၁ ကောရိန္သု 3:6-7
၁ ကောရိန္သု 3:6-7 Judson Bible (JBMLE)
ငါသည် စိုက်ပျိုးသောသူဖြစ်၏။ အာပေါလုသည် ရေလောင်းသောသူဖြစ်၏။ အပင်ကိုကြီးပွားစေသောသူကား၊ ဘုရားသခင်ပေတည်း။- စိုက်ပျိုးသောသူ မတတ်နိုင်။ ရေလောင်းသောသူလည်း မတတ်နိုင်။ ကြီးပွားစေတော်မူသော ဘုရားသခင်သာလျှင် တတ်နိုင်တော်မူ၏။
၁ ကောရိန္သု 3:6-7 Common Language Bible (BCL)
ငါသည်မျိုးစေ့ကိုစိုက်၏။ အာပေါလုကား ရေလောင်း၏။ အပင်ပေါက်စေတော်မူသော အရှင်ကားဘုရားသခင်ပေတည်း။- မျိုးစေ့ကိုစိုက်သူနှင့်ရေလောင်းသူသည် အဋ္ဌိကမဟုတ်။ အပင်ပေါက်စေတော်မူ သောသူတည်းဟူသောဘုရားသခင်သာ လျှင်အဋ္ဌိကဖြစ်တော်မူ၏။
၁ ကောရိန္သု 3:6-7 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ငါသည် စိုက်ပျိုး၏။ အာပေါလုသည် ရေလောင်း၏။ သို့သော် ကြီးထွားစေတော်မူသောအရှင်ကား ဘုရားသခင်ပေတည်း။ ထို့ကြောင့် စိုက်ပျိုးသောသူဖြစ်စေ၊ ရေလောင်းသောသူဖြစ်စေ ပဓာနမဟုတ်။ ကြီးထွားစေတော်မူသော ဘုရားသခင်သာလျှင် ပဓာနဖြစ်တော်မူ၏။