YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ယောဟန် 5:1-5

၁ ရှင်ယောဟန် 5:1-5 Judson Bible (JBMLE)

ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်​တော်​မူ​သည်​ကို ယုံ​ကြည်​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်​ဖြစ်​ဖွား​စေ​တော်​မူ​သော​သူ​ဖြစ်၏။ အ​ဘ​ကို​ချစ်​သော​သူ​သည် သား​ကို​လည်း ချစ်​တတ်​သည်​နှင့်​အ​ညီ၊- ငါ​တို့​သည် ဘု​ရား​သ​ခင်​ကို​ချစ်၍၊ ပ​ညတ်​တော်​တို့​ကို စောင့်​ကြ​လျှင်၊ ဘု​ရား​သ​ခင်၏​သား​တို့​ကို ချစ်​ကြ​သည်​ကို ငါ​တို့​သိ​ရ​ကြ၏။- ပ​ညတ်​တော်​တို့​ကို စောင့်​ခြင်း​အ​ရာ​သည် ဘု​ရား​သ​ခင်​ကို ချစ်​ရာ​ရောက်၏။ ပ​ညတ်​တော်​တို့​ကို စောင့်​ခဲ​သည်​မ​ဟုတ်။- ဘု​ရား​သ​ခင်၏​သား​ဖြစ်​သော​သူ မည်​သည်​ကား၊ လော​က​ကို အောင်​တတ်၏။ လော​က​ကို အောင်​ခြင်း​အ​ကြောင်း​မူ​ကား၊ ငါ​တို့၏ ယုံ​ကြည်​ခြင်း​ပေ​တည်း။- ယေ​ရှု​သည် ဘု​ရား​သ​ခင်၏ သား​တော်​ဖြစ်​သည်​ကို ယုံ​ကြည်​သော​သူ​မှ​တစ်​ပါး၊ အ​ဘယ်​သူ​သည် လော​က​ကို အောင်​နိုင်​သ​နည်း။

၁ ရှင်ယောဟန် 5:1-5 Common Language Bible (BCL)

သ​ခင်​ယေ​ရှု​သည်​မေ​ရှိ​ယ​ဖြစ်​တော်​မူ​ကြောင်း​ကို ယုံ​ကြည်​သော​သူ​သည် ဘု​ရား​သ​ခင်​၏​သား​သ​မီး ဖြစ်​၏။ ဖ​ခင်​ကို​ချစ်​သော​သူ​သည်​ထို​ဖ​ခင်​၏​သား ကို​လည်း​ချစ်​တတ်​၏။- ငါ​တို့​သည်​ဘု​ရား​သ​ခင်​ကို​ချစ်​၍​ပ​ညတ် တော်​ကို​စောင့်​ထိန်း​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင် ၏​သား​သ​မီး​များ​ကို​ငါ​တို့​ချစ်​ကြောင်း ငါ​တို့​သိ​ကြ​ရ​၏။- အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​ကို ချစ်​ခြင်း​သည် ကိုယ်​တော်​၏​ပ​ညတ်​တော်​တို့ ကို​စောင့်​ထိန်း​ခြင်း​ပင်​ဖြစ်​သည်။ ကိုယ်​တော်​၏ ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​ရန်​ငါ​တို့ အ​တွက်​ဝန်​မ​လေး​ပေ။- အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​၏​သား သ​မီး​ဖြစ်​သူ​သည် လော​က​ကို​အောင်​နိုင်​သော ကြောင့်​ဖြစ်​၏။ ငါ​တို့​သည်​ယုံ​ကြည်​ခြင်း​အား ဖြင့်​လော​က​ကို​အောင်​ခြင်း​ဖြစ်​ပေ​သည်။- သ​ခင်​ယေ​ရှု​သည်​ဘု​ရား​သ​ခင်​၏​သား တော်​ဖြစ်​ကြောင်း​ခံ​ယူ​ယုံ​ကြည်​သူ​မှ​တစ်​ပါး အ​ဘယ်​သူ​သည်​လော​က​ကို​အောင်​နိုင်​သ​နည်း။

၁ ရှင်ယောဟန် 5:1-5 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယေရှု​သည် ခရစ်တော်​ဖြစ်​သည်​ဟု ယုံကြည်​သော​သူ​တိုင်း​သည် ဘုရားသခင်​ထံမှ​ပေါက်ဖွား​လာ​သော​သူ​ဖြစ်​၏။ ပေါက်ဖွား​စေ​တော်မူ​သော​အရှင်​ကို ချစ်​သော​သူ​တိုင်း​သည် ထို​အရှင်​ထံမှ​ပေါက်ဖွား​လာ​သော​သူ​ကို​လည်း​ချစ်​၏။ ငါ​တို့​သည် ဘုရားသခင်​ကို​ချစ်​၍ ဘုရားသခင်​၏​ပညတ်​တော်​တို့​ကို​လိုက်နာ​ကျင့်သုံး​ကြ​လျှင် ထို​အမှုအရာ​အားဖြင့် ငါ​တို့​သည် ဘုရားသခင်​၏​သားသမီး​များ​ကို​ချစ်​ကြောင်း ငါ​တို့​သိ​ကြ​၏။ ဘုရားသခင်​ကို​ချစ်​ခြင်း​ဆိုသည်မှာ ဘုရားသခင်​၏​ပညတ်​တော်​တို့​ကို စောင့်ထိန်း​ခြင်း​ပင်​ဖြစ်​၏။ ဘုရားသခင်​၏​ပညတ်​တော်​တို့​သည်​လည်း စောင့်ထိန်း​ရန်​ခဲယဉ်း​သည်​မ​ဟုတ်။ အကြောင်းမူကား ဘုရားသခင်​ထံမှ​ပေါက်ဖွား​လာ​သော​သူ​တိုင်း​သည် လောက​ကို​အောင်နိုင်​၏။ လောက​ကို​အောင်နိုင်​သော အောင်ပွဲ​မှာ ငါ​တို့​၏​ယုံကြည်​ခြင်း​ပင်​ဖြစ်​၏။ မည်သူ​သည် လောက​ကို​အောင်နိုင်​သနည်း။ ယေရှု​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​သည်​ဟု ယုံကြည်​သော​သူ​ပင်​မ​ဟုတ်​လော။