YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ဓမ္မရာဇဝင် 22:1-40

၃ ဓမ္မရာဇဝင် 22:1-40 Judson Bible (JBMLE)

ရှု​ရိ​ပြည်​နှင့် ဣ​သ​ရေ​လ​ပြည်​သည် စစ်​မ​တိုက်​ဘဲ သုံး​နှစ်​နေ​ပြီး​မှ၊ တ​တိ​ယ​နှစ်​တွင်၊ ယု​ဒ​ရှင်​ဘု​ရင် ယော​ရှ​ဖတ်​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ထံ​သို့ လာ၏။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က​လည်း၊ ဂိ​လဒ်​ပြည် ရာ​မုတ်​မြို့​သည် ငါ​တို့​နိုင်​ငံ​အ​ဝင်​ဖြစ်​သည်​ကို သင်​တို့​မ​သိ​လော။ ငါ​တို့​သည် ရှု​ရိ​ရှင်​ဘု​ရင်​လက်​မှ မ​နုတ်​မ​ယူ​ဘဲ ငြိမ်​သက်​စွာ နေ​ကြ​ပြီ​တ​ကား​ဟု မိ​မိ​ကျွန်​တို့​အား​ဆို၏။ ယော​ရှ​ဖတ်​မင်း​အား​လည်း၊ ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​သို့ ငါ​နှင့်​အ​တူ စစ်​ချီ​မည်​လော​ဟု မေး​လျှင်၊ ယော​ရှ​ဖတ်​က၊ ငါ​သည်​မင်း​ကြီး​ကဲ့​သို့ ဖြစ်၏။ ငါ့​လူ​တို့​သည် မင်း​ကြီး၏​လူ​ကဲ့​သို့​လည်း​ကောင်း၊ ငါ့​မြင်း​တို့​သည် မင်း​ကြီး၏​မြင်း​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​သည်​ဟု ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အား ပြန်​ပြော၏။ တစ်​ဖန် ယော​ရှ​ဖတ်​က၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ကို ယ​နေ့​မေး​မြန်း​ပါ​လော့​ဟု ဣ​သ​ရေ​လ ရှင်​ဘု​ရင်​အား​ဆို​သော်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် ပ​ရော​ဖက်​လေး​ရာ​တို့​ကို စု​ဝေး​စေ​ပြီး​လျှင်၊ ငါ​သည်​ဂိ​လဒ်​ပြည် ရာ​မုတ်​မြို့​သို့ စစ်​ချီ​ကောင်း​သ​လော။ မ​ချီ​ဘဲ နေ​ကောင်း​သ​လော​ဟု​မေး​သော်၊ သူ​တို့​က ချီ​တော်​မူ​ပါ။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ရှင်​မင်း​ကြီး၏​လက်​တော်​သို့ အပ်​တော်​မူ​မည်​ဟု လျှောက်​ကြ၏။ ယော​ရှ​ဖတ်​က​လည်း၊ ငါ​တို့​မေး​မြန်း​စ​ရာ ထာ​ဝ​ရ​ဘု​ရား၏​ပ​ရော​ဖက် တစ်​စုံ​တစ်​ပါး​မျှ မ​ရှိ​သ​လော​ဟု မေး​သော်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က၊ ထာ​ဝ​ရ​ဘု​ရား​ကို မေး​မြန်း​ရ​သော​သူ​တစ်​ယောက် ဣ​မ​လ​သား မိ​က္ခာ​ရှိ​သေး၏။ သို့​ရာ​တွင် ထို​သူ​ကို ငါ​မုန်း၏။ ငါ၌ မင်္ဂ​လာ​စ​ကား​ကို မ​ဟော။ အ​မင်္ဂ​လာ​စ​ကား​ကို​သာ ဟော​တတ်​သည်​ဟု ယော​ရှ​ဖတ်​အား​ဆို​လျှင်၊ ယော​ရှ​ဖတ်​က ထို​သို့ မင်း​ကြီး​မ​ပြော​ပါ​နှင့်​ဟု ပြန်​ဆို၏။ ထို​အ​ခါ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် အ​ရာ​ရှိ​တစ်​ယောက်​ကို​ခေါ်၍၊ ဣ​မ​လ​သား​မိ​က္ခာ​ကို အ​လျင်​အ​မြန်​ခေါ်​ခဲ့​ဟု မိန့်​တော်​မူ၏။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​နှင့် ယု​ဒ​ရှင်​ဘု​ရင် ယော​ရှ​ဖတ်​တို့​သည် မင်း​မြောက်​တန်​ဆာ​ကို ဝတ်​ဆင်​လျက် ရှ​မာ​ရိ​မြို့​တံ​ခါး​ဝ​ရှေ့၊ ဟင်း​လင်း​သော​အ​ရပ်၌ ရာ​ဇ​ပ​လ္လင်​တို့​အ​ပေါ်​မှာ​ထိုင်၍၊ ပ​ရော​ဖက်​အ​ပေါင်း​တို့​သည် ရှေ့​တော်၌ ဟော​ပြော​ကြ၏။ ခေ​နာ​နာ​သား ဇေ​ဒ​ကိ​သည် သံ​ဦး​ချို​တို့​ကို​လုပ်၍၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကိုယ်​တော်​သည် ရှု​ရိ​လူ​တို့​ကို မ​ဖျက်​ဆီး​မီ​တိုင်​အောင် ဤ​ဦး​ချို​တို့​နှင့် တိုး​ရ​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို၏။ ပ​ရော​ဖက်​အ​ပေါင်း​တို့​က​လည်း၊ ဂိ​လဒ်​ပြည် ရာ​မုတ်​မြို့​သို့ စစ်​ချီ၍ အောင်​တော်​မူ​ပါ။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ရှင်​မင်း​ကြီး၏ လက်​တော်​သို့ အပ်​တော်​မူ​မည်​ဟု ပ​ရော​ဖက်​ပြု၍ ဟော​ကြ၏။ မိ​က္ခာ​ကို​ခေါ်​သော​တ​မန်​က၊ ပ​ရော​ဖက်​အ​ပေါင်း​တို့​သည် မင်္ဂ​လာ​စ​ကား​ကို​သာ ရှင်​ဘု​ရင်​အား တ​ညီ​တ​ညွတ်​တည်း ဟော​ကြ၏။ ကိုယ်​တော်​လည်း သူ​တို့​ဟော​ကြ​သည်​နည်း​တူ မင်္ဂ​လာ​စ​ကား​ကို​သာ ဟော​တော်​မူ​ပါ​ဟု​ဆို​လျှင်၊ မိ​က္ခာ​က၊ ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော စ​ကား​ကို​သာ ငါ​ပြန်​ပြော​ရ​မည်​ဟု ဆို၏။ ရှင်​ဘု​ရင်​ထံ​သို့ ရောက်​သော​အ​ခါ ရှင်​ဘု​ရင်​က၊ အ​ချင်း​မိ​က္ခာ၊ ငါ​တို့​သည် ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​သို့ စစ်​ချီ​ကောင်း​သ​လော။ မ​ချီ​ဘဲ​နေ​ကောင်း​သ​လော​ဟု မေး​လျှင်၊ မိ​က္ခာ​က၊ စစ်​ချီ၍​အောင်​တော်​မူ​ပါ။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ရှင်​မင်း​ကြီး၏​လက်​တော်​သို့ အပ်​တော်​မူ​မည်​ဟု ပြန်​လျှောက်၏။ ရှင်​ဘု​ရင်​က​လည်း၊ မှန်​သော​စ​ကား​မှ​တစ်​ပါး အ​ခြား​သော​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် သင်​သည် ငါ့​အား​မ​ဟော​မည်​အ​ကြောင်း၊ ငါ​သည် ဘယ်​နှစ်​ကြိမ်​တိုင်​အောင် သင့်​အား​အ​ကျိန်​ပေး​ရ​မည်​နည်း​ဟု မေး​သော်၊ မိ​က္ခာ​က၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် သိုး​ထိန်း​မ​ရှိ​သော​သိုး​ကဲ့​သို့၊ တောင်​များ​အ​ပေါ်​မှာ အ​ရပ်​ရပ်​ကွဲ​ပြား​လျက် ရှိ​ကြ​သည်​ကို ငါ​မြင်​ပြီ။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​သူ​အ​ပေါင်း​တို့​သည် အ​ရှင်​မ​ရှိ​သော​ကြောင့် အ​သီး​အ​သီး ကိုယ်​နေ​ရာ​သို့ ပြန်​ကြ​ပါ​လေ​စေ​ဟု မိန့်​တော်​မူ​ကြောင်း​ကို လျှောက်​ဆို၏။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က​လည်း၊ သူ​သည် ငါ၌ မင်္ဂ​လာ​စ​ကား​ကို​မ​ဟော၊ အ​မင်္ဂ​လာ​စ​ကား​ကို​သာ ဟော​တတ်​သည်​ဟု မင်း​ကြီး​အား ငါ​မ​ပြော​သ​လော​ဟု ယော​ရှ​ဖတ်​အား​ဆို၏။ မိ​က္ခာ​က​လည်း၊ သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​ပါ။ ထာ​ဝ​ရ​ဘု​ရား​သည် ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ကောင်း​ကင် ဗိုလ်​ခြေ​အ​ပေါင်း​တို့​သည် လက်​ယာ​တော်​ဘက် လက်​ဝဲ​တော်​ဘက်၌ ရပ်​နေ​ကြ​သည်​ကို​လည်း​ကောင်း ငါ​မြင်​ပြီ။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အာ​ဟပ်​သည် ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​သို့ စစ်​ချီ၍ ဆုံး​စေ​ခြင်း​ငှာ အ​ဘယ်​သူ သွေး​ဆောင်​မည်​နည်း​ဟု မေး​တော်​မူ​လျှင်၊ အ​ခြံ​အ​ရံ​တော်​တို့​သည် တစ်​ယောက်​တစ်​နည်း​စီ ပြန်​လျှောက်​ကြ၏။ တစ်​ဖန် ဝိ​ညာဉ်​တစ်​ပါး​သည်​လာ၍ ထာ​ဝ​ရ​ဘု​ရား ရှေ့​တော်၌​ရပ်​လျက်၊ အ​ကျွန်ုပ်​သွေး​ဆောင်​ပါ​မည်​ဟု​လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က အ​ဘယ်​သို့​သွေး​ဆောင်​မည်​နည်း​ဟု မေး​တော်​မူ​သော်၊ အ​ကျွန်ုပ်​သွား၍ ထို​မင်း​ကြီး၏​ပ​ရော​ဖက်​အ​ပေါင်း​တို့​ထဲ​မှာ မု​သား​စ​ကား​ကို​ပြော​တတ်​သော စိတ်​ဝိ​ညာဉ်​ဖြစ်​ပါ​မည်​ဟု ပြန်​လျှောက်​သော်၊ သင်​သည် သွေး​ဆောင်၍ နိုင်​လိမ့်​မည်။ ထို​သို့​သွား၍ ပြု​လော့​ဟု မိန့်​တော်​မူ၏။ သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား​သည် မု​သား​စ​ကား​ကို ပြော​တတ်​သော စိတ်​ဝိ​ညာဉ်​ကို မင်း​ကြီး၏​ပ​ရော​ဖက်​အ​ပေါင်း​တို့၌ သွင်း​တော်​မူ​ပြီ။ မင်း​ကြီး၏​အ​မှု​မှာ အ​မင်္ဂ​လာ​စ​ကား​ကို ပြော​တော်​မူ​ပြီ​ဟု ဟော​လေ၏။ ထို​အ​ခါ ခေ​နာ​နာ၏​သား​ဇေ​ဒ​ကိ​သည် ချဉ်း​လာ၍ မိ​က္ခာ၏​ပါး​ကို​ပုတ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် သင်​နှင့်​နှုတ်​ဆက်​ခြင်း​ငှာ အ​ဘယ်​လမ်း​ဖြင့် ငါ​မှ​ထွက်​တော်​မူ​သ​နည်း​ဟု မေး​လျှင်၊ မိ​က္ခာ​က၊ သင်​သည်​ပုန်း​ရှောင်၍ နေ​ခြင်း​ငှာ အ​တွင်း​ခန်း​ထဲ​သို့ ဝင်​သော​နေ့၌ သင်​မြင်​လိမ့်​မည်​ဟု ဆို၏။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က၊ မိ​က္ခာ​ကို မြို့​ဝန်​မင်း​အာ​မုန်​ထံ၊ သား​တော်​ယော​ရှ​ထံ​သို့ ယူ​သွား၍၊ ဤ​သူ​ကို ထောင်​ထဲ​မှာ လှောင်​ထား​ကြ။ ငါ​သည် ငြိမ်​ဝပ်​စွာ​ပြန်၍ မ​လာ​မီ​တိုင်​အောင် ဆင်း​ရဲ​စွာ​စား​သောက်​စေ​ဟု အ​မိန့်​တော်​ရှိ​ကြောင်း​ကို ဆင့်​ဆို​လော့​ဟု စီ​ရင်၏။ မိ​က္ခာ​က​လည်း၊ မင်း​ကြီး​သည် ငြိမ်​ဝပ်​စွာ​ပြန်​လာ​ရ​လျှင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ဖြင့် မိန့်​တော်​မ​မူ၊ အို​လူ​များ​အ​ပေါင်း​တို့၊ နား​ထောင်​ကြ​လော့​ဟု ဆို၏။ ထို​သို့ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​နှင့် ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​ဖတ်​တို့​သည် ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​သို့ စစ်​ချီ​ကြ၏။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က၊ ငါ​သည်​ခြား​နား​သော အ​ယောင်​ကို​ဆောင်၍ စစ်​ပွဲ​ထဲ​သို့​ဝင်​မည်။ မင်း​ကြီး​မူ​ကား မင်း​မြောက်​တန်​ဆာ​ကို ဝတ်​ဆင်​ပါ​လော့​ဟု ယော​ရှ​ဖတ်​အား​ဆို​ပြီး​မှ၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် ခြား​နား​သော​အ​ယောင်​ကို​ဆောင်​လျက် စစ်​ပွဲ​ထဲ​သို့​ဝင်၏။ ရှု​ရိ​ရှင်​ဘု​ရင်​က၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​မှ​တစ်​ပါး အ​ခြား​သော လူ​ကြီး​လူ​ငယ်​ကို​မ​တိုက်​နှင့်​ဟု ရ​ထား​စီး​သူ​ရဲ​များ​ကို အုပ်​သော ဗိုလ်​သုံး​ကျိပ်​နှစ်​ယောက်​တို့​ကို မှာ​ထား​နှင့်​သော​ကြောင့်၊ ရ​ထား​စီး​သူ​ရဲ​အုပ် ဗိုလ်​မင်း​တို့​သည် ယော​ရှ​ဖတ်​ကို​မြင်​သော​အ​ခါ၊ အ​ကယ်​စင်​စစ် ထို​သူ​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ဖြစ်​လိမ့်​မည်​ဟု​ဆို​လျက် သူ့​ကို​တိုက်​အံ့​သော​ငှာ လမ်း​လွှဲ​ကြ၍၊ ယော​ရှ​ဖတ်​လည်း ကြွေး​ကြော်​လေ၏။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် မ​ဟုတ်​ကြောင်း​ကို ရ​ထား​စီး​သူ​ရဲ​အုပ်​ဗိုလ်​မင်း​တို့​သည် ရိပ်​မိ​သော​အ​ခါ၊ မ​လိုက်​ဘဲ အ​ခြား​သို့​ရှောင်​သွား​ကြ၏။ လူ​တစ်​ယောက်​သည် မ​ရွယ်​ဘဲ လေး​နှင့်​ပစ်၍၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ကို သံ​ချပ်​အင်္ကျီ​အ​ဆစ်​ကြား​မှာ မှန်​လေ​သော်၊ ငါ့​ကို​စစ်​ပွဲ​ထဲ​က​လှည့်၍ ထုတ်​ဆောင်​လော့။ ငါ​နာ​သည်​ဟု မိ​မိ​ရ​ထား​တော်​ထိန်း​ကို​ဆို၏။ ထို​နေ့၌ တိုး၍​တိုက်​ကြ၏။ ရှင်​ဘု​ရင်​သည် ရှု​ရိ​လူ​တစ်​ဖက်​တစ်​ချက်၌ ရ​ထား​တော်​ထဲ​မှာ လူ​ကို​မှီ၍ ထိုင်​နေ၏။ ညဉ့်​ဦး​ယံ၌ အ​သက်​တော်​ကုန်၏။ ထိ​ခိုက်​ရာ အ​နာ​မှ​အ​သွေး​သည် ရ​ထား​ထဲ​သို့​ယို၏။ လူ​အ​ပေါင်း​တို့၊ ကိုယ်​နေ​သော​မြို့​ပြည်​သို့ ပြန်​သွား​ကြ​ဟု နေ​ဝင်​သော​အ​ခါ တစ်​တပ်​လုံး​ကို ကြွေး​ကြော်​လေ၏။ ထို​သို့ ရှင်​ဘု​ရင်​သေ၍ ရှ​မာ​ရိ​မြို့​သို့​ရောက်​သ​ဖြင့် သင်္ဂြိုဟ်​ခြင်း​ကို ခံ​ရ၏။ ရ​ထား​တော်​နှင့် လက်​နက်​တော်​ကို ရှ​မာ​ရိ​မြို့​ရေ​ကန်၌ ဆေး​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​နှင့်​အ​ညီ ခွေး​တို့​သည် အ​သွေး​ကို​လျက်​ကြ၏။ အာ​ဟပ်​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​နှင့် တည်​ဆောက်​သော ဆင်​စွယ်​နန်း၊ ပြု​စု​သော​မြို့​တို့​သည် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။ အာ​ဟပ်​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ သား​တော်​အာ​ခ​ဇိ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။

၃ ဓမ္မရာဇဝင် 22:1-40 Common Language Bible (BCL)

ဣ​သ​ရေ​လ​ပြည်​နှင့်​ရှု​ရိ​ပြည်​တို့​သည် သုံး နှစ်​တိုင်​တိုင်​စစ်​ပြေ​ငြိမ်း​လျက်​ရှိ​၏။- သို့​ရာ​တွင်​တ​တိ​ယ​နှစ်​၌​ယု​ဒ​ဘု​ရင်​ယော ရှ​ဖတ်​သည် ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​ထံ​သို့ အ​လည်​အ​ပတ်​ရောက်​ရှိ​လာ​လေ​သည်။ အာ​ဟပ်​သည်​မိ​မိ​၏​မှူး​မတ်​တို့​အား``ငါ​တို့​သည် ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​ကို​ရှု​ရိ​ဘု​ရင်​ထံ​မှ​ပြန် လည်​ရ​ရှိ​ရန် အ​ဘယ်​ကြောင့်​မည်​သို့​မျှ​မ​ပြု​ဘဲ နေ​ကြ​ပါ​သ​နည်း။ ထို​မြို့​ကို​ငါ​တို့​ပိုင်​သည် မ​ဟုတ်​ပါ​လော'' ဟု​မိန့်​တော်​မူ​၏။- ထို့​နောက်​အာ​ဟပ်​သည်​ယော​ရှ​ဖတ်​အား``အ​ဆွေ တော်​သည်​ရာ​မုတ်​မြို့​ကို​တိုက်​ရန်​ကျွန်ုပ်​နှင့်​အ​တူ ချီ​တက်​မည်​လော'' ဟု​မေး​၏။ ယော​ရှ​ဖတ်​က``အ​ဆွေ​တော်​အ​ဆင်​သင့်​ရှိ​လျှင် ကျွန်ုပ်​လည်း​အ​ဆင်​သင့်​ရှိ​ပါ​၏။ ကျွန်ုပ်​၏​စစ်​သည် တော်​များ​နှင့်​မြင်း​စီး​သူ​ရဲ​များ​သည်​လည်း အဆင်​သင့်​ရှိ​ပါ​သည်။- သို့​ရာ​တွင်​ဤ​ကိစ္စ​ကို​ထာ​ဝရ​ဘု​ရား​အား​ဦး