YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 12:27-31

၁ ကောရိန္သု 12:27-31 Judson Bible (JBMLE)

သင်​တို့​သည် ခ​ရစ်​တော်၏​ကိုယ်​ဖြစ်​ကြ၏။ အ​သီး​အ​သီး အင်္ဂါ​တော်​ဖြစ်​ကြ၏။- ဘု​ရား​သ​ခင်​သည် ပ​ထ​မ​အ​ရာ၌ တ​မန်​တော်​တို့​ကို​လည်း​ကောင်း၊ ဒု​တိ​ယ​အ​ရာ၌ ပ​ရော​ဖက်​တို့​ကို​လည်း​ကောင်း၊ တ​တိ​ယ​အ​ရာ၌ ဆ​ရာ​တို့​ကို​လည်း​ကောင်း၊ ထို​နောက် တန်​ခိုး​ပြ​သော သူ​တို့​ကို​လည်း​ကောင်း၊ ထို​နောက် အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​နိုင်​သော အ​ခွင့်​ရှိ​သော​သူ​တို့​ကို​လည်း​ကောင်း၊ သင်း​ထောက်​တို့​ကို​လည်း​ကောင်း၊ စီ​ရင်​အုပ်​စိုး​သော သူ​တို့​ကို​လည်း​ကောင်း၊ အ​မျိုး​မျိုး​သော ဘာ​သာ​စ​ကား​ကို​ပြော​နိုင်​သော သူ​တို့​ကို​လည်း​ကောင်း၊ အ​သင်း​တော်၌ ခန့်​ထား​တော်​မူ၏။- သင်း​ဝင်​သူ ရှိ​သ​မျှ​တို့​သည် တ​မန်​တော် ဖြစ်​ကြ​သ​လော။ ရှိ​သ​မျှ​တို့​သည် ပ​ရော​ဖက်​ဖြစ် ကြ​သ​လော။ ရှိ​သ​မျှ​တို့​သည် ဆ​ရာ​ဖြစ်​ကြ​သ​လော။ ရှိ​သ​မျှ​တို့​သည် တန်​ခိုး​ကို ပြ​နိုင်​ကြ​သ​လော။- ရှိ​သ​မျှ​တို့​သည် အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​နိုင်​သော အ​ခွင့်​ရှိ​ကြ​သ​လော။ ရှိ​သ​မျှ​တို့​သည် အ​မျိုး​မျိုး​သော ဘာ​သာ​စ​ကား​ကို ပြော​နိုင်​ကြ​သ​လော။ ရှိ​သ​မျှ​တို့​သည် ထို​ဘာ​သာ​စ​ကား၏​အ​နက်​ကို ဖော်​ပြ​နိုင်​ကြ​သ​လော။- သင်​တို့​သည် အ​မြတ်​ဆုံး​သော ဆု​ကျေး​ဇူး​တော်​တို့​ကို အ​လွန်​အ​လို​ရှိ​ကြ​သည်​တွင်၊ သာ၍​မြတ်​သော လမ်း​ကို ငါ​ပြ​ဦး​မည်။

၁ ကောရိန္သု 12:27-31 Common Language Bible (BCL)

