YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ဓမ္မရာဇဝင် 19:19-21

၃ ဓမ္မရာဇဝင် 19:19-21 Judson Bible (JBMLE)

ထို​အ​ရပ်​မှ ဧ​လိ​ယ​သည် သွား​ပြီး​လျှင်၊ နွား​ငါး​ရှဉ်း​နှင့် လယ်​ထွန်​လျက်၊ နောက်​ဆုံး​နွား​ရှဉ်း၌ ကိုယ်​တိုင်​လိုက်​သော ရှာ​ဖတ်​သား​ဧ​လိ​ရှဲ​ကို​တွေ့၍ အ​နား၌​လျှောက်​စဉ်​တွင်၊ မိ​မိ​ဝတ်​လုံ​ကို သူ့​အ​ပေါ်​မှာ​တင်​လေ၏။ ဧ​လိ​ရှဲ​သည် နွား​တို့​ကို​ပစ်​ထား၍ ဧ​လိ​ယ​နောက်​သို့​လိုက်​လျက်၊ အ​ကျွန်ုပ်​သည် မိ​ဘ​ကို​နမ်း​ပါ​ရ​စေ။ သို့​ပြီး​မှ ကိုယ်​တော်​နောက်​သို့​လိုက်​ပါ​မည်​ဟု အ​ခွင့်​တောင်း​လျှင်၊ ဧ​လိ​ယ​က ပြန်​သွား​လော့။ ငါ​သည် သင်၌ အ​ဘယ်​သို့​ပြု​ဘိ​သ​နည်း​ဟု​ဆို​သော်၊ ဧ​လိ​ရှဲ​သည်​ပြန်​သွား၍ နွား​တစ်​ရှဉ်း​ကို​သတ်​ပြီး​မှ၊ နွား​သား​ကို လယ်​ထွန်​သော​တန်​ဆာ​နှင့်​ပြုတ်၍ လူ​များ​တို့​အား​ကျွေး​လေ၏။ သို့​ပြီး​မှ ထ၍ ဧ​လိ​ယ​နောက်​သို့​လိုက်​လျက် လက်​ထောက်​ဖြစ်​လေ၏။

၃ ဓမ္မရာဇဝင် 19:19-21 Common Language Bible (BCL)

ဧ​လိ​ယ​သည်​ထို​အ​ရပ်​မှ​ထွက်​ခွာ​သွား​သော အ​ခါ နွား​တစ်​ရှဉ်း​နှင့်​လယ်​ထွန်​နေ​သော ဧ​လိ​ရှဲ ကို​တွေ့​လေ​သည်။ သူ​၏​ရှေ့​တွင်​နွား​တစ်​ဆယ့် တစ်​ရှဉ်း​ရှိ​၍​သူ​သည်​နောက်​ဆုံး​နွား​တစ်​ရှဉ်း ဖြင့်​လယ်​ထွန်​၍​နေ​သ​တည်း။ ဧ​လိ​ယ​သည် မိ​မိ​၏​ဝတ်​လုံ​ကို​ချွတ်​၍​ဧ​လိ​ရှဲ​၏​အ​ပေါ် တွင်​တင်​လေ​သည်။- ထို​အ​ခါ​ဧ​လိ​ရှဲ​သည်​မိ​မိ​၏​နွား​များ​ကို ထား​ခဲ့​၍ ဧ​လိ​ယ​၏​နောက်​သို့​လိုက်​ပြီး လျှင်``အ​ကျွန်ုပ်​၏​မိ​ဘ​ထံ​သို့​သွား​၍​နှုတ် ဆက်​ခွင့်​ပြု​ပါ။ ထို့​နောက်​အ​ရှင်​နှင့်​အ​တူ လိုက်​ပါ​မည်'' ဟု​ပြော​၏။ ဧ​လိ​ယ​က``ကောင်း​ပြီ၊ သွား​လော့။ သင့်​အား ငါ​မ​ဆီး​တား​ပါ'' ဟု​ဆို​၏။ ထို​အ​ခါ​ဧ​လိ​ရှဲ​သည် မိ​မိ​၏​နွား​နှစ်​ကောင်​ကို သတ်​ပြီး​လျှင် နွား​ထမ်း​ပိုး​ကို​ထင်း​လုပ်​၍​ချက်​၏။ ထို​နောက်​အ​မဲ​သား​ဟင်း​ကို​လူ​တို့​အား​ကျွေး မွေး​ပြီး​လျှင် ဧ​လိ​ယ​၏​နောက်​သို့​တ​ပည့် အ​ဖြစ်​လိုက်​သွား​လေ​သည်။

၃ ဓမ္မရာဇဝင် 19:19-21 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဤသို့ဖြင့် ဧလိယ​သည် ထို​နေရာ​မှ​ထွက်သွား​၍ ရှာဖတ်​၏​သား ဧလိရှဲ​နှင့်​တွေ့​၏​။ လယ်ထွန်​လျက်​ရှိ​သော​နွား​တစ်ဆယ့်​နှစ်​ရှဉ်း​တွင် ဧလိရှဲ​သည် တစ်ဆယ့်​နှစ်​ရှဉ်း​မြောက်​၌ လယ်ထွန်​နေ​၏​။ ဧလိယ​သည် သူ့​နား​သို့​သွား​ပြီး မိမိ​ဝတ်လုံ​ကို သူ့​အပေါ် လွှားတင်​ပေး​လိုက်​လျှင် ဧလိရှဲ​သည် နွား​ကို​ထား​ခဲ့​၍ ဧလိယ​နောက်သို့​လိုက်​လျက် “​အကျွန်ုပ်​မိဘ​ကို နမ်း​ပြီး​နှုတ်ဆက်​ပါရစေ​။ ပြီးလျှင် အရှင့်​နောက်သို့ လိုက်​ပါ​မည်​”​ဟု ဆို​၏​။ ဧလိယ​က​လည်း သူ့​အား “​သင့်​ကို ငါ​မည်သို့​ပြု​ပြီး​ပြီ​နည်း​။ သွား​ပြီး ပြန်လာ​ခဲ့​ပါ​”​ဟု ပြန်ပြော​၏​။ ထိုအခါ ဧလိရှဲ​သည် ဧလိယ​နောက်​လိုက်သွား​ရာ​မှ​ပြန်လာ​၍ နွားတစ်ရှဉ်း​ကို​ယူ​ပြီး သတ်​၏​။ နွား​ထမ်းပိုး​ကို​ထင်းလုပ်​၍ ဟင်းချက်​ပြီးလျှင် လူ​တို့​အား​ကျွေးမွေး​သဖြင့် လူ​တို့​လည်း စား​ကြ​၏​။ ထို့နောက် သူ​သည် ဧလိယ​နောက်သို့​လိုက်​၍ တပည့်ခံ​လေ​၏​။