ဖြတ်​မှု​တို့​အ​တွက်​ဝမ်း​နည်း ရ​လိမ့်​မည်​မ​ဟုတ်​ပါ။ နောင်​တ​ရ​ရန်​အ​ကြောင်း လည်း​ရှိ​လိမ့်​မည်​မ​ဟုတ်​ပါ။ အ​ရှင်​ပြု​သည့်​အ​မှု မှန်​သ​မျှ​ကို​ထာ​ဝ​ရ​ဘု​ရား​ကောင်း​ချီး​ပေး တော်​မူ​သော​အ​ခါ ကျွန်​တော်​မ​အား​သ​တိ​ရ တော်​မူ​ပါ။''

၁ ဓမ္မရာဇဝင် 25:23-31 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အဘိဂဲလ​သည် ဒါဝိဒ်​ကို​မြင်​လျှင် မြည်း​ပေါ်​မှ​အလျင်အမြန်​ဆင်း​၍ ဒါဝိဒ်​ရှေ့ မြေ​ပေါ်တွင် ဦးညွှတ်​ပျပ်ဝပ်​လေ​၏​။ အဘိဂဲလ​သည် ဒါဝိဒ်​ခြေရင်း​တွင် ပျပ်ဝပ်​လျက် “​အကျွန်ုပ်​၏​သခင်​၊ အကျွန်ုပ်​ကို​သာ အပြစ်​ပေး​ပါ​။ ယခု သခင့်​ကျွန်မ​လျှောက်တင်​ပါရစေ​။ သခင့်​ကျွန်မ​၏​စကား​ကို နားထောင်​ပေး​ပါ​။ အကျွန်ုပ်​၏​သခင်​၊ ဤ​ဆိုးညစ်​သော​သူ​နာဗလ​ကို စိတ်​ထဲ​မ​ထား​ပါ​နှင့်​။ သူ​သည် သူ​၏​နာမည်​နှင့်​လိုက်​ပါ​၏​။ နာဗလ​ဟူသော​နာမည်​နှင့်အညီ မိုက်မဲ​သော​သူ​ဖြစ်​ပါ​၏​။ သခင်​စေလွှတ်​လိုက်​သော သခင့်​လူ​တို့​ကို သခင့်​ကျွန်မ မ​တွေ့​လိုက်​ရ​ပါ​။ ယခုမှာ အကျွန်ုပ်​၏​သခင်​၊ ထာဝရဘုရား​အသက်ရှင်​တော်မူ​သည်​နှင့်အညီ​၊ သခင်​လည်း အသက်ရှင်​သည်​နှင့်အညီ ထာဝရဘုရား​သည် သခင့်​လက်​ကို လူသတ်​ခြင်း​ဘေး​၊ သခင်​ကိုယ်တိုင် လက်စားချေ​ခြင်း​ဘေး​မှ ဆီးတား​တော်မူ​ပြီ​။ သခင့်​ရန်သူ​၊ သခင့်​ကို အန္တရာယ်​ပြု​ရန် ကြံစည်​သော​သူ​တို့​သည် နာဗလ​ကဲ့သို့ ဖြစ်​ကြ​ပါစေသော​။ ယခု သခင့်​အဖို့ သခင့်​ကျွန်မ ယူလာ​သော​လက်ဆောင်​ကို သခင့်​နောက်လိုက်​ငယ်သား​တို့​အား ပေး​လိုက်​ပါရစေ​။ သခင့်​ကျွန်မ​၏​အပြစ်​ကို ခွင့်လွှတ်​တော်မူ​ပါ​။ သခင်​သည် ထာဝရဘုရား​အဖို့ စစ်တိုက်​သော​သူ​ဖြစ်​ပါ​၏​။ သခင်​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး သခင်​၌ မည်သည့်​မကောင်းမှု​ကို​မျှ မ​တွေ့​ရ​ပါ​။ သို့ဖြစ်၍​ထာဝရဘုရား​သည် အကျွန်ုပ်​သခင်​၏​အမျိုးအနွယ်​ကို တည်မြဲ​စေ​တော်မူ​ပါစေသော​။ တစ်စုံတစ်ယောက်​သည် ထ​၍ သခင့်​ကို​လိုက်​ပြီး သခင့်​အသက်​ကို ရန်ရှာ​မည်​ဆို​လျှင် သခင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် အကျွန်ုပ်​သခင်​၏​အသက်​ကို အသက်​အိတ်​ထဲ၌​လုံခြုံ​စွာ ထုပ်​ထား​တော်မူ​ပါစေသော​။ သခင့်​ရန်သူ​တို့​၏​အသက်​ကို​ကား လောက်လွှဲ​ထဲမှ​လောက်စာလုံး​ကို လွှဲပစ်​သကဲ့သို့ လွှဲပစ်​တော်မူ​ပါစေသော​။ ထာဝရဘုရား​သည် အကျွန်ုပ်​သခင့်​အဖို့ မိန့်​တော်မူ​ခဲ့​သော​ကောင်းမြတ်​သော​အရာ​ရှိသမျှ​တို့​သည် အမှန်​ဖြစ်လာ​ပါစေသော​။ သခင့်​အား အစ္စရေး​လူမျိုး​ကို အုပ်ချုပ်သူမင်း​အဖြစ် ခန့်ထား​တော်မူ​ပါစေသော​။ သို့မှ အကျွန်ုပ်​သခင်​သည် အကြောင်းမဲ့​လူသတ်​ခြင်း​၊ ကိုယ်တိုင်​လက်စားချေ​ခြင်း​ကြောင့် စိတ်သောက​ရောက်​စရာ​၊ စိတ်အနှောင့်အယှက်​ဖြစ်စရာ​အကြောင်း မ​ရှိ​ဘဲ​နေ​လိမ့်မည်​။ ထိုသို့ ထာဝရဘုရား​သည် အကျွန်ုပ်​၏​သခင်​ကို ကောင်းစား​စေ​သောအခါ သခင့်​ကျွန်မ​ကို​လည်း သတိရ​ပါ​”​ဟု ဆို​လေ​၏​။