YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 15:20-26

၁ ကောရိန္သု 15:20-26 Judson Bible (JBMLE)

ယ​ခု​မူ​ကား၊ ခ​ရစ်​တော်​သည် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ၍၊ အိပ်​ပျော်​သော​သူ​တို့​တွင် အ​ဦး​သီး​သော​အ​သီး ဖြစ်​တော်​မူ​ပြီ။- သို့​ဖြစ်၍ လူ​အား​ဖြင့် သေ​ခြင်း​တ​ရား​သည် တည်​သ​ကဲ့​သို့၊ သေ​သော​သူ​တို့၏ ထ​မြောက်​ခြင်း​တ​ရား​သည် လူ​အား​ဖြင့် တည်​လျက်​ရှိ၏။- လူ​အ​ပေါင်း​တို့​သည် အာ​ဒံ​အား​ဖြင့် သေ​ခြင်း​သို့ ရောက်​သည်​နည်း​တူ၊ လူ​အ​ပေါင်း​တို့​သည် ခ​ရစ်​တော်​အား​ဖြင့် အ​သက်​ရှင်​ခြင်း​သို့ ရောက်​ရ​ကြ​လ​တ္တံ့။- သို့​ရာ​တွင် လူ​အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့ အ​လှည့်​အ​တိုင်း လိုက်​ရ​ကြ​လိမ့်​မည်။ ခ​ရစ်​တော်​သည် အ​ဦး​သီး​သော​အ​သီး ဖြစ်​တော်​မူ၏၊ ခ​ရစ်​တော်​သည် ကြွ​လာ​တော်​မူ​သော​အ​ခါ၊ တ​ပည့်​တော်​ဖြစ်​သော သူ​တို့​သည် ရှင်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ ထို​အ​ခါ ခ​ရစ်​တော်​သည် အ​ထွတ်​အ​မြတ် အာ​ဏာ​တန်​ခိုး​အ​မျိုး​မျိုး​ကို ပယ်​ရှင်း၍၊ မိ​မိ​နိုင်​ငံ​ကို ဘု​ရား​သ​ခင်​တည်း​ဟူ​သော ခ​မည်း​တော်၌ အပ်​ပြန်​တော်​မူ​ပြီး​မှ က​မ္ဘာ​ကုန်​ရ​လ​တ္တံ့။- ခ​ရစ်​တော်​သည် ရန်​သူ​အ​ပေါင်း​တို့​ကို ခြေ​ဖ​ဝါး​တော်​အောက်၌ ချ​ထား​တော်​မ​မူ​မီ​တိုင်​အောင် အုပ်​စိုး​တော်​မူ​ရ​မည်။- နောက်​ဆုံး​သော ရန်​သူ​တည်း​ဟူ​သော သေ​မင်း​သည် ဆုံး​ရှုံး​ခြင်း​သို့ ရောက်​ရ​လ​တ္တံ့။

၁ ကောရိန္သု 15:20-26 Common Language Bible (BCL)

