၁ ကောရိန္သု 2:11-13
၁ ကောရိန္သု 2:11-13 Judson Bible (JBMLE)
လူ၏နက်နဲသောအရာကို လူ၌ရှိသော မိမိစိတ်ဝိညာဉ်မှ တစ်ပါး အဘယ်သူသိသနည်း။ ထိုနည်းတူ ဘုရားသခင်၏ နက်နဲသောအရာကို ဘုရားသခင်၏ ဝိညာဉ်တော်မှတစ်ပါး အဘယ်သူမျှမသိ။- ငါတို့သည် လောကီဝိညာဉ်ကို မခံရကြ။ ဘုရားသခင်ပေးတော်မူသော အရာတို့ကို သိခြင်းအလိုငှာ ဘုရားသခင်ထံမှ ကြွလာသော ဝိညာဉ်ကိုခံရကြပြီ။- ဘုရားသခင်ပေးတော်မူသော အရာတို့ကို ငါတို့သည် လူပညာကိုအမှီပြု၍ နားလည်သောစကားနှင့် မဟော။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဝိညာဉ်နှင့် စပ်ဆိုင်သောအရာကို ဝိညာဉ်စကားအားဖြင့် ဖွင့်ပြ၍ ပဲ့ပြင်တော်မူသောစကားနှင့် ငါတို့သည် ဟောကြ၏။
၁ ကောရိန္သု 2:11-13 Common Language Bible (BCL)
လူတစ်စုံတစ်ယောက်၏အကြောင်းအလုံးစုံ ကို ထိုလူအတွင်း၌ရှိသောစိတ်ဝိညာဉ်ကသာ သိ၏။ ထိုနည်းတူဘုရားသခင်၏အကြောင်း တော်အလုံးစုံကို ကိုယ်တော်၏ဝိညာဉ်တော် ကသာသိတော်မူ၏။- ငါတို့သည်ဤလောကနှင့်သက်ဆိုင်သည့် ဝိညာဉ်ကိုခံယူကြရသည်မဟုတ်။ ဘုရား သခင်ပေးသနားတော်မူသမျှကိုသိခြင်း ငှာ ကိုယ်တော်စေလွှတ်တော်မူသည့်ဝိညာဉ် တော်ကိုခံယူကြရပြီ။ သို့ဖြစ်၍ဝိညာဉ်တော်ကိုခံယူရရှိသူတို့ အား ဝိညာဉ်ရေးဆိုင်ရာသစ္စာတရားများ၏ အနက်အဋ္ဌိပ္ပါယ်ကိုရှင်းလင်းဖော်ပြရာ၌ ငါတို့သည်လူ့အသိဉာဏ်နှင့်ယှဉ်သည့် စကားများကိုအသုံးမပြု။ ဝိညာဉ်တော် သွန်သင်ပေးသည့်စကားများကိုသာ အသုံးပြုကြ၏။
၁ ကောရိန္သု 2:11-13 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
လူနှင့်ဆိုင်သောအရာတို့ကို သူ့အထဲ၌ရှိသော သူ၏ဝိညာဉ်မှတစ်ပါး မည်သူသိသနည်း။ ထို့အတူ ဘုရားသခင်နှင့်ဆိုင်သောအရာတို့ကိုလည်း ဘုရားသခင်၏ဝိညာဉ်တော်မှတစ်ပါး မည်သူမျှမသိ။ ငါတို့သည် လောကီဝိညာဉ်ကို ခံယူရရှိကြသည်မဟုတ်ဘဲ ငါတို့အား ဘုရားသခင်ပေးသနားတော်မူသောအရာတို့ကို သိရှိနိုင်ရန် ဘုရားသခင်ထံမှလာသောဝိညာဉ်တော်ကို ခံယူရရှိကြ၏။ ဘုရားသခင်ပေးသနားတော်မူသောအရာတို့ကို ငါတို့ဟောပြောသောအခါ လူ့ဉာဏ်ပညာက သင်ကြားပေးသောစကားအားဖြင့်မဟုတ်ဘဲ ဝိညာဉ်တော်က သင်ကြားပေးသောစကားအားဖြင့် ဟောပြော၍ ဝိညာဉ်ရေးနှင့်ဆိုင်သောအရာတို့ကို ဝိညာဉ်သဘောအားဖြင့် နှိုင်းယှဉ်သုံးသပ်ကြ၏။