YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 3:11-15

၁ ကောရိန္သု 3:11-15 Judson Bible (JBMLE)

အ​ကြောင်း​မူ​ကား၊ ယေ​ရှု​ခ​ရစ်​တည်း​ဟူ​သော၊ ချ​လျက်​ရှိ​သော တိုက်​မြစ်​မှ​တစ်​ပါး အ​ခြား​သော​တိုက်​မြစ်​ကို အ​ဘယ်​သူ​မျှ မ​ချ​နိုင်။- ထို​တိုက်​မြစ်​အ​ပေါ်၌ ရွှေ၊ ငွေ၊ ကျောက်​ကောင်း၊ သစ်​သား၊ မြက်​ပင်၊ ကောက်​ရိုး​များ​ကို ထပ်​ဆင့်၍ တည်​ဆောက်​သော​သူ​ရှိ​သ​မျှ၊- အ​သီး​အ​သီး​လုပ်​သော အ​လုပ်​သည် ထင်​ရှား​လိမ့်​မည်။ အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဖော်​ပြ​ချိန်​နေ့​ရက်​သည် မီး​အား​ဖြင့် ထင်​ရှား​စေ​လိမ့်​မည်။ လူ​တိုင်း​လုပ်​သော​အ​လုပ်​သည် အ​ဘယ်​သို့​သော အ​လုပ်​ဖြစ်​သည်​ကို မီး​သည် စစ်​ကြော​စုံ​စမ်း​လိမ့်​မည်။- ထို​တိုက်​မြစ်​အ​ပေါ်၌ ထပ်​ဆင့်၍ တည်​ဆောက်​သော အ​ကြင်​သူ၏ အ​လုပ်​သည်​မြဲ၏။ ထို​သူ​သည် အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။- အ​ကြင်​သူ၏​အ​လုပ်​သည် ကျွမ်း​လောင်၏၊ ထို​သူ​သည် အ​ရှုံး​ခံ​ရ​လိမ့်​မည်။ သို့​သော်​လည်း၊ မီး​နှင့်​လွတ်​သ​ကဲ့​သို့ သူ​သည် ကယ်​တင်​ခြင်း​သို့ ရောက်​လိမ့်​မည်။

၁ ကောရိန္သု 3:11-15 Common Language Bible (BCL)

ယေ​ရှု​ခ​ရစ်​တည်း​ဟူ​သော​ချ​ထား​ပြီး​တိုက် မြစ်​မှ​တစ်​ပါး အ​ခြား​တိုက်​မြစ်​ကို​အ​ဘယ် သူ​မျှ​မ​ချ​နိုင်။- လူ​အ​ချို့​တို့​သည်​ထို​တိုက်​မြစ်​ပေါ်​တွင်​ရွှေ၊ ငွေ၊ ကျောက်​သံ​ပတ္တ​မြား​ဖြင့်​ထပ်​ဆင့်​တည်​ဆောက် ကြ​လိမ့်​မည်။ လူ​အ​ချို့​တို့​က​မူ​သစ်​သား၊ မြက် ခြောက်​သို့​မ​ဟုတ်​ကောက်​ရိုး​ဖြင့်​ထပ်​ဆင့် တည်​ဆောက်​ကြ​လိမ့်​မည်။- ထို​သူ​တစ်​ယောက်​စီ​၏​တည်​ဆောက်​မှု​အ​ရည် အ​သွေး​သည် ခ​ရစ်​တော်​ကြွ​လာ​တော်​မူ​ရာ​နေ့ ၌​သိ​သာ​ထင်​ရှား​လိမ့်​မည်။ ထို​နေ့​၌​မီး​လျှံ သည်​လူ​တိုင်း​၏​အ​လုပ်​ကို​ထင်​ပေါ်​စေ​လိမ့်​မည်။ ထို​မီး​သည်​လူ​အ​သီး​သီး​တို့​၏​အ​လုပ် အ​ရည်​အ​သွေး​ကို​စစ်​ဆေး​ပေး​လိမ့်​မည်။- တိုက်​မြစ်​ပေါ်​တွင်​တည်​ဆောက်​သည့်​အ​ရာ​သည် ထို​မီး​၏​ဒဏ်​ကို​ခံ​နိုင်​လျှင်​တည်​ဆောက်​သူ​သည် အ​ကျိုး​ကို​ခံ​ရ​လိမ့်​မည်။- သို့​ရာ​တွင်​မိ​မိ​အ​လုပ်​မီး​လောင်​သွား​လျှင် တည် ဆောက်​သူ​သည်​အ​ရှုံး​ရ​လိမ့်​မည်။ သို့​သော်​ထို သူ​ကိုယ်​တိုင်​မူ​ကား မီး​လျှံ​ဘေး​မှ​လွတ်​မြောက် သူ​သ​ဖွယ်​ကယ်​တင်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

၁ ကောရိန္သု 3:11-15 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အကြောင်းမူကား ယေရှု​ခရစ်တော်​တည်းဟူသော ချ​ထား​ပြီး​ဖြစ်​သည့်​အုတ်မြစ်​မှတစ်ပါး အခြား​သော​အုတ်မြစ်​ကို မည်သူမျှ​မ​ချ​နိုင်။ တစ်စုံတစ်ဦး​သည် ထို​အုတ်မြစ်​ပေါ်တွင် ရွှေ၊ ငွေ၊ ကျောက်မျက်​ရတနာ၊ သစ်သား၊ မြက်​ခြောက်၊ ကောက်ရိုး​တို့​ဖြင့် တည်ဆောက်​လျှင် ထို​သူ​ပြုလုပ်​သော​အရာ​သည် ထင်ရှား​လာ​လိမ့်မည်။ အကြောင်းမူကား ထို​နေ့ရက်​သည် ၎င်း​ကို​ထင်ရှား​စေ​လိမ့်မည်။ အဘယ်ကြောင့်​ဆိုသော် ထို​နေ့ရက်​သည် မီး​အားဖြင့်​ပေါ်ထွန်း​လာ​၍ လူ​တစ်ဦးစီ​ပြုလုပ်​သော​အရာ​သည် မည်ကဲ့သို့​ပြုလုပ်​ထား​သည်​ကို မီး​သည်​စစ်ဆေး​လိမ့်မည်။ တစ်စုံတစ်ဦး​တည်ဆောက်​ပြုလုပ်​သော​အရာ​သည် တည်မြဲ​လျှင် ထို​သူ​သည် ဆုလာဘ်​ကို​ရရှိ​လိမ့်မည်။ တစ်စုံတစ်ဦး​ပြုလုပ်​သော​အရာ​သည် လောင်ကျွမ်း​သွား​ပါက ထို​သူ​သည် ဆုံးရှုံး​မှု​ကို​ခံစား​ရ​လိမ့်မည်။ သို့သော် သူ​ကိုယ်တိုင်​မူကား မီး​ထဲမှ​လွတ်​သော​သူ​ကဲ့သို့ ကယ်တင်​ခြင်း​ခံရ​လိမ့်မည်။