၃ ဓမ္မရာဇဝင် 9:4-5
၃ ဓမ္မရာဇဝင် 9:4-5 Judson Bible (JBMLE)
သင်သည် ငါမှာထားသမျှကိုပြု၍၊ ငါစီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ခြင်းငှာ၊ သင့်အဘဒါဝိဒ်ကဲ့သို့ ဖြောင့်မတ်စုံလင်သော စိတ်သဘောနှင့် ငါ့ရှေ့မှာကျင့်နေလျှင်၊ ဣသရေလနိုင်ငံ၏ ရာဇပလ္လင်ပေါ်မှာထိုင်ရသော သင်၏အမျိုးမင်းရိုးမပြတ်ရဟု သင့်အဘဒါဝိဒ်အား ငါကတိရှိသည်အတိုင်း၊ သင်ထိုင်ရသော ဣသရေလနိုင်ငံ၏ ရာဇပလ္လင်ကို အစဉ်ငါတည်စေမည်။
၃ ဓမ္မရာဇဝင် 9:4-5 Common Language Bible (BCL)
သင်သည်သင်၏ခမည်းတော်ဒါဝိဒ်ကဲ့သို့ရိုးသား ဖြောင့်မတ်စွာ ငါ၏အမှုတော်ကိုထမ်းဆောင်၍ ငါ ၏ပညတ်တော်တို့ကိုစောင့်ထိန်းလျက် ငါ၏ အမိန့်တော်မှန်သမျှကိုလိုက်နာလျှင်၊- သင်၏ခမည်းတော်ဒါဝိဒ်အားဣသရေလရာဇ ပလ္လင်ထက်စံရသော သူ၏အမျိုးမင်းရိုးမပြတ် စေရဟုငါပေးခဲ့သည့်ကတိအတိုင်းငါပြု မည်။
၃ ဓမ္မရာဇဝင် 9:4-5 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
သင့်ခမည်းတော်ဒါဝိဒ်မင်းကြီး အသက်ရှင်လျှောက်လှမ်းခဲ့သည့်အတိုင်း၊ သင်သည် ငါမိန့်မှာထားသည့်အတိုင်း လုပ်ဆောင်၍ ငါ၏ပညတ်ချက်၊ စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ထိန်းလျက် ငါ့ရှေ့မှောက်တွင် စိတ်နှလုံးတည်ကြည်ဖြောင့်မတ်စွာ အသက်ရှင်လျှောက်လှမ်းလျှင် သင့်ခမည်းတော်ဒါဝိဒ်အား ‘အစ္စရေးရာဇပလ္လင်ပေါ်တွင် သင်၏မျိုးဆက်မပြတ်ရ’ဟု ငါကတိထားခဲ့သည့်အတိုင်း အစ္စရေးလူမျိုးကိုအုပ်စိုးရန် သင်၏ရာဇပလ္လင်ကို ငါအစဉ်တည်စေမည်။