၁ ကောရိန္သု 15:27
၁ ကောရိန္သု 15:27 Judson Bible (JBMLE)
ခပ်သိမ်းသောအရာတို့ကို လူသား၏ခြေအောက်၌ ချထားတော်မူသည်ဟု ကျမ်းစာလာ၏။ ခပ်သိမ်းသောအရာတို့သည် ချထားလျက်ရှိကြောင်းကို ဆိုသော်၊ ခပ်သိမ်းသောအရာတို့ကို လူသားအောက်၌ ချထားတော်မူသောသူသည် ကြွင်းတော်မူကြောင်း ထင်ရှားသတည်း။
၁ ကောရိန္သု 15:27 Common Language Bible (BCL)
ကျမ်းစာတော်တွင် ``ဘုရားသခင်သည်ခပ်သိမ်း သောအရာတို့ကိုကိုယ်တော်၏ခြေဖဝါးအောက် သို့ရောက်စေတော်မူ၏'' ဟုလာ၏။ ``ခပ်သိမ်း သောအရာတို့'' တွင်ဘုရားသခင်မပါဝင် ကြောင်းထင်ရှား၏။ အဘယ်ကြောင့်ဆိုသော် ခပ်သိမ်းသောအရာကိုခရစ်တော်၏ခြေ ဖဝါးအောက်သို့ရောက်စေတော်မူသောအရှင် ကားဘုရားသခင်ဖြစ်သောကြောင့်တည်း။
၁ ကောရိန္သု 15:27 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
အကြောင်းမူကား “ဘုရားသခင်သည် အရာခပ်သိမ်းတို့ကို ကိုယ်တော်၏ခြေဖဝါးအောက်၌ချထား၍ နာခံစေတော်မူ၏။” အရာခပ်သိမ်းတို့ကို နာခံစေတော်မူ၏ဟု ဆိုရာတွင် အရာခပ်သိမ်းတို့ကို ကိုယ်တော်အား နာခံစေတော်မူသောအရှင်သည် ထိုအရာများထဲ၌မပါကြောင်း ထင်ရှား၏။