YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 16:6-13

၁ ဓမ္မရာဇဝင် 16:6-13 Judson Bible (JBMLE)

သူ​တို့​သည် ရောက်​လာ​သော​အ​ခါ ဧ​လျာ​ဘ​ကို ကြည့်​ရှု၍၊ စင်​စစ်​ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် ဘိ​သိက်​ခံ​ရ​သော​သူ​သည် ငါ့​ရှေ့​မှာ​ရှိ၏​ဟု ဆို​လေ​သော်၊ ထာ​ဝ​ရ​ဘု​ရား​က၊ သူ၏​မျက်​နှာ၊ သူ၏​အ​ရပ်​ကို မ​ကြည့်​မ​ရှု​နှင့်။ သူ့​ကို ငါ​ပယ်​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် လူ​မြင်​သ​ကဲ့​သို့ မြင်​တော်​မူ​သည်​မ​ဟုတ်။ လူ​သည် အ​ဆင်း​သ​ဏ္ဌာန်​ကို​ကြည့်​ရှု​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​မူ​ကား နှ​လုံး​ကို​ကြည့်​ရှု​တတ်​သည်​ဟု ရှ​မွေ​လ​အား​မိန့်​တော်​မူ၏။ တစ်​ဖန် ယေ​ရှဲ​သည် အ​ဘိ​န​ဒပ်​ကို​ခေါ်၍ ရှ​မွေ​လ​ရှေ့​မှာ သွား​စေ​သ​ဖြင့်၊ ရှ​မွေ​လ​က၊ ဤ​သူ​ကို​လည်း ထာ​ဝ​ရ​ဘု​ရား ရွေး​တော်​မ​မူ​ဟု​ဆို၏။ တစ်​ဖန် ယေ​ရှဲ​သည် ရှိ​မာ​ကို သွား​စေ​သ​ဖြင့်၊ ဤ​သူ​ကို​လည်း ထာ​ဝ​ရ​ဘု​ရား​ရွေး​တော်​မ​မူ​ဟု ဆို၏။ တစ်​ဖန် ယေ​ရှဲ​သည် သား​ခု​နစ်​ယောက်​တို့​ကို ရှ​မွေ​လ​ရှေ့​မှာ သွား​စေ​သ​ဖြင့်၊ ရှ​မွေ​လ​က၊ ဤ​သူ​တို့​ကို​လည်း ထာ​ဝ​ရ​ဘု​ရား ရွေး​တော်​မ​မူ။ သင်၌ သား​မ​ရှိ​ပြီ​လော​ဟု ယေ​ရှဲ​အား​မေး​လျှင်၊ ယေ​ရှဲ​က အ​ငယ်​ဆုံး​သော​သား ရှိ​ပါ​သေး၏။ သိုး​တို့​ကို ထိန်း​ကျောင်း​လျက်​နေ​ပါ​သည်​ဟု ပြော​ဆို​သော်၊ ရှ​မွေ​လ​က သူ့​ကို​ခေါ်​စေ​ခြင်း​ငှာ လူ​ကို​စေ​လွှတ်​ပါ။ သူ​မ​ရောက်​မီ ပွဲ​သို့​ဝင်၍ မ​ထိုင်​ရ​ဟု ဆို​သည်​အ​တိုင်း၊ စေ​လွှတ်၍ သူ့​ကို​ခေါ်​ခဲ့၏။ သူ​သည် နီ​သော​ဆံ​ပင်​ရှိ၏။ လှ​သော​အ​ဆင်း​နှင့် ချစ်​ဖွယ်​သော​မျက်​နှာ​လည်း ရှိ၏။ ထာ​ဝ​ရ​ဘု​ရား​က ဤ​သူ​ပေ​တည်း။ ထ၍​ဘိ​သိက်​ပေး​လော့​ဟု မိန့်​တော်​မူ၏။ ရှ​မွေ​လ​သည်​လည်း၊ ဆီ​ဘူး​ကို​ယူ၍ သူ၏​အစ်​ကို​စု​ထဲ​မှာ သူ့​ကို ဘိ​သိက်​ပေး​လေ၏။ ထို​နေ့​မှ​စ၍ ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ဒါ​ဝိဒ်​အ​ပေါ်​မှာ သက်​ရောက်​လေ၏။ ရှ​မွေ​လ​သည်​ထ၍ ရာ​မ​မြို့​သို့ ပြန်​သွား၏။

၁ ဓမ္မရာဇဝင် 16:6-13 Common Language Bible (BCL)