သင်​တို့​အ​ပေါင်း​သည်​ခ​ရစ်​တော်​၏​ကိုယ်​ခန္ဓာ တော်​ဖြစ်​၏။ သင်​တို့​အ​သီး​သီး​သည်​ကား ကိုယ်​ခန္ဓာ​တော်​၏​အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ ဖြစ်​ကြ​၏။- ဘု​ရား​သ​ခင်​သည်​ပ​ထ​မ​အ​နေ​ဖြင့်​တ​မန် တော်​များ၊ ဒု​တိ​ယ​အ​နေ​ဖြင့်​ပ​ရော​ဖက်​များ၊ တ​တိ​ယ​အ​နေ​ဖြင့်​ဆ​ရာ​များ​ကို​လည်း ကောင်း၊ ထို​နောက်​နိ​မိတ်​လက္ခ​ဏာ​ပြ​သူ​များ၊ အ​နာ​ရော​ဂါ​များ​ကို​ပျောက်​ကင်း​စေ​နိုင် သော​တန်​ခိုး​ကို​ရ​ရှိ​သူ​များ၊ သူ​တစ်​ပါး တို့​ကို​ကူ​ညီ​သူ​များ၊ ရှေ့​ဆောင်​လမ်း​ပြ နိုင်​စွမ်း​ရှိ​သူ​များ၊ ထူး​ဆန်း​သော​ဘာ​သာ စ​ကား​အ​မျိုး​မျိုး​ကို​ပြော​နိုင်​သူ​များ​ကို လည်း​ကောင်း​အ​သင်း​တော်​တွင်​ခန့်​ထား တော်​မူ​၏။- သူ​တို့​အား​လုံး​ပင်​တ​မန်​တော်​များ​ဖြစ်​ကြ သ​လော။ သူ​တို့​အား​လုံး​ပင်​ပ​ရော​ဖက်​များ ဖြစ်​ကြ​သ​လော။ သူ​တို့​အား​လုံး​ပင်​ဆ​ရာ များ​ဖြစ်​ကြ​သ​လော။ သူ​တို့​အား​လုံး​ပင် နိ​မိတ်​လက္ခ​ဏာ​ပြ​နိုင်​သူ​များ​ဖြစ်​ကြ သ​လော။- သူ​တို့​အား​လုံး​ပင်​အ​နာ​ရော​ဂါ​များ​ကို ပျောက်​ကင်း​စေ​နိုင်​သော​တန်​ခိုး​ကို​ရ​ရှိ​သူ များ​ဖြစ်​ကြ​သ​လော။ သူ​တို့​အား​လုံး​ပင် ထူး​ဆန်း​သော​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး ကို​အ​နက်​အ​ဋ္ဌိပ္ပါယ်​ပြန်​ဆို​နိုင်​သူ​များ ဖြစ်​ကြ​သ​လော။- သို့​ဖြစ်​၍​သင်​တို့​သည်​ပို​၍​မြတ်​သည့်​ဆု ကျေး​ဇူး​များ​ကို​စွဲ​လမ်း​ကြ​လော့။ သို့​ရာ​တွင်​အ​မြတ်​ဆုံး​သော​ဆု​ကျေး​ဇူး ကို​ငါ​ဖော်​ပြ​မည်။

၁ ကောရိန္သု 12:27-31 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​တို့​သည် ခရစ်တော်​၏​ကိုယ်ခန္ဓာ​ဖြစ်​ကြ​ပြီး အသီးသီး​သည် အင်္ဂါ​အစိတ်အပိုင်း​များ​ဖြစ်​ကြ​၏။ ဘုရားသခင်​သည် အသင်းတော်​၌ ပထမ​အနေဖြင့် တမန်တော်​များ၊ ဒုတိယ​အနေဖြင့် ပရောဖက်​များ၊ တတိယ​အနေဖြင့် ဆရာ​များ၊ ထို့နောက် တန်ခိုး​လက္ခဏာ​ကို​ပြု​သော​သူ​များ၊ ထို့နောက် အနာရောဂါ​ငြိမ်း​စေ​နိုင်​သော​ဆု​ကျေးဇူး​ရရှိ​သူ​များ၊ ကူညီမစ​သူ​များ၊ စီမံ​အုပ်ချုပ်​သူ​များ၊ အခြား​သော​ဘာသာ​စကား​အမျိုးမျိုး​ပြောဆို​သော​သူ​များ စသည်​တို့​ကို ခန့်ထား​တော်မူ​၏။ အားလုံး​သည် တမန်တော်​ဖြစ်​သလော။ အားလုံး​သည် ပရောဖက်​ဖြစ်​သလော။ အားလုံး​သည် ဆရာ​ဖြစ်​သလော။ အားလုံး​သည် တန်ခိုး​လက္ခဏာ​ပြု​သော​သူ​ဖြစ်​သလော။ အားလုံး​သည် အနာရောဂါ​ငြိမ်း​စေ​နိုင်​သော​ဆု​ကျေးဇူး​ကို​ရရှိ​သလော။ အားလုံး​သည် အခြား​သော​ဘာသာ​စကား​အမျိုးမျိုး​ပြောဆို​သလော။ အားလုံး​သည် ၎င်း​၏​အနက်​ကို​ဖွင့်​နိုင်​သလော။ သင်​တို့​မူကား ပို၍​မြတ်​သော​ဆု​ကျေးဇူး​တို့​ကို အလွန်​လိုချင်​သော​စိတ်​ရှိ​ကြ​လော့။ ငါ​သည် သင်​တို့​အား သာ၍​ထူးမြတ်​သော​လမ်း​ကို ပြ​ဦး​မည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။