စွာ​မေး​မြန်း​လျှောက်​ထား​ပါ​လော့'' ဟု​ဆို​၏။ သို့​ဖြစ်​၍​အာ​ဟပ်​သည်​လေး​ရာ​ခန့်​ရှိ​သော ပ​ရော​ဖက်​တို့​ကို​ခေါ်​တော်​မူ​၍``ငါ​သည် ရာ​မုတ်​မြို့​ကို​ချီ​တက်​တိုက်​ခိုက်​ရန်​သင့် မ​သင့်​ပြော​ကြား​လော့'' ဟု​မေး​တော်​မူ​၏။ ပ​ရော​ဖက်​တို့​က``တိုက်​ခိုက်​တော်​မူ​ပါ။ ထာ​ဝ​ရ ဘု​ရား​သည်​အ​ရှင့်​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ ပါ​လိမ့်​မည်'' ဟု​လျှောက်​ထား​ကြ​၏။ သို့​ရာ​တွင်​ယော​ရှ​ဖတ်​က``ကျွန်ုပ်​တို့​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ထား​မေး​မြန်း ပေး​မည့်​အ​ခြား​ပ​ရော​ဖက်​မ​ရှိ​ပါ​သ​လော'' ဟု​မေး​၏။ အာ​ဟပ်​က``အ​ခြား​ပ​ရော​ဖက်​တစ်​ပါး​ရှိ​ပါ သေး​သည်။ ထို​သူ​သည်​ဣ​မ​လ​၏​သား​မိက္ခာ ဖြစ်​ပါ​၏။ သို့​ရာ​တွင်​သူ​သည်​ကျွန်ုပ်​အ​တွက် အ​ဘယ်​အ​ခါ​မျှ​အ​ကောင်း​ကို​မ​ဟော၊ အ​ဆိုး ကို​သာ​အ​စဉ်​ဟော​တတ်​သ​ဖြင့်​သူ့​ကို​ကျွန်ုပ် မ​နှစ်​သက်​ပါ'' ဟု​ပြန်​ပြော​လေ​သည်။ ထို​အ​ခါ​ယော​ရှ​ဖတ်​က``ဤ​သို့​မ​ပြော​သင့် ပါ'' ဟု​ဆို​၏။- သို့​ဖြစ်​၍​အာ​ဟပ်​မင်း​သည်​နန်း​တွင်း​အရာ​ရှိ တစ်​ဦး​ကို​ခေါ်​ပြီး​လျှင် မိက္ခာ​အား​ချက်​ချင်း သွား​ခေါ်​ခဲ့​ရန်​အ​မိန့်​ပေး​တော်​မူ​၏။ ဘု​ရင်​နှစ်​ပါး​တို့​သည် မင်း​မြောက်​တန်​ဆာ​များ ကို​ဝတ်​ဆင်​ကာ​ရှ​မာ​ရိ​မြို့၊ မြို့​တံ​ခါး​ပြင် ကောက်​နယ်​တ​လင်း​၌​ရာ​ဇ​ပလ္လင်​များ​အ​ပေါ် တွင်​ထိုင်​လျက်​နေ​ကြ​၏။ သူ​တို့​၏​ရှေ့​၌​ပ​ရော ဖက်​အ​ပေါင်း​တို့​သည်​လည်း​ရှေ့​ဖြစ်​ကို​ဟော ၍​နေ​ကြ​၏။- ပ​ရော​ဖက်​တစ်​ပါး​ဖြစ်​သူ၊ ခေ​နာ​နာ​၏​သား ဇေ​ဒ​ကိ​သည်​သံ​ဦး​ချို​များ​ကို​ပြု​လုပ်​ပြီး လျှင်​အာ​ဟပ်​အား``ထာ​ဝ​ရ​ဘု​ရား​က`ကိုယ်​တော် သည်​ဤ​ဦး​ချို​များ​ဖြင့်​ရှု​ရိ​အ​မျိုး​သား​တို့ အား​ချေ​မှုန်း​လိမ့်​မည်' ဟု​မိန့်​တော်​မူ​ပါ​သည်'' ဟု​လျှောက်​၏။- အ​ခြား​ပ​ရော​ဖက်​အ​ပေါင်း​တို့​က​လည်း ဤ အ​တိုင်း​ပင်​မင်း​ကြီး​အား​လျှောက်​ထား​ကြ​၏။ သူ​တို့​က``ရာ​မုတ်​မြို့​သို့​ချီ​တက်​တော်​မူ​ပါ။ အ​ရှင့်​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ​ပါ​လိမ့် မည်'' ဟု​ဟော​ကြ​၏။ ဤ​အ​တော​အ​တွင်း​၌ မိက္ခာ​ထံ​သို့​သွား​သော နန်း​တွင်း​အ​ရာ​ရှိ​က​မိက္ခာ​အား``အ​ခြား ပ​ရော​ဖက်​အား​လုံး​က​ပင်​မင်း​ကြီး​သည် အောင်​မြင်​မှု​ရ​ရှိ​လိမ့်​မည်​ဟု​ဟော​ခဲ့​ကြ လေ​ပြီ။ အ​ရှင်​သည်​လည်း​ဤ​အ​တိုင်း​ပင် ဟော​သင့်​ပါ​သည်'' ဟု​ဆို​၏။ သို့​ရာ​တွင်​မိက္ခာ​က``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည့်​အ​တိုင်း​ဖော်​ပြ​မည်​ဖြစ်​ကြောင်း အ​သက်​ရှင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို တိုင်​တည်​၍​ငါ​ဆို​၏'' ဟု​ပြော​၏။ သူ​သည်​မင်း​ကြီး​၏​ရှေ့​တော်​သို့ ရောက်​သော​အ​ခါ မင်း​ကြီး​က``အ​ချင်း​မိက္ခာ၊ ယော​ရှ​ဖတ်​မင်း​နှင့် ငါ​သည်​ရာ​မုတ်​မြို့​သို့​ချီ​တက်​တိုက်​ခိုက်​ရန်​သင့် မ​သင့်​ဖြေ​ကြား​ပါ​လော့'' ဟု​မိန့်​တော်​မူ​၏။ မိက္ခာ​က``ချီ​တက်​တိုက်​ခိုက်​တော်​မူ​ပါ။ အ​ရှင် မင်း​ကြီး​သည်​အောင်​မြင်​တော်​မူ​ပါ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှင့်​အား​အောင်​ပွဲ​ခံ စေ​တော်​မူ​ပါ​လိမ့်​မည်'' ဟု​ပြန်​လည်​လျှောက် ထား​၏။ သို့​ရာ​တွင်​အာ​ဟပ်​က``ထာ​ဝရ​ဘု​ရား​၏​နာ​မ တော်​ကို​အ​မှီ​ပြု​၍ ပြော​ဆို​ရာ​တွင်​သစ္စာ​စ​ကား ကို​သာ​လျှင် သုံး​စွဲ​ရန်​သင့်​အား​ဘယ်​နှစ်​ကြိမ် ငါ​သ​တိ​ပေး​ရ​ပါ​မည်​နည်း'' ဟု​ဆို​၏။ ထို​အ​ခါ​မိက္ခာ​က``ဣ​သ​ရေ​လ​ပြည်​သူ​တို့ သည်​သိုး​ထိန်း​မဲ့​သည့်​သိုး​များ​ကဲ့​သို့ တောင် ကုန်း​များ​ပေါ်​တွင်​ကွဲ​လွင့်​လျက်​နေ​သည်​ကို ငါ​မြင်​၏။ ထာ​ဝ​ရ​ဘု​ရား​က`ဤ​သူ​တို့​မှာ ခေါင်း​ဆောင်​မ​ရှိ။ သူ​တို့​အား​မိ​မိ​တို့​ရပ်​ရွာ သို့​ဧ​ချမ်း​စွာ​ပြန်​ခွင့်​ပြု​ကြ​လော့' ဟု​မိန့် တော်​မူ​သည်'' ဟု​ဆင့်​ဆို​လေ​၏။ အာ​ဟပ်​သည်​ယော​ရှ​ဖတ်​အား``ဤ​သူ​သည် အ​ဘယ်​အ​ခါ​၌​မျှ ကျွန်ုပ်​အ​တွက်​အ​ကောင်း ကို​မ​ဟော။ အ​ဆိုး​ကို​သာ​ဟော​တတ်​ကြောင်း ကျွန်ုပ်​ပြော​ခဲ့​ပြီ​မ​ဟုတ်​လော'' ဟု​ဆို​၏။ မိက္ခာ​က​ဆက်​လက်​၍​အာ​ဟပ်​အား``ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ကို​ယ​ခု​နား ထောင်​ပါ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင် ဘုံ​ရှိ​ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​လျက်​နေ​တော်​မူ သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏​အ​ပါး​တော် တွင်​ကောင်း​ကင်​တ​မန်​များ​ရပ်​လျက်​နေ​ကြ သည်​ကို​လည်း​ကောင်း​ငါ​မြင်​၏။- ထာ​ဝ​ရ​ဘု​ရား​က`အာ​ဟပ်​သည်​ရာ​မုတ်​မြို့ သို့​ချီ​တက်​၍​ကျ​ဆုံး​စေ​ရန် အ​ဘယ်​သူ​သည် သူ့​အား​လိမ်​လည်​လှည့်​စား​မည်​နည်း' ဟု​မေး တော်​မူ​လျှင်​ကောင်း​ကင်​တ​မန်​တို့​သည် အ​မျိုး​မျိုး​အ​ဖုံ​ဖုံ​လျှောက်​ထား​ကြ​၏။- နောက်​ဆုံး​၌​ဝိ​ညာဉ်​တစ်​ပါး​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​သို့​လာ​၍`ဤ​သူ​အား​အ​ကျွန်ုပ်​လိမ်​လည် လှည့်​စား​ပါ​မည်' ဟု​လျှောက်​၏။ ထာ​ဝ​ရ​ဘုရား က`အ​ဘယ်​သို့​နည်း' ဟု​မေး​တော်​မူ​သော်၊- ထို​ဝိ​ညာဉ်​က`အ​ကျွန်ုပ်​သည်​အာ​ဟပ်​၏​ပ​ရော ဖက်​များ​ထံ​သို့​သွား​၍​သူ​တို့​အား​လိမ်​လည် ဟော​ပြော​စေ​ပါ​မည်' ဟု​လျှောက်​၏။ ထာ​ဝ​ရ ဘု​ရား​က​လည်း`သင်​သွား​၍​အာ​ဟပ်​အား​လိမ် လည်​လှည့်​စား​လော့။ အောင်​မြင်​လိမ့်​မည်' ဟု​မိန့် တော်​မူ​၏'' ဟု​လျှောက်​ထား​၏။ ထို့​နောက်​မိက္ခာ​က``ဖြစ်​ပျက်​ပုံ​ကား​ဤ​သို့​တည်း။ ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​ပ​ရော​ဖက်​တို့​ကို အ​ရှင့်​အား​လိမ်​လည်​ဟော​ပြော​စေ​တော်​မူ​၏။ သို့​ရာ​တွင်​အ​ရှင်​တွေ့​ကြုံ​ရ​မည့်​ဘေး​အန္တ​ရာယ် ကို​မူ​ကိုယ်​တော်​တိုင်​စီ​ရင်​ထား​တော်​မူ​ပြီ'' ဟု နိ​ဂုံး​ချုပ်​လိုက်​လေ​သည်။ ထို​အ​ခါ​ဇေ​ဒ​ကိ​သည်​မိက္ခာ​အ​နီး​သို့​ချဉ်း​ကပ်​၍ ပါး​ကို​ရိုက်​ပြီး​လျှင်``ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ် တော်​သည်​သင့်​အား​မိန့်​မြွက်​တော်​မူ​ရန်​အ​ဘယ် အ​ခါ​က ငါ​၏​ထံ​မှ​ထွက်​ခွာ​သွား​တော်​မူ​ပါ သ​နည်း'' ဟု​ဆို​၏။ မိက္ခာ​က​လည်း``သင်​ပုန်း​အောင်း​ရန်​အ​တွက်​အ​တွင်း ခန်း​တစ်​ခု​ခု​သို့​ဝင်​သော​အ​ခါ​၌​သိ​ရ​ပါ​လိမ့် မည်'' ဟု​ပြန်​ပြော​လေ​သည်။ ထို့​နောက်​အာ​ဟပ်​သည်​နန်း​တွင်း​အ​ရာ​ရှိ​တစ် ယောက်​အား``မိက္ခာ​ကို​ဖမ်း​ဆီး​၍​မြို့​ဝန်​အာ​မုန် နှင့်​ယော​ရှ​မင်း​သား​ထံ​သို့​ခေါ်​ဆောင်​သွား​လော့။- သူ့​အား​ထောင်​သွင်း​အ​ကျဉ်း​ချ​ကာ​ကောင်း မွန်​ချော​မော​စွာ ငါ​ပြန်​လည်​ရောက်​ရှိ​လာ​ချိန် တိုင်​အောင်​မုန့်​နှင့်​ရေ​ကို​သာ​ကျွေး​မွေး​ထား ရန်​သူ​တို့​အား​မှာ​ကြား​လော့'' ဟု​အ​မိန့် ပေး​တော်​မူ​၏။ မိက္ခာ​က``အ​ကယ်​၍​ဘု​ရင်​မင်း​ကောင်း​မွန်​ချော မော​စွာ​ပြန်​လည်​ရောက်​ရှိ​လာ​ပါ​မူ​အ​ကျွန်ုပ် ဆင့်​ဆို​သော​စ​ကား​များ​သည်​ထာ​ဝရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​များ​မ​ဟုတ်​နိုင်။ အို လူ အပေါင်း​တို့၊ ငါ​ပြော​သည်​ကို​နား​ထောင်​ထား ကြ​လော့'' ဟု​ဆို​၏။ ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​နှင့်​ယု​ဒ​ဘု​ရင် ယော​ရှ​ဖတ်​တို့​သည် ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့ ကို​တိုက်​ခိုက်​ရန်​ချီ​တက်​ကြ​၏။- အာ​ဟပ်​က​ယော​ရှ​ဖတ်​အား``စစ်​ပွဲ​သို့​ဝင်​သော အ​ခါ​ကျွန်ုပ်​သည်​ကိုယ်​ကို​ရုပ်​ဖျက်​၍​သွား​မည်။ အ​ဆွေ​တော်​မူ​ကား​မင်း​မြောက်​တန်​ဆာ​ဝတ်​ဆင် လျက်​သွား​ပါ​လော့'' ဟု​ဆို​လေ​သည်။ ဤ​သို့​ဆို ပြီး​သော်​ဣ​သ​ရေ​လ​ဘု​ရင်​သည်​ရုပ်​ဖျက်​၍ တိုက်​ပွဲ​ဝင်​လေ​၏။ ရှ​ရိ​ဘု​ရင်​သည် မိ​မိ​၏​ရ​ထား​တပ်​မှူး​သုံး​ဆယ့် နှစ်​ယောက်​တို့​အား ဣ​သ​ရေ​လ​ဘု​ရင်​မှ​တစ်​ပါး အ​ခြား​မည်​သူ​ကို​မျှ​မ​တိုက်​ခိုက်​ရန်​အ​မိန့်​ပေး ထား​လေ​သည်။- ထို့​ကြောင့်​သူ​တို့​သည်​ယော​ရှ​ဖတ်​မင်း​ကို​မြင်​သော အ​ခါ ဣ​သ​ရေ​လ​ဘု​ရင်​ဟု​ထင်​မှတ်​ကာ​ပြန်​လှည့် ၍​တိုက်​ခိုက်​ကြ​၏။ သို့​ရာ​တွင်​ယော​ရှ​ဖတ်​ဟစ်​အော် လိုက်​သော​အ​ခါ၊- သူ​တို့​သည်​ဣ​သ​ရေ​လ​ဘု​ရင်​မ​ဟုတ်​မှန်း​သိ​ရ​၍ လွှဲ​ရှောင်​ကြ​၏။- သို့​ရာ​တွင်​ရှ​ရိ​တပ်​သား​တစ်​ယောက်​သည်​မြား တစ်​စင်း​ကို အ​မှတ်​မ​ထင်​ပစ်​လွှတ်​လိုက်​ရာ​အာ​ဟပ် ၏​သံ​ချပ်​အင်္ကျီ​အ​ဆက်​ကြား​ကို​ထိ​မှန်​သွား​လေ သည်။ မင်း​ကြီး​က``ငါ့​ကို​မြား​ထိ​ပြီ၊ တိုက်​ပွဲ​မှ မောင်း​ထွက်​သွား​လော့'' ဟု​ရ​ထား​မှူး​အား​အ​မိန့် ပေး​တော်​မူ​၏။ တိုက်​ပွဲ​ဖြစ်​လျက်​နေ​ချိန်​၌​အာ​ဟပ်​မင်း​သည် ရှု​ရိ​တပ်​ကို​မျက်​နှာ​မူ​လျက် မိ​မိ​၏​ရ​ထား ထက်​တွင်​မှီ​၍​ထိုင်​နေ​တော်​မူ​၏။ သူ​၏​ဒဏ်​ရာ မှ​ယို​စီး​လာ​သော​သွေး​သည်​ရ​ထား​ကြမ်း​ပြင် ပေါ်​တွင်​အိုင်​ဖြစ်​၍​နေ​၏။ ည​နေ​စောင်း​အ​ချိန် ၌​သူ​သည်​ကွယ်​လွန်​လေ​သည်။- နေ​ဝင်​ချိန်​နီး​သော​အ​ခါ``လူ​တိုင်း​ကိုယ့်​ပြည်၊ ကိုယ့်​မြို့​ရွာ​များ​သို့​ပြန်​ကြ​ကုန်​အံ့'' ဟူ​သော ဟစ်​သံ​သည်​ဣ​သ​ရေ​လ​တပ်​တစ်​တပ်​လုံး သို့​ရောက်​ရှိ​လာ​လေ​သည်။ ဤ​သို့​ဖြင့်​အာ​ဟပ်​မင်း​သည်​ကွယ်​လွန်​လေ​သည်။ သူ​၏​အ​လောင်း​ကို​ရှ​မာ​ရိ​မြို့​သို့​ယူ​ဆောင် ပြီး​လျှင်​သင်္ဂြိုဟ်​ကြ​၏။- သူ​၏​ရ​ထား​ကို​ပြည့်​တန်​ဆာ​တို့​ရေ​ချိုး​လေ့​ရှိ သည့်​ရှ​မာ​ရိ​ရေ​ကန်​တွင်​ဆေး​ကြော​ကြ​၏။ ထာ ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း​ခွေး​တို့ သည်​လာ​၍​သူ​၏​သွေး​ကို​လျက်​ကြ​ကုန်​၏။ အာ​ဟပ်​မင်း​၏​ဆင်​စွယ်​နန်း​တော်​အ​ကြောင်း နှင့် သူ​တည်​ထောင်​ခဲ့​သော​မြို့​များ​အ​ပါ​ဝင် သူ​ဆောင်​ရွက်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ​ရှိ သ​မျှ​ကို​ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး ထား​သ​တည်း။- အာ​ဟပ်​ကွယ်​လွန်​သော​အ​ခါ​သား​တော်​အာ​ခ​ဇိ သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​လေ​သည်။

၃ ဓမ္မရာဇဝင် 22:1-40 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဆီးရီးယား​ပြည်​နှင့်​အစ္စရေး​ပြည်​အကြား စစ်​မ​ဖြစ်​သည်​မှာ သုံး​နှစ်​ကြာ​လေ​ပြီ​။ သုံး​နှစ်​မြောက်​တွင် ယုဒ​ဘုရင်​ယောရှဖတ်​မင်းကြီး​သည် အစ္စရေး​ဘုရင်​ထံသို့ ရောက်လာ​၏​။ ထိုအခါ အစ္စရေး​ဘုရင်​က မိမိ​အမှုထမ်း​တို့​အား “​ရာမုတ်ဂိလဒ်​မြို့​သည် ငါ​တို့​အပိုင်​ဖြစ်ကြောင်း​ကို သင်​တို့​သိ​လျက်​နှင့် ဆီးရီးယား​ဘုရင်​လက်​မှ ပြန်​မ​သိမ်းယူ​ဘဲ အဘယ်ကြောင့် ငြိမ်​နေ​ကြ​သနည်း​”​ဟု မိန့်ဆို​၏​။ ထို့ပြင် ယောရှဖတ်​မင်းကြီး​ကို​လည်း “​ရာမုတ်ဂိလဒ်​မြို့​ကို သွားတိုက်​မည်​။ သင်​သည် အကျွန်ုပ်​နှင့်အတူ လိုက်​မည်လော​”​ဟု မေး​လျှင် ယောရှဖတ်​မင်းကြီး​က အစ္စရေး​ဘုရင်​အား “​အကျွန်ုပ်​သည် မင်းကြီး​နှင့်​တစ်သဘောတည်း ရှိ​ပါ​၏​။ အကျွန်ုပ်​၏​စစ်သည်​များ​သည် မင်းကြီး​၏​စစ်သည်​၊ အကျွန်ုပ်​၏​မြင်း​များ​သည် မင်းကြီး​၏​မြင်း​များ​ပင် ဖြစ်​ပါ​၏​”​ဟု ပြန်ပြော​၏​။ သို့သော် ယောရှဖတ်​မင်းကြီး​က အစ္စရေး​ဘုရင်​အား “​ထာဝရဘုရား​မည်သို့​မိန့်​တော်မူ​မည်​ကို ဦးစွာ​မေးလျှောက်​ကြည့်​ပါ​လော့​”​ဟု ဆို​၏​။ ထိုအခါ အစ္စရေး​ဘုရင်​သည် ပရောဖက်​လေး​ရာ​ခန့်​ကို​စုရုံး​စေ​ပြီးလျှင် သူ​တို့​အား “​ရာမုတ်ဂိလဒ်​မြို့​ကို စစ်ချီ​၍​တိုက်ခိုက်​ရ​မည်လော​။ မတိုက်​ဘဲ​နေ​ရ​မည်လော​”​ဟု မေး​လျှင် သူ​တို့​က “​စစ်ချီ​တော်မူ​ပါ​။ ဘုရားရှင်​သည် ထို​မြို့​ကို မင်းကြီး​လက်​သို့ အပ်​တော်မူ​မည်​”​ဟု ဆင့်ဆို​ကြ​၏​။ ထိုအခါ ယောရှဖတ်​မင်းကြီး​က “​ဤ​အရပ်​တွင် ငါ​တို့​မေးမြန်း​၍​ရ​မည့် ထာဝရဘုရား​၏​ပရောဖက် မ​ရှိ​တော့​ပြီ​လော​”​ဟု မေး​လျှင် အစ္စရေး​ဘုရင်​က ယောရှဖတ်​မင်းကြီး​အား “​ထာဝရဘုရား​ကို မေးမြန်း​ပေး​မည့်​သူ​တစ်​ဦး ရှိ​ပါ​သေး​၏​။ သို့သော် သူ့​ကို​ငါ​မုန်း​၏​။ အကြောင်းမူကား သူ​သည် ငါ​နှင့်​ပတ်သက်လျှင် အကောင်း​ကို​မ​ဟော​။ အဆိုး​ကို​သာ ဟော​လေ့​ရှိ​၏​။ သူ​သည် ဣမလ​၏​သား​မိက္ခာယ​ဖြစ်​၏”​ဟု ပြန်ပြော​၏​။ ယောရှဖတ်​မင်းကြီး​က​လည်း သူ့​အား “​မင်းကြီး​၊ ထိုသို့​မ​ပြော​ပါ​နှင့်​”​ဟု ပြန်ပြော​၏​။ ထိုအခါ အစ္စရေး​ဘုရင်​သည် မှူးမတ်​တစ်​ဦး​ကို​ခေါ်​ပြီး “​ဣမလ​၏​သား​မိက္ခာယ​ကို အမြန်​ခေါ်​ခဲ့​ပါ​”​ဟု မိန့်ဆို​၏​။ အစ္စရေး​ဘုရင်​နှင့် ယုဒ​ဘုရင်​ယောရှဖတ်​မင်းကြီး​တို့​သည် မင်းဝတ်တန်ဆာ​ဝတ်ဆင်​လျက် ရှမာရိ​မြို့​တံခါး​နားရှိ ကောက်နယ်တလင်း​၌ အသီးသီး​ပလ္လင်​ပေါ်တွင် စံမြန်း​နေ​ကြ​၏​။ ပရောဖက်​အပေါင်း​တို့​သည်​လည်း သူ​တို့​ရှေ့​တွင် ပရောဖက်ပြု​နေ​ကြ​၏​။ ခေနာနာ​၏​သား​ဇေဒကိ​သည် သံ​ဦးချို​များ​ကို​ပြုလုပ်​ပြီး အာဟပ်​မင်းကြီး​အား “ ‘​မင်းကြီး​သည် ဤ​သံ​ဦးချို​များ​ဖြင့် ဆီးရီးယား​လူမျိုး​တို့ ပျက်စီး​ကုန်​သည့်​တိုင်အောင် ဝှေ့ယမ်း​တိုက်ခိုက်​ရ​လိမ့်မည်’​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​သည်”​ဟု ဆင့်ဆို​၏​။ ထို့အတူ ပရောဖက်​အပေါင်း​တို့​က​လည်း “​ရာမုတ်ဂိလဒ်​မြို့​သို့ ချီတက်​လော့​။ အောင်မြင်မှု​ရ​မည်​။ ထာဝရဘုရား​သည် ထို​မြို့​ကို မင်းကြီး​လက်​သို့ အပ်​တော်မူ​မည်​”​ဟု ပရောဖက်ပြု​ကြ​၏​။ မိက္ခာယ​ကို သွား​ခေါ်လာ​ခဲ့​သော​တမန်​က​လည်း မိက္ခာယ​အား “​ကြည့်​ပါ​။ ပရောဖက်​တို့​က ရှင်ဘုရင်​အဖို့ ကောင်း​သော​သတင်း​တစ်မျိုးတည်း​ကို ဟော​ကြ​ပြီ​။ သင်​သည်​လည်း သူ​တို့​နည်းတူ ကောင်း​သော​သတင်း​တစ်မျိုးတည်း​ကို​သာ ဟော​ပါ​လော့​”​ဟု ဆို​၏​။ သို့သော် မိက္ခာယ​က “​ထာဝရဘုရား​အသက်ရှင်​တော်မူ​သည်​နှင့်အညီ ငါ့​အား ထာဝရဘုရား​မိန့်​တော်မူ​သော​အရာ​ကို​သာ ငါ​ဟော​မည်​”​ဟု ပြန်ပြော​၏​။ ရှင်ဘုရင်​ထံ​ရောက်လာ​သောအခါ ရှင်ဘုရင်​က သူ့​အား “​မိက္ခာယ​၊ ရာမုတ်ဂိလဒ်​မြို့​ကို ငါ​တို့​စစ်ချီ​၍​တိုက်ခိုက်​ရ​မည်လော​။ မတိုက်​ဘဲ နေ​ရ​မည်လော​”​ဟု မေး​လျှင် သူ​က “​စစ်ချီ​တော်မူ​ပါ​။ အောင်မြင်မှု​ရ​လိမ့်မည်​။ ထာဝရဘုရား​သည် ထို​မြို့​ကို မင်းကြီး​လက်​သို့ အပ်​တော်မူ​မည်​”​ဟု ပြန်လျှောက်​၏​။ သို့သော် ရှင်ဘုရင်​က သူ့​အား “​ထာဝရဘုရား​၏​နာမ​တော်​ဖြင့် မှန်​သော​စကား​ကို​သာ ဟောပြော​ရန် သင့်​အား ဘယ်နှကြိမ် ကျိန်ဆို​စေ​ရ​မည်နည်း​”​ဟု မိန့်ဆို​၏​။ ထိုအခါ မိက္ခာယ​က ရှင်ဘုရင်​အား “​အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် သိုးထိန်း​မ​ရှိ​သော​သိုး​များ​ကဲ့သို့ တောင်​များ​ပေါ်တွင် ကွဲလွင့်​နေ​ကြ​သည်​ကို အကျွန်ုပ်​တွေ့​ပါ​၏​။ ထာဝရဘုရား​က​လည်း ‘​ဤ​သူ​တို့​၌ သခင်​မ​ရှိ​။ သူ​တို့​သည် ကိုယ့်​အိမ်​သို့​အေးချမ်း​စွာ​ပြန်​ကြ​ပါစေ​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု လျှောက်​ပြန်​၏​။ ထိုအခါ အစ္စရေး​ဘုရင်​က ယောရှဖတ်​မင်းကြီး​အား “​ငါ​နှင့်​ပတ်သက်လျှင် အကောင်း​ကို​မ​ဟော​။ အဆိုး​ကို​သာ ဟော​လေ့​ရှိ​သည်​ဟု သင့်​ကို ငါ​ပြော​ခဲ့​သည်​မ​ဟုတ်​လော”​ဟု ဆို​၏​။ မိက္ခာယ​က​လည်း “​သို့ဖြစ်၍ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ပါ​လော့​။ ထာဝရဘုရား​သည် မိမိ​ပလ္လင်​ပေါ်တွင်​စံမြန်း​လျက် ကောင်းကင်​ဗိုလ်ခြေ​အပေါင်း​တို့​သည် ကိုယ်တော်​၏​လက်ဝဲ​ဘက်​၊ လက်ယာ​ဘက်​တို့​၌ ရပ်​၍​ခစား​နေ​ကြ​သည်​ကို အကျွန်ုပ်​မြင်​ပါ​၏​။ ထာဝရဘုရား​က ‘​အာဟပ်​မင်းကြီး​သည် ရာမုတ်ဂိလဒ်​မြို့​ကို​ချီတက်​ပြီး ကျဆုံး​သွား​အောင် မည်သူ​ဖြားယောင်း​မည်နည်း​’​ဟု မေး​တော်မူ​လျှင် တစ်ပါး​က ဤသို့​ဟု လျှောက်တင်​၏​။ နောက်တစ်ပါး​က ထိုသို့​ဟု လျှောက်တင်​၏​။ ထိုအခါ ဝိညာဉ်​တစ်​ပါး​ထွက်လာ​၍ ထာဝရဘုရား​ရှေ့​တော်​၌​ရပ်​လျက် ‘​အကျွန်ုပ် ဖြားယောင်း​ပါ​မည်​’​ဟု လျှောက်တင်​လျှင် ထာဝရဘုရား​က ‘​မည်သို့​ဖြားယောင်း​မည်နည်း​’​ဟု မေး​တော်မူ​၏​။ ထို​ဝိညာဉ်​က​လည်း ‘​အကျွန်ုပ်​သွား​၍ ပရောဖက်​အပေါင်း​တို့​၏​နှုတ်​၌ မုသား​မြွက်ဆို​သော​ဝိညာဉ်​ဖြစ်​မည်​’​ဟု လျှောက်တင်​၏​။ ထာဝရဘုရား​က​လည်း ‘​သင်​ဖြားယောင်း​နိုင်​လိမ့်မည်​။ အောင်​လည်း​အောင်မြင်​လိမ့်မည်​။ သွား​၍ ထိုသို့​ပြု​လော့​’​ဟု မိန့်​တော်မူ​၏​။ ထို့ကြောင့် ယခု​ကြည့်​ပါ​။ ထာဝရဘုရား​သည် မင်းကြီး​၏​ပရောဖက်​အပေါင်း​တို့​နှုတ်​၌ မုသား​မြွက်ဆို​သော​ဝိညာဉ်​ကို သွင်း​တော်မူ​ပြီ​။ မင်းကြီး​လည်း ဘေးဆိုး​နှင့်​ကြုံ​ရ​မည်​ဟူ၍ ထာဝရဘုရား​မိန့်ဆို​လေ​ပြီ​”​ဟု ဆို​၏​။ ထိုအခါ ခေနာနာ​၏​သား​ဇေဒကိ​သည် မိက္ခာယ​အနား​သို့​လာ​ပြီး ပါး​ကို​ရိုက်​၏​။ ထို့နောက် “​ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် သင်​နှင့်​စကားပြော​ရန် ငါ့​ထံမှ မည်သည့်​အချိန်​က ထွက်သွား​သနည်း​”​ဟု မေး​၏​။ မိက္ခာယ​က​လည်း “​ကြည့်​ပါ​။ အခန်း​ထဲ သင်​ဝင်​ပုန်း​နေ​ရ​သော​နေ့​ရောက်​သောအခါ သိမြင်​ရ​လိမ့်မည်​”​ဟု ပြန်ပြော​၏​။ ထိုအခါ အစ္စရေး​ဘုရင်​က “​မိက္ခာယ​ကို ခေါ်သွား​ပြီး သူ့​ကို​မြို့အုပ်​အာမုန်​နှင့် ဘုရင့်​သား​တော်​ယောရှ​ထံ အပ်​လော့​။ ‘​ငါ ဘေးကင်း​စွာ​ပြန်လာ​သည့်​အချိန်​ထိ ဤ​သူ​ကို ထောင်ချ​ထား​၍ သူ့​အား မသေရုံတမည်​သာ မုန့်​နှင့်​ရေ​ကို ပေး​လော့​’​ဟူ၍ ရှင်ဘုရင်​အမိန့်ပေး​ကြောင်း​ပြောကြား​လော့​”​ဟု မိန့်ဆို​၏​။ ထိုအခါ မိက္ခာယ​က “​အရှင်မင်းကြီး ဘေးကင်း​စွာ​အမှန်​ပြန်လာ​ရ​သည်​ဆို​လျှင် အကျွန်ုပ်​အားဖြင့် ထာဝရဘုရား​မိန့်မှာ​သည်​မ​ဟုတ်​”​ဟု ပြန်ပြော​ပြီးလျှင် “​လူ​အပေါင်း​တို့​၊ ငါ့​စကား​ကို မှတ်ထား​ကြ​လော့​”​ဟု ဆို​၏​။ ဤသို့ဖြင့် အစ္စရေး​ဘုရင်​နှင့် ယုဒ​ဘုရင်​ယောရှဖတ်​မင်းကြီး​တို့​သည် ရာမုတ်ဂိလဒ်​မြို့​သို့ စစ်ချီသွား​ကြ​၏​။ အစ္စရေး​ဘုရင်​က ယောရှဖတ်​မင်းကြီး​အား “​ငါ​သည် ရုပ်ဖျက်​ပြီး တိုက်ပွဲ​ဝင်​မည်​။ သင်​မူကား သင်​၏​မင်းဝတ်တန်ဆာ​တို့​ကို ဝတ်ဆင်​ပါ​လော့​”​ဟု ဆို​ပြီး အစ္စရေး​ဘုရင်​သည် ရုပ်ဖျက်​၍ စစ်ပွဲ​ထဲသို့​ဝင်​လေ​၏​။ ဆီးရီးယား​ဘုရင်​သည် မိမိ​၏​စစ်ရထားမှူး​သုံးဆယ့်​နှစ်​ယောက်​အား “​အစ္စရေး​ဘုရင်​မှလွဲ၍ အခြား​ကြီးကြီး​ငယ်ငယ်​တစ်ယောက်​ကို​မျှ မ​တိုက်​ကြ​ပါ​နှင့်​”​ဟု မိန့်မှာ​ထား​၏​။ စစ်ရထားမှူး​တို့​က ယောရှဖတ်​မင်းကြီး​ကို​မြင်​လျှင် “​ဤ​သူ​သည် အစ္စရေး​ဘုရင်​ပင်​ဖြစ်​ရ​မည်​”​ဟု​ဆို​လျက် သူ့​ကို​တိုက်ခိုက်​ရန် လှည့်လာ​ကြ​၏​။ ထိုအခါ ယောရှဖတ်​မင်းကြီး အော်ဟစ်​လေ​၏​။ အစ္စရေး​ဘုရင်​မ​ဟုတ်​သည်​ကို စစ်ရထားမှူး​တို့​သိမြင်​၍ သူ့​နောက်​မ​လိုက်​တော့​ဘဲ ပြန်လှည့်​သွား​လေ​၏​။ စစ်သည်​တစ်​ဦး​သည် လေး​ကို​အမှတ်တမဲ့​ပစ်ထည့်​လိုက်​ရာ အစ္စရေး​ဘုရင်​ဝတ်​ထား​သော​သံချပ်အင်္ကျီ​၏​ဆက်​ရာ​ကြား​တွင် ထိမှန်​လေ​၏​။ ထိုအခါ ရှင်ဘုရင်​က မိမိ​စစ်ရထားမှူး​အား “​ရထား​ကို​ပြန်လှည့်​ပြီး စစ်မြေပြင်​မှ​ထွက်သွား​လော့​။ ငါ​ဒဏ်ရာ​ရ​နေ​ပြီ​”​ဟု အမိန့်ပေး​၏​။ ထို​နေ့​တွင် တိုက်ပွဲ​အလွန်​ပြင်းထန်​၏​။ စစ်ရထား​ပေါ်တွင် ရှင်ဘုရင်​ကို ဆီးရီးယား​တပ်​ဘက်​သို့ မျက်နှာမူ​စေ​ပြီး မှီထိုင်​စေ​၏​။ ညနေခင်း​အချိန်​တွင် ရှင်ဘုရင်​အနိစ္စရောက်​၍ ဒဏ်ရာ​မှ​သွေး​များ​လည်း စစ်ရထား​ကြမ်းပြင်​အထိ စီးကျ​၏​။ နေဝင်ချိန်​ရောက်​သောအခါ “​လူ​တိုင်း ကိုယ့်​ပြည်​၊ ကိုယ့်​မြို့​သို့ ပြန်​ကြ​ပါ​”​ဟူသော​အော်ဟစ်သံ​မှာ တပ်​တစ်တပ်လုံး​ပျံ့နှံ့​သွား​၏​။ ရှင်ဘုရင်​အနိစ္စရောက်​သွား​သဖြင့် ရှမာရိ​မြို့​သို့​သယ်လာ​ပြီး ရှင်ဘုရင်​ကို ရှမာရိ​မြို့​တွင် သင်္ဂြိုဟ်​ကြ​၏​။ စစ်ရထား​ကို ပြည့်တန်ဆာ​တို့​ရေချိုး​လေ့​ရှိ​သော ရှမာရိ​ရေကန်​တွင် ဆေးကြော​ရာ ထာဝရဘုရား​မိန့်​တော်မူ​သည့်​စကား​အတိုင်း ရှင်ဘုရင်​၏​သွေး​တို့​ကို ခွေး​တို့ လျက်​ကြ​လေ​၏​။ ကျန်ရှိ​နေ​သော အာဟပ်​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သော​အရာ​ဟူသမျှ​၊ ဆင်စွယ်​နန်းတော်​တည်ဆောက်​ခဲ့​ပုံ​၊ မြို့​များ​တည်​ခဲ့​ပုံ​တို့​ကို အစ္စရေး​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏​။ အာဟပ်​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ သူ​၏​သား​တော်​အာခဇိ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။