သို့​ရာ​တွင်​အ​မှန်​ဖြစ်​ရပ်​မှာ​ခ​ရစ်​တော်​သည် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ပြီ။ ယင်း သို့​ထ​မြောက်​တော်​မူ​ခြင်း​ကြောင့်​သေ​လွန်​သူ တို့​သည် ရှင်​ပြန်​ထ​မြောက်​ကြ​လိမ့်​မည်​ဖြစ် ကြောင်း​အာ​မ​ခံ​ချက်​ရ​ရှိ​ကြ​သည်။- လူ​တစ်​ယောက်​ကြောင့်​ကမ္ဘာ​ပေါ်​တွင်​သေ​ခြင်း တ​ရား​ဖြစ်​ပေါ်​လာ​သ​ကဲ့​သို့ လူ​တစ်​ယောက် ကြောင့်​ပင်​လျှင် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် ခြင်း​တ​ရား​သည်​လည်း​ဖြစ်​ပေါ်​လာ​၏။- လူ​အ​ပေါင်း​တို့​သည်​အာ​ဒံ​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​ခြင်း​ကြောင့်​သေ​ရ​ကြ​၏။ ထို​နည်း​တူ ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ခြင်း ကြောင့်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​ရ​ကြ လိမ့်​မည်။- သို့​ရာ​တွင်​လူ​အ​သီး​သီး​တို့​သည်​မိ​မိ​တို့ အ​လှည့်​ကျ​ရှင်​ပြန်​ထ​မြောက်​ရ​ကြ​မည်။ ခ​ရစ်​တော်​သည်​ဦး​စွာ​ပ​ထ​မ​ရှင်​ပြန် ထ​မြောက်​တော်​မူ​သည်။ ထို​နောက်​ခ​ရစ်​တော် ကြွ​လာ​တော်​မူ​သော​အ​ခါ​ကိုယ်​တော်​၏ တ​ပည့်​တော်​တို့​ရှင်​ပြန်​ထ​မြောက်​ပေ​အံ့။- ထို​နောက်​ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​ရောက်​လိမ့်​မည်။ ထို​အ​ခါ​ခ​ရစ်​တော်​သည်​ရှိ​ရှိ​သ​မျှ​သော ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​တန်​ခိုး​ရှင်​များ၊ အာ​ဏာ ပိုင်​များ​နှင့်​စိုး​မိုး​အုပ်​ချုပ်​သူ​များ​ကို​နှိမ်​နင်း ၍​နိုင်​ငံ​တော်​ကို​ခ​မည်း​တော်​ဘု​ရား​သ​ခင် ၏​လက်​တော်​သို့​ပေး​အပ်​တော်​မူ​လိမ့်​မည်။- ဘု​ရား​သ​ခင်​သည်​ရန်​သူ​အ​ပေါင်း​ကို​နှိမ်​နင်း ၍​ခ​ရစ်​တော်​၏​ခြေ​ဖ​ဝါး​အောက်​သို့​ရောက် စေ​တော်​မူ​မည့်​အ​ချိန်​မ​ရောက်​မီ ခ​ရစ်​တော် သည်​အုပ်​စိုး​တော်​မူ​ရ​မည်။- နောက်​ဆုံး​နှိမ်​နင်း​ရ​မည့်​ရန်​သူ​ကား​သေ​မင်း ပင်​ဖြစ်​၏။

၁ ကောရိန္သု 15:20-26 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယခု​မူကား ခရစ်တော်​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​တော်မူ​၍ အိပ်ပျော်​သော​သူ​တို့​တွင် အသီးဦး​ဖြစ်​တော်မူ​ပြီ။ အဘယ်ကြောင့်​ဆိုသော် သေ​ခြင်း​သည် လူ​တစ်​ဦး​အားဖြင့် ဖြစ်လာ​သကဲ့သို့ သေလွန်​သော​သူ​တို့​၏​ရှင်ပြန်​ထမြောက်​ခြင်း​သည်​လည်း လူ​တစ်​ဦး​အားဖြင့် ဖြစ်လာ​၏။ အကြောင်းမူကား လူ​အပေါင်း​တို့​သည် အာဒံ​အားဖြင့် သေဆုံး​ကြ​ရ​သည့်​နည်းတူ လူ​အပေါင်း​တို့​သည် ခရစ်တော်​အားဖြင့် အသက်ရှင်​စေ​ခြင်း​ကို​ခံ​ကြ​ရ​လိမ့်မည်။ သို့သော် တစ်ဦးစီ​၌ မိမိ​အလှည့်​ရှိ​၍ ခရစ်တော်​သည် အသီးဦး​ဖြစ်​တော်မူ​၏။ ထို့နောက် ခရစ်တော်​နှင့်ဆိုင်သော​သူ​တို့​သည် ကိုယ်တော်​ကြွလာ​တော်မူ​သောအခါ ထမြောက်​ကြ​လိမ့်မည်။ ထို့နောက် အဆုံး​သည်​ရောက်လာ​လိမ့်မည်။ ထိုအခါ ကိုယ်တော်​သည် အုပ်ချုပ်မှု​ရှိသမျှ၊ တန်ခိုး​နှင့်​အာဏာစက်​ရှိသမျှ​တို့​ကို​ဖျက်ဆီး​၍ နိုင်ငံ​တော်​ကို ခမည်းတော်​ဘုရားသခင်​ထံသို့ အပ်နှံ​တော်မူ​လိမ့်မည်။ အကြောင်းမူကား ရန်သူ​အပေါင်း​တို့​ကို ကိုယ်တော်​၏​ခြေဖဝါး​အောက်၌​ချ​ထား​သည်​အထိ ကိုယ်တော်​သည်​အုပ်စိုး​ရ​မည်​ဖြစ်​၏။ ဖျက်ဆီး​ခြင်း​ခံရ​မည့် နောက်ဆုံး​ရန်သူ​မှာ သေ​ခြင်း​ဖြစ်​၏။