YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 15:54-57

၁ ကောရိန္သု 15:54-57 Judson Bible (JBMLE)

ဤ​ပုပ်​တတ်​သော​အ​ရာ​သည် မ​ပုပ်​နိုင်​သော အ​ဖြစ်​သို့​လည်း​ကောင်း၊ ဤ​သေ​တတ်​သော​အ​ရာ​သည် မ​သေ​နိုင် သော​အ​ဖြစ်​သို့​လည်း​ကောင်း၊ ဝင်​စား​သော​အ​ခါ၊ သေ​ခြင်း​သည် အောင်​ခြင်း၌​နစ်​မြုပ်​ပြီ​ဟု ကျမ်း​စာ၌​လာ​ချက် ပြည့်​စုံ​လိမ့်​မည်။- အို သေ​မင်း၊ သင်၏​လက်​နက်​သည်၊ အ​ဘယ်​မှာ ရှိ​သ​နည်း။ အို မ​ရ​ဏ​နိုင်​ငံ၊ သင်၏​အောင်​ခြင်း​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။- သေ​မင်း၏​လက်​နက်​ကား၊ ဒု​စ​ရိုက်​အ​ပြစ်​ပေ​တည်း။ ဒု​စ​ရိုက်​အ​ပြစ်၏ တန်​ခိုး​ကား၊ ပ​ညတ်​တ​ရား ပေ​တည်း။- ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့​အား အောင်​ခြင်း​အ​ခွင့်​ကို ပေး​တော်​မူ​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​သည် ကြီး​လှ​စွ​တ​ကား။

၁ ကောရိန္သု 15:54-57 Common Language Bible (BCL)

ပုပ်​ပျက်​တတ်​သော​အ​ရာ​သည်​မ​ပုပ်​မ​ပျက် နိုင်​သော​အ​ဖြစ်​သို့​လည်း​ကောင်း၊ သေ​တတ်​သော အ​ရာ​သည်​မ​သေ​နိုင်​သော​အ​ဖြစ်​သို့​လည်း ကောင်း​ပြောင်း​လဲ​သော​အ​ခါ ``သေ​ခြင်း​ကို ဖျက်​ဆီး​ပစ်​ပြီ။ သေ​ခြင်း​ကို​အောင်​မြင်​လေ ပြီ'' ဟူ​သော​ကျမ်း​စ​ကား​သည်​မှန်​ကန်​၍ လာ​ပေ​အံ့။ ``အို မ​ရ​ဏ​နိုင်​ငံ၊သင်​၏​အောင်​မြင်​ခြင်း​ကား အ​ဘယ်​မှာ​နည်း။ အို သေ​မင်း၊သင်​၏​အ​စွယ်​ကား​အ​ဘယ်​မှာ​နည်း။ သေ​မင်း​၏​အ​စွယ်​ကား​အ​ပြစ်​ဒု​စ​ရိုက်​ဖြစ်​၏။ အ​ပြစ်​ဒု​စ​ရိုက်​သည်​ပ​ညတ်​တ​ရား​မှ​တန်​ခိုး ကို​ရ​ရှိ​သ​တည်း။- သို့​ရာ​တွင်​အ​ရှင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့ အား​သေ​ခြင်း​ကို​အောင်​မြင်​ခွင့်​ပေး​တော်​မူ သော​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​သည် ကြီး​လှ​စွ​တ​ကား။

၁ ကောရိန္သု 15:54-57 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဤ​ဖောက်ပြန်​ပျက်စီး​တတ်​သော​အရာ​သည် ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​သော​အရာ​ကို​ဝတ်ဆင်​၍ ဤ​သေ​တတ်​သော​အရာ​သည် သေ​ခြင်း​နှင့်​ကင်း​သော​အရာ​ကို ဝတ်ဆင်​သောအခါ “သေ​ခြင်း​သည် အောင်မြင်​ခြင်း​၌ နစ်မြုပ်​လေ​ပြီ”​ဟု ရေး​ထား​သော ကျမ်း​စကား​ပြည့်စုံ​လိမ့်မည်။ “အို သေ​ခြင်း၊ သင်​၏​အောင်မြင်​ခြင်း​သည် အဘယ်မှာ​ရှိ​သနည်း။ အို သေ​ခြင်း၊ သင်​၏​အဆိပ်​ဆူး​သည် အဘယ်မှာ​ရှိ​သနည်း။” သေ​ခြင်း​၏​အဆိပ်​ဆူး​သည် အပြစ်​ဖြစ်​၍ အပြစ်​၏​တန်ခိုး​သည် ပညတ်​တရား​ဖြစ်​၏။ သို့သော် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​အားဖြင့် ငါ​တို့​အား အောင်မြင်​ခြင်း​ကို​ပေး​တော်မူ​သော ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ချီးမွမ်း​၏။