YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 13:13-14

၁ ဓမ္မရာဇဝင် 13:13-14 Judson Bible (JBMLE)

ရှ​မွေ​လ​က​လည်း သင်​သည် မှား​ပြီ။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထား​တော်​မူ​သော ပ​ညတ်​တ​ရား​ကို မ​စောင့်​ပါ​တ​ကား။ စောင့်​မိ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး၌​သင်၏​အာ​ဏာ​ကို ယ​ခု​မှ​စ၍ အ​စဉ်​အ​မြဲ တည်​စေ​တော်​မူ​ပြီ။ ယ​ခု​မူ​ကား သင်၏ အာ​ဏာ​မ​တည်​ရ။ ထာ​ဝ​ရ​ဘု​ရား​သည် စိတ်​နှ​လုံး​တော်​နှင့် ညီ​ညွတ်​သော​သူ​ကို ရှာ​တော်​မူ၏။ ထို​သူ​သည် လူ​မျိုး​တော်​အ​ပေါ်​မှာ​မင်း​ဖြစ်​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပြီ။ အ​ကြောင်း​မူ​ကား၊ သင်​သည် ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း​မ​ကျင့်​ဟု ရှော​လု​အား​ဆို​ပြီး​လျှင်၊

၁ ဓမ္မရာဇဝင် 13:13-14 Common Language Bible (BCL)

ရှ​မွေ​လ​က``သင်​ပြု​သည့်​အ​မှု​သည်​မိုက်​မဲ သော​အ​မှု​ဖြစ်​၏။ သင်​သည်​မိ​မိ​၏​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​အ​မိန့် တော်​ကို​နား​မ​ထောင်။ အ​ကယ်​၍​နား​ထောင် ခဲ့​ပါ​လျှင်​ကိုယ်​တော်​သည်​သင်​နှင့်​တ​ကွ သင်​၏​သား​မြေး​တို့​အား​ဣ​သ​ရေ​လ​ပြည် ကို​ထာ​ဝ​စဉ်​အုပ်​စိုး​စေ​တော်​မူ​မည်။- ယ​ခု​မှာ​မူ​သင်​သည်​နန်း​သက်​ရှည်​တော့ မည်​မ​ဟုတ်။ သင်​သည်​မိ​မိ​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​အ​မိန့် တော်​ကို​လွန်​ဆန်​သည်​ဖြစ်​၍ ကိုယ်​တော်​သည် မိ​မိ​လူ​မျိုးတော်​အား​အုပ်​စိုး​စေ​ရန်​စိတ် တော်​နှင့်​တွေ့​သူ​ကို​ခန့်​ထား​တော်​မူ​လိမ့် မည်'' ဟု​ဆို​၏။

၁ ဓမ္မရာဇဝင် 13:13-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုအခါ ရှမွေလ​က ရှောလု​မင်းကြီး​အား “​သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား​မိန့်မှာ​ထား​သော​ပညတ်တော်​တို့​ကို မ​စောင့်ထိန်း​ဘဲ မိုက်မဲ​စွာ​ပြု​မိ​လေ​ပြီ​တကား​။ စောင့်ထိန်း​ခဲ့​လျှင် အစ္စရေး​နိုင်ငံ​အား အစဉ်​အုပ်စိုး​ရ​သော​အခွင့်​ကို သင့်​အား ထာဝရဘုရား​ပေး​တော်မူ​မည်​သာ​ဖြစ်​၏​။ ယခုမှာ သင့်​အား ထာဝရဘုရား မိန့်မှာ​ထား​သည့်​အတိုင်း သင်​မ​စောင့်ထိန်း​သောကြောင့် သင်​၏​နိုင်ငံ တည်မြဲ​မည်​မ​ဟုတ်​။ ထာဝရဘုရား​သည် မိမိ​စိတ်​နှင့်​တွေ့​သော​သူ​ကို ရှာ​တော်မူ​ပြီ​။ ထာဝရဘုရား​သည် ထို​သူ​အား မိမိ​လူမျိုး​တော်​ကို အုပ်ချုပ်သူမင်း​အဖြစ် ခန့်ထား​တော်မူ​လိမ့်မည်​”​ဟု ဆို​၏​။