YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 2:2-5

၁ ကောရိန္သု 2:2-5 Judson Bible (JBMLE)

အ​ကြောင်း​မူ​ကား၊ ယေ​ရှု​ခ​ရစ်​တည်း​ဟူ​သော လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​တော်​မူ​သော သ​ခင်​မှ​တစ်​ပါး၊ အ​ဘယ်​အ​ရာ​ကို​မျှ သင်​တို့​တွင် ငါ​မ​သိ​မ​မှတ်​ဟု ငါ​စိတ်​ပြ​ဋ္ဌာန်း​ခြင်း​ရှိ၏။- သင်​တို့​နှင့်​အ​တူ ငါ​ရှိ​နေ​သော​အ​ခါ၊ အား​နည်း​ခြင်း၊ အ​လွန်​ကြောက်​ရွံ့​တုန်​လှုပ်​ခြင်း​နှင့်​တ​ကွ ငါ​ရှိ​နေ၏။- သင်​တို့၏​ယုံ​ကြည်​ခြင်း​သည် လူ​ပ​ညာ​အား​ဖြင့် မ​တည်၊ ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​အား​ဖြင့် တည်​စေ​ခြင်း​ငှာ၊ ငါ့​စ​ကား၊ ငါ့​ဒေ​သ​နာ​သည် လူ​ပ​ညာ​နှင့်​ယှဉ်​သော ဖြား​ယောင်း​သော​စ​ကား​နှင့်​တ​ကွ ရှိ​သည်​မ​ဟုတ်။ ဝိ​ညာဉ်​တော်၏​နိ​မိတ်​လ​က္ခ​ဏာ တန်​ခိုး​တော်​နှင့်​တ​ကွ ရှိ၏။

၁ ကောရိန္သု 2:2-5 Common Language Bible (BCL)

သင်​တို့​နှင့်​အ​တူ​ရှိ​စဉ်​အ​ခါ​က​ငါ​သည် ယေ​ရှု​ခ​ရစ်​၏​အ​ကြောင်း၊ အ​ထူး​သ​ဖြင့်​လက် ဝါး​ကပ်​တိုင်​တွင်​ကိုယ်​တော်​အ​သေ​ခံ​တော်​မူ သည့်​အ​ကြောင်း​မှ​လွဲ​၍ အ​ခြား​အ​ရာ​မှန် သ​မျှ​ကို​မေ့​ပျောက်​ပစ်​ရန်​စိတ်​ပိုင်း​ဖြတ် ထား​၏။- သို့​ဖြစ်​၍​ငါ​သည်​သင်​တို့​ထံ​သို့​လာ​ချိန် ၌ အား​နည်း​၍​ကြောက်​ရွံ့​တုန်​လှုပ်​လျက်၊- ဟော​ပြော​သွန်​သင်​ရာ​၌​လူ​တို့​၏​ဉာဏ်​ပညာ နှင့်​ယှဉ်​သော​စ​ကား​များ​ကို​အ​သုံး​မ​ပြု​ဘဲ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​တန်​ခိုး​ပါ​ရှိ သည့်​စ​ကား​များ​ကို​သာ​အ​သုံး​ပြု​၏။- သို့​ဖြစ်​၍​သင်​တို့​၏​ယုံ​ကြည်​မှု​သည်​လူ​တို့​၏ အ​သိ​ဉာဏ်​အ​ပေါ်​တွင်​အ​မှီ​မ​ပြု​ဘဲ ဘု​ရား သ​ခင်​၏​တန်​ခိုး​တော်​အ​ပေါ်​တွင်​အ​မှီ​ပြု ပေ​သည်။

၁ ကောရိန္သု 2:2-5 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အကြောင်းမူကား ငါ​သည် သင်​တို့​တွင် ယေရှု​ခရစ်တော်​တည်းဟူသော လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ခံရ​သည့် ထို​သခင်​၏​အကြောင်း​မှတစ်ပါး အခြား​မည်သည့်​အရာ​ကို​မျှ မ​သိ​မ​မှတ်​ရန် ဆုံးဖြတ်​ထား​၏။ ငါ​သည် သင်​တို့​နှင့်အတူ​ရှိ​စဉ်​က အားနည်း​လျက်​၊ ကြောက်ရွံ့​လျက်​၊ အလွန်​တုန်လှုပ်​လျက်​နေ​၏။ ငါ​၏​စကား​နှင့် ငါ​၏​ဟောပြော​ချက်​တို့​သည်​လည်း ဆွဲဆောင်​မှု​ရှိ​သည့် ဉာဏ်ပညာ​စကား​အားဖြင့်​မ​ဟုတ်​ဘဲ ဝိညာဉ်​တော်​နှင့် တန်ခိုး​တော်​တို့​၏​သက်သေ​အထောက်အထား​အားဖြင့်​ဖြစ်​၏။ ဤသည်ကား သင်​တို့​၏​ယုံကြည်​ခြင်း​သည် လူ​တို့​၏​ဉာဏ်ပညာ​၌​မ​တည်​ဘဲ ဘုရားသခင်​၏​တန်ခိုး​တော်​၌​တည်​မည့်​အကြောင်း​တည်း။