YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ယောဟန် 5:5-12

၁ ရှင်ယောဟန် 5:5-12 Judson Bible (JBMLE)

ယေ​ရှု​သည် ဘု​ရား​သ​ခင်၏ သား​တော်​ဖြစ်​သည်​ကို ယုံ​ကြည်​သော​သူ​မှ​တစ်​ပါး၊ အ​ဘယ်​သူ​သည် လော​က​ကို အောင်​နိုင်​သ​နည်း။ ထို​သ​ခင်​ကား၊ ရေ​အား​ဖြင့်​လည်း​ကောင်း၊ အ​သွေး​အား​ဖြင့်​လည်း​ကောင်း ကြွ​လာ​သော​သူ​တည်း​ဟူ​သော ယေ​ရှု​ခ​ရစ်​ပေ​တည်း။ ရေ​အား​ဖြင့်​သာ​မ​ဟုတ်၊ ရေ​အား​ဖြင့်​လည်း​ကောင်း၊ အ​သွေး​အား​ဖြင့်​လည်း​ကောင်း ကြွ​လာ​တော်​မူ၏။ သက်​သေ​ခံ​ဟူ​မူ​ကား၊ ဝိ​ညာဉ်​တော်​သည် သ​မ္မာ​တ​ရား​ဖြစ်၍ သက်​သေ​ခံ​တော်​မူ၏။- သို့​ဖြစ်​လျှင်၊ ကောင်း​ကင်​ဘုံ၌ ခ​မည်း​တော်​တစ်​ပါး၊ နှုတ်​က​ပတ်​တော်​တစ်​ပါး၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​တစ်​ပါး၊ သက်​သေ​ခံ​သုံး​ပါး​ရှိ၍ ထို​သုံး​ပါး​တို့​သည် တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​တော်​မူ၏။- မြေ​ကြီး​ပေါ်၌​လည်း ဝိ​ညာဉ်​တော်​တစ်​ပါး၊ ရေ​တစ်​ပါး၊ အ​သွေး​တစ်​ပါး၊ သက်​သေ​ခံ​သုံး​ပါး​ရှိ၍ ထို​သုံး​ပါး​တို့​သည် တ​ညီ​တ​ညွတ်​တည်း ဖြစ်၏။- လူ၏​သက်​သေ​ကို ယုံ​ရ​လျှင်၊ ဘု​ရား​သ​ခင်၏ သက်​သေ​တော်​ကို သာ၍ ယုံ​ဖွယ်​ရာ​အ​ကြောင်း​ရှိ၏။ ယ​ခု​ဆို​ခဲ့​ပြီး​သော သက်​သေ​ကား၊ ဘု​ရား​သ​ခင်​သည် မိ​မိ​သား​တော်၏​အ​ကြောင်း​ကို သက်​သေ​ခံ​တော်​မူ​ချက် ဖြစ်​သ​တည်း။- ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​သော​သူ​သည်၊ မိ​မိ​အ​ထဲ၌ ထို​သက်​သေ​ကို​ရ၏။ ဘု​ရား​သ​ခင်​ကို မ​ယုံ​ကြည်​သော​သူ​မူ​ကား၊ ဘု​ရား​သ​ခင်​ကို မု​သား​အ​ပြစ်​တင်၏။ အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် မိ​မိ​သား​တော်၏​အ​ကြောင်း​မှာ သက်​သေ​ခံ​တော်​မူ​သော​စ​ကား​တော်​ကို ထို​သူ​သည် မ​ယုံ​ဘဲ​နေ၏။- သက်​သေ​ခံ​တော်​မူ​ချက် ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​အား ထာ​ဝ​ရ​အ​သက်​ကို ပေး​တော်​မူ၍၊ ထို​အ​သက်​သည်​လည်း သား​တော်၌​ပါ၏။- သား​တော်​ကို​ရ​သော​သူ​သည် အ​သက်​ကို​ရ၏။ ဘု​ရား​သ​ခင်၏​သား​တော်​ကို မ​ရ​သော​သူ​မူ​ကား အ​သက်​ကို​မ​ရ။

၁ ရှင်ယောဟန် 5:5-12 Common Language Bible (BCL)

သ​ခင်​ယေ​ရှု​သည်​ဘု​ရား​သ​ခင်​၏​သား တော်​ဖြစ်​ကြောင်း​ခံ​ယူ​ယုံ​ကြည်​သူ​မှ​တစ်​ပါး အ​ဘယ်​သူ​သည်​လော​က​ကို​အောင်​နိုင်​သ​နည်း။ ယေ​ရှု​ခ​ရစ်​သည်​ရေ​အား​ဖြင့်​ဗတ္တိ​ဇံ​ကို​ခံ တော်​မူ​လျက်​သွေး​တော်​ကို​သွန်း​၍ အ​သေ​ခံ တော်​မူ​လျက်​ကြွ​လာ​တော်​မူ​သော​အ​ရှင်​ပေ တည်း။ ကိုယ်​တော်​သည်​ရေ​အား​ဖြင့်​သာ​ကြွ​လာ တော်​မူ​သည်​မ​ဟုတ်။ ရေ​အား​ဖြင့်​လည်း​ကောင်း၊ သွေး​အား​ဖြင့်​လည်း​ကောင်း​ကြွ​လာ​တော်​မူ​ပေ သည်။ ဝိ​ညာဉ်​တော်​သည်​သမ္မာ​တ​ရား​ဖြစ်​၍​ကြွ လာ​တော်​မူ​ကြောင်း​ကို​သက်​သေ​ခံ​တော်​မူ​၏။- သက်​သေ​သုံး​ပါး​ရှိ​လေ​သည်။- ယင်း​တို့​ကား​ဝိ​ညာဉ်​တော်၊ ရေ​နှင့်​သွေး​တို့​ဖြစ် ကြ​၏။ ထို​သုံး​ပါး​တို့​သည်​တ​ညီ​တ​ညွတ် တည်း​သက်​သေ​ခံ​ကြ​၏။- ငါ​တို့​သည်​လူ​တို့​၏​သက်​သေ​ခံ​ချက်​ကို လက်​ခံ​တတ်​ကြ​၏။ ဘု​ရား​သ​ခင်​၏​သက်​သေ ခံ​တော်​မူ​ချက်​မှာ လူ​တို့​၏​သက်​သေ​ခံ​ချက် ထက်​ပို​၍​ပင်​ခိုင်​လုံ​၏။ ကိုယ်​တော်​သည်​သား တော်​၏​အ​ကြောင်း​သက်​သေ​ခံ​တော်​မူ​ပြီ။- ဘု​ရား​သ​ခင်​၏​သား​တော်​ကို​ယုံ​ကြည်​သူ​သည် ထို​သက်​သေ​ခံ​ချက်​ကို​စိတ်​နှ​လုံး​ထဲ​တွင်​မှတ် ကျုံး​ထား​၏။ ဘု​ရား​သ​ခင်​ကို​မ​ယုံ​ကြည်​သူ သည်​ကား သား​တော်​အ​ကြောင်း​ကိုယ်​တော်​သက် သေ​ခံ​တော်​မူ​သည်​ကို​မ​ယုံ​ကြည်​သ​ဖြင့် ဘု​ရား​သ​ခင်​အား​မု​သား​သုံး​သည်​ဟု​ဆို ရာ​ရောက်​၏။- ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား ထာ​ဝ​ရ​အ​သက် ကို​ပေး​သ​နား​တော်​မူ​ကြောင်း၊ ထို​အ​သက်​ကို သား​တော်​အား​ဖြင့်​ရ​ရှိ​ကြောင်း​ဘု​ရား​သ​ခင် သက်​သေ​ခံ​တော်​မူ​၏။- သား​တော်​ကို​ရ​ရှိ​သူ​သည်​ထို​အ​သက်​ကို ရ​၏။ ဘု​ရား​သ​ခင်​၏​သား​တော်​ကို​မ​ရ ရှိ​သူ​မူ​ကား​ထို​အ​သက်​ကို​မ​ရ။

၁ ရှင်ယောဟန် 5:5-12 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မည်သူ​သည် လောက​ကို​အောင်နိုင်​သနည်း။ ယေရှု​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​သည်​ဟု ယုံကြည်​သော​သူ​ပင်​မ​ဟုတ်​လော။ ယေရှု​ခရစ်တော်​သည် ရေ​နှင့်​သွေး​အားဖြင့် ကြွလာ​တော်မူ​သော​အရှင်​ဖြစ်​၏။ ရေ​အားဖြင့်​သာ​မ​ဟုတ်​ဘဲ ရေ​နှင့်​သွေး​အားဖြင့်​ကြွလာ​တော်မူ​၏။ ဝိညာဉ်​တော်​သည် သက်သေခံ​သော​အရှင်​ဖြစ်​၏။ အကြောင်းမှာ ဝိညာဉ်​တော်​သည် သမ္မာတရား​ဖြစ်​တော်မူ​၏။ ဝိညာဉ်​တော်၊ ရေ၊ သွေး​တည်းဟူသော သက်သေ​သုံး​ပါး​ရှိ​၍ ထို​သုံး​ပါး​တို့​သည် တညီတညွတ်တည်း​ဖြစ်​ကြ​၏။ ငါ​တို့​သည် လူ​၏​သက်သေခံ​ချက်​ကို လက်ခံ​ကြ​သည်​ဆို​လျှင် ဘုရားသခင်​၏​သက်သေခံ​တော်မူ​ချက်​သည် ပို၍​ကြီးမြတ်​၏။ အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​၏​သက်သေခံ​တော်မူ​ချက်​သည် မိမိ​၏​သား​တော်​နှင့်​ပတ်သက်​၍​ပေး​ထား​သော​သက်သေခံ​တော်မူ​ချက်​ဖြစ်​၏။ ဘုရားသခင်​၏​သား​တော်​ကို​ယုံကြည်​သော​သူ​သည် ဤ​သက်သေခံ​ချက်​ကို မိမိ​အထဲ၌​ရရှိ​ထား​၏။ ဘုရားသခင်​ကို​မ​ယုံကြည်​သော​သူ​မူကား ဘုရားသခင်​ကို လိမ်လည်​သော​သူ​ဟု​ဆို​ရာ​ရောက်​၏။ အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​က မိမိ​၏​သား​တော်​နှင့်​ပတ်သက်၍ သက်သေခံ​တော်မူ​သော​သက်သေခံ​ချက်​ကို ထို​သူ​သည် မ​ယုံကြည်​သောကြောင့်​ဖြစ်​၏။ ထို​သက်သေခံ​ချက်​မှာ ဘုရားသခင်​သည် ငါ​တို့​အား ထာဝရ​အသက်​ကို​ပေး​တော်မူ​ပြီး ထို​အသက်​သည် ဘုရားသခင်​၏​သား​တော်​၌​ရှိ​၏​ဟူ၍ ဖြစ်​၏။ သား​တော်​ကို​ရရှိ​သော​သူ​သည် အသက်​ကို​ရ​၏။ ဘုရားသခင်​၏​သား​တော်​ကို​မ​ရရှိ​သော​သူ​မူကား အသက်​ကို​မ​ရ။