သူ​တို့​ရောက်​လာ​ကြ​သော​အ​ခါ​ရှ​မွေ​လ သည်​ယေ​ရှဲ​၏​သား​ဧ​လျာ​ဘ​ကို​မြင်​လျှင်``ဤ တွင်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​ရပ်​နေ သော​သူ​ကား​ကိုယ်​တော်​ရွေး​ချယ်​တော်​မူ သည့်​သူ​အ​မှန်​ပင်​ဖြစ်​ရာ​၏'' ဟု​တွေး တော​မိ​၏။- သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``ထို​သူ​၏ အ​ရပ်​အ​မောင်း​ကောင်း​မှု​နှင့်​တင့်​တယ် လှ​ပ​မှု​တို့​ကို​မ​ကြည့်​နှင့်။ ငါ​သည်​လူ​တို့ ကဲ့​သို့​အ​ကဲ​ဖြတ်​သည်​မ​ဟုတ်။ သို့​ဖြစ်​၍ သူ့​ကို​ငါ​ပယ်​ပြီ။ လူ​သည်​ပြင်​ပ​သဏ္ဌာန်​ကို ကြည့်​တတ်​၏။ ငါ​မူ​ကား​စိတ်​နှ​လုံး​ကို ကြည့်​၏'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​ယေ​ရှဲ​သည်​မိ​မိ​သား​အ​ဘိ​န​ဒပ် ကို​ရှ​မွေ​လ​ထံ​သို့​ခေါ်​ခဲ့​၏။ သို့​ရာ​တွင် ရှ​မွေ​လ​က``သူ့​ကို​လည်း​ထာ​ဝ​ရ​ဘု​ရား ရွေး​ချယ်​တော်​မ​မူ'' ဟု​ဆို​၏။- ယေ​ရှဲ​သည်​ရှိ​မာ​ကို​ခေါ်​လိုက်​၏။ ထို​အ​ခါ``ဤ သူ့​ကို​လည်း​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​တော် မ​မူ'' ဟု​ရှ​မွေ​လ​ဆို​ပြန်​၏။- ဤ​နည်း​အား​ဖြင့်​ယေ​ရှဲ​သည်​မိ​မိ​၏​သား ခု​နစ်​ယောက်​အ​ထိ​ရှ​မွေ​လ​ထံ​သို့​ခေါ်​ပေး လေ​သည်။ ရှ​မွေ​လ​က​လည်း``ဤ​သူ​တို့​အ​ထဲ မှ​မည်​သူ့​ကို​မျှ​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ် တော်​မ​မူ'' ဟု​ဆို​ပြီး​လျှင်၊- ``သင့်​မှာ​အ​ခြား​သား​များ​ရှိ​ပါ​သေး​သ​လော'' ဟု​ယေ​ရှဲ​အား​မေး​၏။ ယေ​ရှဲ​က``သား​အ​ငယ်​ဆုံး​ရှိ​ပါ​သေး​သည်။ သူ​သည်​သိုး​များ​ကို​ကျောင်း​လျက်​နေ​ပါ​၏'' ဟု​ဆို​၏။ ရှ​မွေ​လ​က``သူ့​အား​ခေါ်​ခဲ့​လော့။ သူ​မ​ရောက် မ​ချင်း​ငါ​တို့​သည်​ယဇ်​ပူ​ဇော်​ပွဲ​ကို​ဝင်​ကြ မည်​မ​ဟုတ်'' ဟု​ပြော​၏။- သို့​ဖြစ်​၍​ယေ​ရှဲ​သည်​ထို​သား​ကို​ခေါ်​စေ​၏။ သူ​သည်​တင့်​တယ်​လှ​ပ၊ ကျန်း​မာ​သန်​စွမ်း​သော လူ​ငယ်​လူ​ရွယ်​တစ်​ဦး​ဖြစ်​၏။ သူ​၏​မျက်​စိ များ​သည်​တောက်​ပ​ကြည်​လင်​၏။ ထာ​ဝ​ရ ဘု​ရား​က​ရှ​မွေ​လ​အား``ငါ​ရွေး​ချယ်​သူ ကား​ဤ​သူ​ပေ​တည်း။ သူ့​အား​ဘိ​သိက်​ပေး လော့'' ဟု​မိန့်​တော်​မူ​၏။- ရှ​မွေ​လ​သည်​သံ​လွင်​ဆီ​ကို​ယူ​၍​ဒါဝိဒ်​အား သူ​၏​အစ်​ကို​များ​ရှေ့​တွင်​ဘိ​သိက်​ပေး​လေ သည်။ ထို​နေ့​မှ​အ​စ​ပြု​၍​ဘု​ရား​သ​ခင်​၏ ဝိ​ညာဉ်​တော်​သည် ဒါ​ဝိဒ်​အ​ပေါ်​သို့​သက်​ရောက် တည်​နေ​တော်​မူ​၏။ ထို​နောက်​ရှ​မွေ​လ​သည် ရာ​မ​မြို့​သို့​ပြန်​လေ​၏။

