YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 12:1-11

၁ ကောရိန္သု 12:1-11 Judson Bible (JBMLE)

ညီ​အစ်​ကို​တို့၊ သင်​တို့​သည် ဝိ​ညာဉ်​ဆု​ကျေး​ဇူး အ​ကြောင်း​များ​ကို မ​သိ​ဘဲ​နေ​စေ​ခြင်း​ငှာ ငါ​အ​လို​မ​ရှိ။- သင်​တို့​သည် အ​ထက်​က​သာ​သ​နာ​ပ​လူ​ဖြစ်၍၊ သူ​တစ်​ပါး သွေး​ဆောင်​သ​ဖြင့်၊ စ​ကား​မ​ပြော​နိုင်​သော ရုပ်​တု​ရှိ​ရာ​သို့ ပါ​သွား​သော​သူ ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ကြ၏။- ထို​ကြောင့် ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​အား​ဖြင့် ဟော​ပြော၍ အ​ဘယ်​သူ​မျှ ယေ​ရှု​ကို မ​ကျိန်​ဆဲ​နိုင်​သည်​ကို​လည်း​ကောင်း၊ ယေ​ရှု​သည် သ​ခင်​ဘု​ရား ဖြစ်​တော်​မူ၏​ဟု သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို အ​မှီ​မ​ပြု​လျှင်၊ အ​ဘယ်​သူ​မျှ မ​ပြော​နိုင်​သည်​ကို​လည်း​ကောင်း၊ သင်​တို့​သည် သိ​နား​လည်​စေ​ခြင်း​ငှာ ငါ​သ​တိ​ပေး၏။- ဆု​ကျေး​ဇူး​တော် အ​ထူး​ထူး​အ​ထွေ​ထွေ ရှိ​ငြား​သော်​လည်း ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း ရှိ၏။- ဓ​မ္မ​ဆ​ရာ​အ​မှု အ​ထူး​ထူး​အ​ထွေ​ထွေ​ရှိ​ငြား​သော်​လည်း သ​ခင်​တစ်​ပါး​တည်း​ရှိ၏။- ပြု​ပြင်​ခြင်း​အ​မှု အ​ထူး​ထူး​အ​ထွေ​ထွေ ရှိ​ငြား​သော်​လည်း၊ ခပ်​သိမ်း​သော သူ​တို့၌ ပြု​ပြင်​သ​မျှ​ကို ပြု​ပြင်​တော်​မူ​သော ဘု​ရား​သ​ခင်​တစ်​ပါး​တည်း​ရှိ၏။- ကောင်း​သော​အ​ကျိုး​အ​လို​ငှာ​သာ ဝိ​ညာဉ်​တော်​ကို လူ​အ​သီး​အ​သီး​တို့​အား ထင်​ရှား​စွာ ပေး​တော်​မူ​လျက်​ရှိ၏။- အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဝိ​ညာဉ်​တော်​အား​ဖြင့် တစ်​ယောက်​သော​သူ​အား ပ​ညာ​တ​ရား​ကို ပေး​တော်​မူ၏။ ထို​ဝိ​ညာဉ်​တော်​အား​ဖြင့် တစ်​ယောက်​သော​သူ​အား ထိုး​ထွင်း​ခြင်း​တ​ရား​ကို ပေး​တော်​မူ၏။- ထို​ဝိ​ညာဉ်​တော်​အား​ဖြင့် တစ်​ယောက်​သော​သူ​အား ယုံ​ကြည်​ခြင်း​ကို ပေး​တော်​မူ၏။ ထို​ဝိ​ညာဉ်​တော်​အား​ဖြင့် တစ်​ယောက်​သော​သူ​အား အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​နိုင်​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။- တစ်​ယောက်​သော​သူ​အား၊ တန်​ခိုး​ကို​ပြ​နိုင်​သော အ​ခွင့်​ကို​လည်း​ကောင်း၊ တစ်​ယောက်​သော​သူ​အား ပ​ရော​ဖက်​ပြု​နိုင်​သော အ​ခွင့်​ကို​လည်း​ကောင်း၊ တစ်​ယောက်​သော​သူ​အား စိတ်​ဝိ​ညာဉ်​တို့​ကို ပိုင်း​ခြား၍​သိ​နိုင်​သော အ​ခွင့်​ကို​လည်း​ကောင်း၊ တစ်​ယောက်​သော​သူ​အား အ​မျိုး​မျိုး​သော ဘာ​သာ​စ​ကား​ကို ပြော​နိုင်​သော အ​ခွင့်​ကို​လည်း​ကောင်း၊ တစ်​ယောက်​သော​သူ​အား ထို​ဘာ​သာ​စ​ကား၏​အ​နက်​ကို ဖော်​ပြ​နိုင်​သော အ​ခွင့်​ကို​လည်း​ကောင်း ပေး​တော်​မူ၏။- ဤ​အ​ခွင့်​ရှိ​သ​မျှ​တို့​ကို တစ်​ပါး​တည်း​သော ဝိ​ညာဉ်​တော်​သည် ပြု​ပြင်၍ လူ​အ​သီး​အ​သီး​တို့​အား အ​သီး​အ​သီး ခံ​ရ​သော​အ​ခွင့်​ကို အ​လို​တော်​ရှိ​သည်​အ​တိုင်း ဝေ​ငှ၍ ပေး​တော်​မူ၏။

၁ ကောရိန္သု 12:1-11 Common Language Bible (BCL)

ညီ​အစ်​ကို​တို့၊ သင်​တို့​ရေး​သား​မေး​မြန်း သည့်​ဝိ​ညာဉ်​တော်​၏​ဆု​ကျေး​ဇူး​များ​နှင့် ပတ်​သက်​၍ သင်​တို့​အား​သိ​စေ​လို​သော အ​ချက်​များ​ရှိ​၏။- သင်​တို့​သည်​ယုံ​ကြည်​သူ​မ​ဖြစ်​မီ​က စိတ် လှုပ်​ရှား​ရာ​သို့​လိုက်​ပါ​ကာ​လမ်း​လွဲ​လျက် သက်​မဲ့​ရုပ်​တု​များ​ကို​ကိုး​ကွယ်​ခဲ့​ကြ​ကြောင်း သင်​တို့​အ​သိ​ပင်​ဖြစ်​၏။- အ​ဘယ်​သူ​မ​ဆို​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ် တော်​ဦး​ဆောင်​မှု​ကို​ခံ​ယူ​ရ​ရှိ​လျှင် သ​ခင် ယေ​ရှု​အား​ကျိန်​စာ​မ​သင့်​စေ​နိုင်။ သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​၏​ရှေ့​ဆောင်​လမ်း​ပြ​မှု​ကို မ​ခံ​ယူ​မ​ရ​ရှိ​လျှင် ``ယေ​ရှု​သည်​အ​ရှင် သ​ခင်​ဖြစ်​ပါ​သည်'' ဟု​မည်​သူ​မျှ​ဝန်​မ​ခံ နိုင်​ကြောင်း​ကို​သင်​တို့​အား​သိ​စေ​လို​၏။ ဝိ​ညာဉ်​ဆု​ကျေး​ဇူး​ကား​အ​မျိုး​မျိုး​ရှိ​၏။ သို့ သော်​ထို​ဆု​ကျေး​ဇူး​များ​ကို​ချ​ပေး​တော် မူ​သော​ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း​ရှိ​၏။- အ​စေ​ခံ​ရန်​နည်း​အ​မျိုး​မျိုး​ရှိ​သော်​လည်း အ​စေ​ခံ​ရ​သည့်​သ​ခင်​ကား​တစ်​ပါး​တည်း​ရှိ​၏။- အ​မှု​တော်​ဆောင်​ရန်​စွမ်း​ရည်​အ​မျိုး​မျိုး​ရှိ​သော် လည်း လူ​အ​သီး​သီး​၌​ရှိ​သော​စွမ်း​ရည်​များ​ကို