YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 3:4-8

၁ ကောရိန္သု 3:4-8 Judson Bible (JBMLE)

တစ်​ယောက်​က၊ ငါ​သည် ပေါ​လု​တ​ပည့်​ဖြစ်၏ ဟူ၍​လည်း​ကောင်း၊ တစ်​ယောက်​က၊ ငါ​သည် အာ​ပေါ​လု​တ​ပည့်​ဖြစ်၏ ဟူ၍​လည်း​ကောင်း၊ အ​သီး​အ​သီး​ပြော​ကြ​လျှင်၊ ဇာ​တိ​ပ​က​တိ​လူ ဖြစ်​ကြ​သည် မ​ဟုတ်​လော။ ပေါ​လု​ကား အ​ဘယ်​သူ​နည်း။ အာ​ပေါ​လု​ကား အ​ဘယ်​သူ​နည်း။ အ​ခြား​သော​သူ​မ​ဟုတ်၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​သီး​အ​သီး​တို့​အား အ​ခွင့်​ပေး​သ​နား​တော်​မူ​သည်​နှင့် အ​ညီ၊ သင်​တို့​ကို ယုံ​ကြည်​ခြင်း​သို့ ရောက်​စေ​သော ဓ​မ္မ​ဆ​ရာ​ပေ​တည်း။- ငါ​သည် စိုက်​ပျိုး​သော​သူ​ဖြစ်၏။ အာ​ပေါ​လု​သည် ရေ​လောင်း​သော​သူ​ဖြစ်၏။ အ​ပင်​ကို​ကြီး​ပွား​စေ​သော​သူ​ကား၊ ဘု​ရား​သ​ခင်​ပေ​တည်း။- စိုက်​ပျိုး​သော​သူ မ​တတ်​နိုင်။ ရေ​လောင်း​သော​သူ​လည်း မ​တတ်​နိုင်။ ကြီး​ပွား​စေ​တော်​မူ​သော ဘု​ရား​သ​ခင်​သာ​လျှင် တတ်​နိုင်​တော်​မူ၏။- သို့​သော်​လည်း၊ စိုက်​ပျိုး​သော​သူ​နှင့် ရေ​လောင်း​သော​သူ​သည် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်၍၊ အ​သီး​အ​သီး မိ​မိ​လုပ်​သည်​အ​တိုင်း မိ​မိ​အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။

၁ ကောရိန္သု 3:4-8 Common Language Bible (BCL)

ငါ​သည်​ပေါ​လု​တ​ပည့်​ဖြစ်​သည်၊ ငါ​သည် အာ​ပေါ​လု​တ​ပည့်​ဖြစ်​သည်​ဟု​သင်​တို့​ဆို သည့်​အ​ခါ သင်​တို့​သည်​လော​ကီ​ဆန်​သူ များ​ကဲ့​သို့​ပြု​မူ​ခြင်း​ပင်​မ​ဟုတ်​ပါ​လော။ အာ​ပေါ​လု​ကား​အ​ဘယ်​သူ​နည်း။ ပေါ​လု​ကား အ​ဘယ်​သူ​နည်း။ သူ​တို့​သည်​ဘု​ရား​သ​ခင်​၏ အ​စေ​ခံ​များ​သာ​လျှင်​ဖြစ်​၍ သင်​တို့​ယုံ​ကြည် လာ​စေ​ရန်​ပြု​စု​ပေး​ကြ​သူ​များ​ဖြစ်​၏။ ငါ တို့​တစ်​ဦး​စီ​သည်​သ​ခင်​ဘု​ရား​ခွဲ​ဝေ​သတ် မှတ်​ပေး​တော်​မူ​သော​တာ​ဝန်​အ​သီး​သီး ကို​ထမ်း​ဆောင်​ကြ​ရ​သည်။- ငါ​သည်​မျိုး​စေ့​ကို​စိုက်​၏။ အာ​ပေါ​လု​ကား ရေ​လောင်း​၏။ အ​ပင်​ပေါက်​စေ​တော်​မူ​သော အ​ရှင်​ကား​ဘု​ရား​သ​ခင်​ပေ​တည်း။- မျိုး​စေ့​ကို​စိုက်​သူ​နှင့်​ရေ​လောင်း​သူ​သည် အ​ဋ္ဌိ​က​မ​ဟုတ်။ အ​ပင်​ပေါက်​စေ​တော်​မူ သော​သူ​တည်း​ဟူ​သော​ဘု​ရား​သ​ခင်​သာ လျှင်​အ​ဋ္ဌိ​က​ဖြစ်​တော်​မူ​၏။- မျိုး​စေ့​ကို​စိုက်​သူ​နှင့်​ရေ​လောင်း​သူ​တို့​သည် တန်း​တူ​ရည်​တူ​ဖြစ်​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့ ၏​အား​ထုတ်​မှု​နှင့်​အ​ညီ​အ​ကျိုး​ကို​ရ​ရှိ​ကြ ပေ​မည်။

၁ ကောရိန္သု 3:4-8 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အကြောင်းမူကား တစ်​ဦး​က “ငါ​သည် ပေါလု​တပည့်​ဖြစ်​သည်”​ဟု ပြော​လျက် အခြား​တစ်​ဦး​က “ငါ​သည် အာပေါလု​တပည့်​ဖြစ်​သည်”​ဟု ပြော​နေ​ကြ​လျှင် သင်​တို့​သည် သာမန်​လူသား​များ​ပင် ဖြစ်​ကြ​သည်​မ​ဟုတ်​လော။ သို့ဖြစ်လျှင် အာပေါလု​ကား မည်သူ​နည်း။ ပေါလု​ကား မည်သူ​နည်း။ သူ​တို့​သည် မိမိ​တို့​တစ်ဦးစီ​အား ထာဝရ​ဘုရား​ပေးအပ်​တော်မူ​သည့်​အတိုင်း သင်​တို့​ကို ယုံကြည်​ခြင်း​သို့​ပို့ဆောင်​ပေး​သော အမှု​တော်​ဆောင်​များ​ဖြစ်​ကြ​၏။ ငါ​သည် စိုက်ပျိုး​၏။ အာပေါလု​သည် ရေ​လောင်း​၏။ သို့သော် ကြီးထွား​စေ​တော်မူ​သော​အရှင်​ကား ဘုရားသခင်​ပေတည်း။ ထို့ကြောင့် စိုက်ပျိုး​သော​သူ​ဖြစ်စေ၊ ရေ​လောင်း​သော​သူ​ဖြစ်စေ ပဓာန​မ​ဟုတ်။ ကြီးထွား​စေ​တော်မူ​သော ဘုရားသခင်​သာလျှင် ပဓာန​ဖြစ်​တော်မူ​၏။ စိုက်ပျိုး​သော​သူ​နှင့်​ရေ​လောင်း​သော​သူ​တို့​သည် တစ်လုံးတစ်ဝတည်း​ဖြစ်​ကြ​ပြီး အသီးသီး​တို့​သည် မိမိ​ကြိုးပမ်း​အားထုတ်​သည့်​အတိုင်း ဆုလာဘ်​ကို​ရရှိ​ကြ​လိမ့်မည်။