၁ ဓမ္မရာဇဝင် 16:6-13 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သူ​တို့​ရောက်လာ​ကြ​သောအခါ ရှမွေလ​သည် ဧလျာဘ​ကို​မြင်​လျှင် “​ထာဝရဘုရား ဘိသိက်ပေး​မည့်​သူ​သည် ရှေ့မှောက်​တော်​သို့ ရောက်​ပြီ​”​ဟု တွေး​၏​။ ထိုအခါ ထာဝရဘုရား​က ရှမွေလ​အား “​သူ​၏​ရုပ်ရည်အဆင်း​နှင့် အရပ်အမောင်း​ကို မ​ကြည့်​နှင့်​။ သူ့​ကို ငါ​ပယ်​ပြီ​။ ထာဝရဘုရား​သည် လူ​မြင်​သကဲ့သို့ မြင်​တော်မူ​သည်​မ​ဟုတ်​။ လူ​သည် အပြင်ပန်း​သဏ္ဌာန်​ကို​သာ ကြည့်​တတ်​၏​။ ထာဝရဘုရား​မူကား စိတ်နှလုံး​ကို ကြည့်​တော်မူ​၏​”​ဟု မိန့်​တော်မူ​၏​။ တစ်ဖန် ယေရှဲ​သည် အဘိနဒပ်​ကို ရှမွေလ​ရှေ့​သို့ ခေါ်လာ​ပြ​လျှင် ရှမွေလ​က “​ဤ​သူ​ကို​လည်း ထာဝရဘုရား ရွေး​တော်​မ​မူ​”​ဟု ဆို​၏​။ တစ်ဖန် ယေရှဲ​သည် ရှမ္မ​ကို ခေါ်လာ​ပြ​လျှင် ရှမွေလ​က “​သူ့​ကို​လည်း ထာဝရဘုရား ရွေး​တော်​မ​မူ​”​ဟု ဆို​၏​။ ယေရှဲ​သည် သား​ခုနစ်​ယောက်​ကို ရှမွေလ​ရှေ့​သို့ ခေါ်လာ​ပြ​၏​။ သို့သော် ရှမွေလ​က ယေရှဲ​အား “​သူ​တို့​ကို ထာဝရဘုရား​ရွေး​တော်​မ​မူ​”​ဟူ၍​သာ ပြော​၏​။ ထို့နောက် ရှမွေလ​က ယေရှဲ​အား “​သင်​၌ သား ကုန်​ပြီ​လော​”​ဟု မေး​လျှင် သူ​က “​အငယ်ဆုံး​သား ရှိ​ပါ​သေး​၏​။ ယခု သိုးကျောင်း​လျက်​ရှိ​ပါ​၏​”​ဟု ဆို​၏​။ ထိုအခါ ရှမွေလ​က ယေရှဲ​အား “​သူ့​ကို လူ​လွှတ်​၍ ခေါ်​ပေး​ပါ​လော့​။ သူ​မ​လာ​မ​ချင်း ငါ​တို့​ထိုင်​၍​စားသောက်​ရ​မည်​မ​ဟုတ်​”​ဟု ဆို​၏​။ ထို့ကြောင့် လူ​လွှတ်​၍ သူ့​ကို​ခေါ်လာ​စေ​၏​။ သူ​သည် နီမြန်း​သော​အသားအရေ​၊ လှပ​သော​မျက်လုံး​နှင့် ခန့်ညား​သော​ရုပ်ရည်​ရှိ​၏​။ ထာဝရဘုရား​က “​ဤ​သူ​ပင်​ဖြစ်​၏​။ ထ​၍ သူ့​ကို​ဘိသိက်ပေး​လော့​”​ဟု မိန့်​တော်မူ​၏​။ ရှမွေလ​သည်​လည်း ဦးချို​ဆီဘူး​ကို ယူ​၍ သူ့​ညီအစ်ကို​တို့​အလယ်​တွင် သူ့​ကို ဘိသိက်ပေး​လေ​၏​။ ထို​နေ့​မှစ၍ ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ဒါဝိဒ်​အပေါ် တည်​နေ​တော်မူ​၏​။ ရှမွေလ​လည်း ရာမ​မြို့​သို့ ပြန်သွား​လေ​၏​။