ပေး​တော်​မူ​သော​အ​ရှင်​ကား​တစ်​ပါး​တည်း​ရှိ​၏။- အ​များ​ကောင်း​ကျိုး​အ​တွက်​လူ​အ​သီး​သီး တို့​နှင့်​ဝိ​ညာဉ်​တော်​ပါ​ရှိ​ကြောင်း​တစ်​နည်း တစ်​ဖုံ​အား​ဖြင့်​ဖော်​ပြ​၏။- ဝိ​ညာဉ်​တော်​သည်​လူ​တစ်​ယောက်​အား​ဉာဏ် ပ​ညာ​ဖြင့်​ပြော​ဆို​နိုင်​သော​စွမ်း​ရည်​ကို​ပေး တော်​မူ​၏။ အ​ခြား​တစ်​ယောက်​အား​အ​သိ ဉာဏ်​ဖြင့်​ခက်​ခဲ​သော​အ​ရာ​တို့​ကို​ထုတ်​ဖော် ပြော​ဆို​နိုင်​သော​စွမ်း​ရည်​ကို​ပေး​တော်​မူ​၏။- ဝိ​ညာဉ်​တော်​က​ပင်​တစ်​ယောက်​အား​ယုံ​ကြည်​မှု ပါ​ရ​မီ​ကို​လည်း​ကောင်း၊ အ​ခြား​တစ်​ယောက် အား​အ​နာ​ရော​ဂါ​များ​ပျောက်​ကင်း​စေ​နိုင် သော​တန်​ခိုး​ကို​လည်း​ကောင်း​ပေး​တော်​မူ​၏။- ဝိ​ညာဉ်​တော်​သည်​တစ်​ယောက်​အား​နိ​မိတ်​လက္ခ ဏာ​များ​ပြ​နိုင်​သော​တန်​ခိုး​ကို​လည်း​ကောင်း၊ အ​ခြား​တစ်​ယောက်​အား​ဘု​ရား​သ​ခင်​၏ နှုတ်​က​ပတ်​တော်​ကို​ဟော​ပြော​နိုင်​သော​စွမ်း ရည်​ကို​လည်း​ကောင်း၊ နောက်​တစ်​ယောက်​အား ဝိ​ညာဉ်​တော်​ချ​ပေး​တော်​မူ​သည့်​ဆု​ကျေး​ဇူး များ​နှင့်​ချ​ပေး​တော်​မ​မူ​သည့်​ဆု​ကျေး​ဇူး များ​ကို​ပိုင်း​ခြား​သိ​ရှိ​နိုင်​သော​စွမ်း​ရည် ကို​လည်း​ကောင်း​ပေး​တော်​မူ​၏။ ကိုယ်​တော် သည်​တစ်​ယောက်​အား​ထူး​ဆန်း​သော​ဘာ​သာ စ​ကား​အ​မျိုး​မျိုး​ကို​အ​နက်​ပြန်​ဆို​နိုင် သော​စွမ်း​ရည်​ကို​လည်း​ကောင်း၊ အ​ခြား​တစ် ယောက်​အား​ထို​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး ကို​ပြော​ဆို​နိုင်​သော​စွမ်း​ရည်​ကို​လည်း​ကောင်း ပေး​တော်​မူ​၏။- သို့​ရာ​တွင်​ဤ​တန်​ခိုး​စွမ်း​ရည်​အ​ပေါင်း​တို့ ကို​ချ​ပေး​တော်​မူ​သော​အ​ရှင်​ကား​ဝိ​ညာဉ် တော်​တစ်​ပါး​တည်း​ဖြစ်​၏။ ဝိ​ညာဉ်​တော်​သည် မိ​မိ​အ​လို​တော်​အ​တိုင်း​လူ​တစ်​ဦး​စီ​အား ထူး​ခြား​သည့်​ဆု​ကျေး​ဇူး​ကို​ချ​ပေး​တော် မူ​သ​တည်း။

၁ ကောရိန္သု 12:1-11 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ညီအစ်ကို​တို့၊ ဝိညာဉ်​ဆု​ကျေးဇူး​များ​နှင့်​ပတ်သက်၍ အောက်ပါ​အကြောင်းအရာ​များ​ကို သင်​တို့​မ​သိ​ဘဲ မ​နေ​စေ​လို​ပါ။ သင်​တို့​သည် ဘာသာခြား​ဖြစ်​ကြ​စဉ်​က စကား​မ​ပြော​နိုင်​သော​ရုပ်တု​များ​ထံသို့ တစ်နည်းနည်း​ဖြင့် ခေါ်ဆောင်​သွား​ခြင်း​ခံရ​၍ လမ်းလွဲ​ခဲ့​ကြ​သည်​ကို သင်​တို့​သိ​ကြ​၏။ ထို့ကြောင့် သင်​တို့​အား ငါ​သိ​စေ​လို​သည်​မှာ မည်သူ​က​မျှ ဘုရားသခင်​၏​ဝိညာဉ်​တော်​အားဖြင့် “ယေရှု​သည် ကျိန်​ခြင်း​ကို​ခံ​ပါစေ”​ဟု ပြောဆို​မည်​မ​ဟုတ်။ ထို့အတူ သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့်​မ​ဟုတ်​လျှင် မည်သူ​က​မျှ “ယေရှု​သည် သခင်​ဖြစ်​တော်မူ​၏”​ဟူ၍ မ​ပြောဆို​နိုင်​ပေ။ ဆု​ကျေးဇူး​သည် အမျိုးမျိုး​ရှိ​သော်လည်း ဝိညာဉ်​တော်​သည် တစ်ပါးတည်း​ရှိ​၏။ အမှု​တော်​လုပ်ငန်း​သည် အမျိုးမျိုး​ရှိ​သော်လည်း သခင်​ဘုရား​သည် တစ်ပါးတည်း​ရှိ​၏။ လုပ်ဆောင်​ချက်​အမျိုးမျိုး​ရှိ​သော်လည်း လူ​အပေါင်း​တို့​၌ ခပ်သိမ်း​သော​အမှု​ကို​ပြု​တော်မူ​သော​ဘုရားသခင်​သည် တစ်ပါးတည်း​ရှိ​၏။ သို့သော် အများ​ကောင်းကျိုး​အတွက် တစ်ဦးစီ​၌ ဝိညာဉ်​တော်​၏​ထင်ရှား​ခြင်း​အခွင့်​ကို​ပေး​တော်မူ​၏။ အကြောင်းမူကား ဝိညာဉ်​တော်​အားဖြင့် တစ်​ယောက်​သော​သူ​အား ဉာဏ်ပညာ​စကား​ကို​လည်းကောင်း၊ ထို​ဝိညာဉ်​တော်​အားဖြင့် အခြား​တစ်​ဦး​အား အသိပညာ​စကား​ကို​လည်းကောင်း၊ ထို​ဝိညာဉ်​တော်​အားဖြင့် အခြား​တစ်​ဦး​အား ယုံကြည်​ခြင်း​ကို​လည်းကောင်း၊ ထို​ဝိညာဉ်​တော်​တစ်ပါးတည်း​အားဖြင့် အခြား​တစ်​ဦး​အား အနာရောဂါ​ငြိမ်း​စေ​နိုင်​သော​ဆု​ကျေးဇူး​ကို​လည်းကောင်း၊ အခြား​တစ်​ဦး​အား တန်ခိုး​လက္ခဏာ​ပြု​သော​အခွင့်​ကို​လည်းကောင်း၊ အခြား​တစ်​ဦး​အား ပရောဖက်ပြု​ဟောပြော​သော​အခွင့်​ကို​လည်းကောင်း၊ အခြား​တစ်​ဦး​အား စိတ်​ဝိညာဉ်​တို့​ကို​ပိုင်းခြား​၍​သိရှိ​နိုင်​သော​အခွင့်​ကို​လည်းကောင်း၊ အခြား​တစ်​ဦး​အား အခြား​သော​ဘာသာ​စကား​အမျိုးမျိုး​ပြောဆို​နိုင်​သော​အခွင့်​ကို​လည်းကောင်း၊ အခြား​တစ်​ဦး​အား ထို​ဘာသာ​စကား​များ​၏​အနက်​ကို​ဖော်ပြ​နိုင်​သော​အခွင့်​ကို​လည်းကောင်း ပေး​တော်မူ​၏။ ထို​ဝိညာဉ်​တော်​တစ်ပါးတည်း​သည် ဤ​အမှုအရာ​အလုံးစုံ​တို့​ကို လုပ်ဆောင်​တော်မူ​၍ အလို​တော်​ရှိ​သည့်​အတိုင်း ထို​ဆု​ကျေးဇူး​များ​ကို တစ်ဦးစီ​အား အသီးသီး​ခွဲဝေ​ပေး​တော်မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။