YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 2:14-16

၁ ကောရိန္သု 2:14-16 Judson Bible (JBMLE)

ဇာ​တိ​ပ​က​တိ​လူ​သည် ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​အ​ရာ​တို့​ကို မ​ခံ​မ​ယူ။ ထို​အ​ရာ​တို့​သည် မိုက်​မဲ​သော အ​ရာ​ဖြစ်​သည်​ဟု ထင်​တတ်၏။ ထို​အ​ရာ​တို့​ကို ဝိ​ညာဉ်​အား​ဖြင့်​သာ ပိုင်း​ခြား၍​နား​လည်​နိုင်​သော​ကြောင့်၊ ဇာ​တိ​ပ​က​တိ​လူ​သည် နား​မ​လည်​နိုင်။- ဝိ​ညာဉ်​လူ​မူ​ကား၊ ထို​အ​ရာ​အ​လုံး​စုံ​တို့​ကို ပိုင်း​ခြား၍ နား​လည်​တတ်၏။ သို့​သော်​လည်း ထို​လူ​ကို အ​ဘယ်​သူ​မျှ ပိုင်း​ခြား၍ မ​သိ​နိုင်။- ထို​လူ​ကို သွန်​သင်​နိုင်​မည်​အ​ကြောင်း အ​ဘယ်​သူ​သည် ထာ​ဝ​ရ​ဘု​ရား၏ စိတ်​တော်​ကို သိ​သ​နည်း။ ငါ​တို့​မူ​ကား ခ​ရစ်​တော်၏​စိတ်​ကို ခံ​ရ​ကြ၏။

၁ ကောရိန္သု 2:14-16 Common Language Bible (BCL)

ဝိ​ညာဉ်​တော်​ကို​မ​ခံ​မ​ယူ​သူ​သည်​ဝိ​ညာဉ် တော်​ချ​ပေး​သည့်​ဆု​ကျေး​ဇူး​များ​ကို​မ​ခံ စား​နိုင်။ ဝိ​ညာဉ်​ရေး​ကို​အ​ခြေ​ခံ​မှ​သာ​လျှင် ထို​အ​ရာ​များ​၏​တန်​ဖိုး​ကို​အ​ကဲ​ဖြတ်​နိုင် သ​ဖြင့် ဝိ​ညာဉ်​တော်​မ​ခံ​မ​ယူ​သူ​သည်​ဝိ​ညာဉ် ဆု​ကျေး​ဇူး​များ​အ​ကြောင်း​ကို​အ​ကယ်​ပင် နား​မ​လည်​နိုင်။ သူ​၏​အ​တွက်​ထို​အ​ရာ​တို့ သည်​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကင်း​မဲ့​သော​အ​ရာ များ​သာ​လျှင်​ဖြစ်​ပေ​သည်။- ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​သည်​အ​ရာ ခပ်​သိမ်း​၏​တန်​ဖိုး​ကို​အ​ကဲ​ဖြတ်​နိုင်​၏။ သို့ ရာ​တွင်​ထို​သူ့​အား​မည်​သူ​မျှ​အ​ကဲ​ဖြတ် ၍​မရ။- ကျမ်း​စာ​တော်​တွင်၊ ``အ​ဘယ်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​ရှင်​၏ စိတ်​သ​ဘော​တော်​ကို​သိ​ပါ​သ​နည်း။ အ​ဘယ်​သူ​သည်​ကိုယ်​တော်​အား​အ​ကြံ​ဉာဏ် ပေး​နိုင်​ပါ​သ​နည်း'' ဟူ​၍​ပါ​ရှိ​သည်​အတိုင်း​ပင်​ဖြစ်​၏။ ငါ​တို့​မူ​ကား ခ​ရစ်​တော်​၏​စိတ်​သ​ဘော​တော်​ကို​ရ​ရှိ​ကြ​၏။

၁ ကောရိန္သု 2:14-16 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဇာတိ​နှင့်ဆိုင်သော​လူ​သည် ဘုရားသခင်​၏​ဝိညာဉ်​တော်​နှင့်ဆိုင်သော​အရာ​တို့​ကို မ​ခံယူ​ပေ။ အကြောင်းမူကား ထို​အရာ​တို့​သည် သူ့​အတွက် မိုက်မဲ​သော​အရာ​ဖြစ်​၏။ ထို​အရာ​တို့​ကို ဝိညာဉ်​အားဖြင့်​သာ ပိုင်းခြား​၍​သိ​နိုင်​သည်​ဖြစ်၍ သူ​သည် ၎င်း​တို့​ကို​နား​မ​လည်​နိုင်။ ဝိညာဉ်​သဘော​ရှိ​သော​သူ​မူကား ခပ်သိမ်း​သော​အရာ​တို့​ကို ပိုင်းခြား​၍​သိ​တတ်​၏။ သို့သော် ထို​သူ​ကို မည်သူ​က​မျှ ပိုင်းခြား​၍​မ​သိ​နိုင်။ အကြောင်းမူကား မည်သူ​သည် ထာဝရ​ဘုရား​၏​စိတ်​တော်​ကို​သိ​၍ သူ့​ကို​သွန်သင်​လိမ့်​မည်နည်း။ ငါ​တို့​၌​မူကား ခရစ်တော်​၏​စိတ်​ရှိ​၏။