YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 15:55-58

၁ ကောရိန္သု 15:55-58 Judson Bible (JBMLE)

အို သေ​မင်း၊ သင်၏​လက်​နက်​သည်၊ အ​ဘယ်​မှာ ရှိ​သ​နည်း။ အို မ​ရ​ဏ​နိုင်​ငံ၊ သင်၏​အောင်​ခြင်း​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။- သေ​မင်း၏​လက်​နက်​ကား၊ ဒု​စ​ရိုက်​အ​ပြစ်​ပေ​တည်း။ ဒု​စ​ရိုက်​အ​ပြစ်၏ တန်​ခိုး​ကား၊ ပ​ညတ်​တ​ရား ပေ​တည်း။- ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့​အား အောင်​ခြင်း​အ​ခွင့်​ကို ပေး​တော်​မူ​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​သည် ကြီး​လှ​စွ​တ​ကား။- ထို​ကြောင့် ငါ​ချစ်​သော​ညီ​အစ်​ကို​တို့၊ သင်​တို့​သည် သ​ခင်​ဘု​ရား၏​အ​မှု​တော်​ကို ဆောင်​ရွက်၍ အ​ကျိုး​ကြီး​သည်​ကို သိ​မှတ်​သ​ဖြင့် တည်​ကြည်​သော​စိတ်​နှင့် ပြည့်​စုံ၍၊ မ​ရွေ့​လျော့ မ​တိမ်း​ယိမ်း​ဘဲ​လျက်၊ သ​ခင်​ဘု​ရား၏ အ​မှု​တော်​ကို ကြိုး​စား​အား​ထုတ်​ကြ​လော့။

၁ ကောရိန္သု 15:55-58 Common Language Bible (BCL)

``အို မ​ရ​ဏ​နိုင်​ငံ၊သင်​၏​အောင်​မြင်​ခြင်း​ကား အ​ဘယ်​မှာ​နည်း။ အို သေ​မင်း၊သင်​၏​အ​စွယ်​ကား​အ​ဘယ်​မှာ​နည်း။ သေ​မင်း​၏​အ​စွယ်​ကား​အ​ပြစ်​ဒု​စ​ရိုက်​ဖြစ်​၏။ အ​ပြစ်​ဒု​စ​ရိုက်​သည်​ပ​ညတ်​တ​ရား​မှ​တန်​ခိုး ကို​ရ​ရှိ​သ​တည်း။- သို့​ရာ​တွင်​အ​ရှင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့ အား​သေ​ခြင်း​ကို​အောင်​မြင်​ခွင့်​ပေး​တော်​မူ သော​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​သည် ကြီး​လှ​စွ​တ​ကား။ သို့​ဖြစ်​၍​ချစ်​သော​ညီ​အစ်​ကို​တို့၊ ကြံ့​ခိုင်​စွာ ရပ်​တည်​ကြ​လော့။ သ​ခင်​ဘု​ရား​၏​အ​မှု​တော် ကို​ဆောင်​ရွက်​ခြင်း​သည်​ဘယ်​အ​ခါ​၌​မျှ အ​ချည်း​နှီး​မ​ဖြစ်​ကြောင်း​သိ​မှတ်​ကာ အ​မှု​တော်​ကို​အ​စဉ်​အ​မြဲ​ဆောင်​ရွက်​ကြ လော့။

၁ ကောရိန္သု 15:55-58 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

“အို သေ​ခြင်း၊ သင်​၏​အောင်မြင်​ခြင်း​သည် အဘယ်မှာ​ရှိ​သနည်း။ အို သေ​ခြင်း၊ သင်​၏​အဆိပ်​ဆူး​သည် အဘယ်မှာ​ရှိ​သနည်း။” သေ​ခြင်း​၏​အဆိပ်​ဆူး​သည် အပြစ်​ဖြစ်​၍ အပြစ်​၏​တန်ခိုး​သည် ပညတ်​တရား​ဖြစ်​၏။ သို့သော် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​အားဖြင့် ငါ​တို့​အား အောင်မြင်​ခြင်း​ကို​ပေး​တော်မူ​သော ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ချီးမွမ်း​၏။ ထို့ကြောင့် ငါ​ချစ်​သော​ညီအစ်ကို​တို့၊ သခင်​ဘုရား​၌ သင်​တို့​၏​ကြိုးပမ်း​အားထုတ်​မှု​သည် အချည်းနှီး​မ​ဖြစ်​ကြောင်း​သိမှတ်​၍ ခိုင်မြဲ​စွာ​ရပ်တည်​လျက် ဖောက်ပြန်​ရွေ့လျော​ခြင်း​မ​ရှိ​ဘဲ သခင်​ဘုရား​၏​အမှု​တော်​ကို အစဉ်အမြဲ စွမ်းစွမ်းတမံ​ဆောင်ရွက်​ကြ​လော့။