YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ဓမ္မရာဇဝင် 19:11-12

၃ ဓမ္မရာဇဝင် 19:11-12 Judson Bible (JBMLE)

နှုတ်​က​ပတ်​တော်​က​လည်း ထွက်​လော့။ ထာ​ဝ​ရ​ဘု​ရား​ရှေ့ တောင်​ပေါ်​မှာ​ရပ်​နေ​လော့။ ထာ​ဝ​ရ​ဘု​ရား​လျှောက်​သွား​မည်​ဟု မိန့်​တော်​မူ၏။ ထို​အ​ခါ အား​ကြီး​သော​လေ​ပြင်း​သည် တောင်​ထိပ်​တို့​ကို​ခွဲ၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကျောက်​တို့​ကို ချိုး​ဖဲ့၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် လေ၌​ရှိ​တော်​မ​မူ။ လေ​နောက်​မှာ မြေ​လှုပ်​ခြင်း​ရှိ၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် မြေ​လှုပ်​ရှား​ခြင်း၌​လည်း ရှိ​တော်​မ​မူ။ မြေ​လှုပ်​ခြင်း​နောက်​မှာ မီး​ရှိ၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် မီး၌​လည်း ရှိ​တော်​မ​မူ၊ မီး​နောက်​မှာ ဖြည်း​ညင်း​သော​အ​သံ ရှိ၏။

၃ ဓမ္မရာဇဝင် 19:11-12 Common Language Bible (BCL)

ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​သူ့​အား``ဂူ​ပြင် သို့​ထွက်​၍​တောင်​ထိပ်​ပေါ်​၌​ငါ​၏​အ​ရှေ့​မျက် မှောက်​တွင်​ရပ်​နေ​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို့ နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​၏​အ​နီး​မှ ဖြတ်​ကြွ​တော်​မူ​၍ လေ​ပြင်း​မုန်​တိုင်း​ကို​တိုက် ခတ်​စေ​တော်​မူ​၏။ သို့​ဖြစ်​၍​တောင်​များ​သည် ပြို​ကွဲ​ကြ​လျက်​ကျောက်​တို့​သည်​လည်း​ကြေ မွ​သွား​လေ​သည်။ သို့​ရာ​တွင်​ထာ​ဝရ​ဘု​ရား သည်​ထို​လေ​မုန်​တိုင်း​ထဲ​၌​ရှိ​တော်​မ​မူ။ လေ အ​တိုက်​ရပ်​သော​အ​ခါ​မြေ​င​လျင်​လှုပ်​လေ ၏။ သို့​ရာ​တွင်​ထို​မြေ​င​လျင်​ထဲ​၌​လည်း ထာ​ဝ​ရ​ဘု​ရား​ရှိ​တော်​မ​မူ။- မြေ​င​လျင်​လှုပ်​ပြီး​နောက်​မီး​လျှံ​တောက် လောင်​လေ​သည်။ သို့​ရာ​တွင်​ထို​မီး​လျှံ​ထဲ​၌ လည်း​ထာ​ဝရ​ဘု​ရား​ရှိ​တော်​မ​မူ။ မီး​လျှံ တောက်​လောင်​ပြီး​နောက်​ဖြည်း​ညှင်း​သော​အ​သံ ပေါ်​ထွက်​လာ​၏။

၃ ဓမ္မရာဇဝင် 19:11-12 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုအခါ ကိုယ်တော်​က “​တောင်​ပေါ်သို့​သွား​၍ ထာဝရဘုရား​ရှေ့​တော်​တွင် ရပ်​နေ​လော့​”​ဟု သူ့​အား မိန့်​တော်မူ​၏​။ ထာဝရဘုရား​ဖြတ်လျှောက်​တော်မူ​လျှင် ပြင်းထန်​သော​လေ​အဟုန်​ကြောင့် တောင်​များ​အက်ကွဲ​ကုန်​၏​။ ထာဝရဘုရား​ရှေ့မှောက်​တွင် ကျောက်​များ​ကျိုးပဲ့​ကုန်​၏​။ သို့သော် ထာဝရဘုရား​သည် လေ​ထဲ၌ ရှိ​တော်​မ​မူ​။ လေတိုက်​ပြီးမှ ငလျင်လှုပ်​၏​။ သို့သော် ထာဝရဘုရား​သည် ငလျင်​ထဲတွင်​လည်း ရှိ​တော်​မ​မူ​။ ငလျင်လှုပ်​ပြီးနောက် မီးလောင်​၏​။ သို့သော် ထာဝရဘုရား​သည် မီး​ထဲတွင် ရှိ​တော်​မ​မူ​။ မီးလောင်​ပြီးနောက် ဖြည်းညင်း​သာယာ​သော​အသံ ထွက်လာ​၏​။