YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 11:28-32

၁ ကောရိန္သု 11:28-32 Judson Bible (JBMLE)

သို့​ဖြစ်၍ လူ​တိုင်း​ကိုယ်​ကို​ကိုယ်​စစ်​ကြော​ပြီး​မှ မုန့်​ကို​စား​စေ။ ထို​နည်း​တူ ခွက်​ကို​လည်း​သောက်​စေ။- အ​ကြောင်း​မူ​ကား၊ မ​ထိုက်​မ​တန်​ဘဲ စား​သောက်​သော​သူ​သည် သ​ခင်​ဘု​ရား၏​ကိုယ်​တော်​ကို ပိုင်း​ခြား၍ မ​သိ​သော​ကြောင့်၊ မိ​မိ​အ​ပေါ်​သို့ အ​ပြစ်​ရောက်​စေ​ခြင်း​ငှာ စား​သောက်​သော​သူ​ဖြစ်၏။ ထို​အ​ကြောင်း​ကြောင့်၊ သင်​တို့​တွင် အား​နည်း​သော​သူ၊ မ​ကျန်း​မ​မာ​သော​သူ အ​များ​ရှိ​ကြ၏။ သေ​သော​သူ​အ​များ​လည်း ရှိ​ကြ၏။- ငါ​တို့​သည် ကိုယ်​ကို​ကိုယ် စစ်​ကြော​စီ​ရင်​လျှင်၊ စစ်​ကြော​စီ​ရင်​တော်​မူ​ခြင်း​နှင့် ကင်း​လွတ်​ကြ​လိမ့်​မည်။- စစ်​ကြော​စီ​ရင်​တော်​မူ​ခြင်း​ကို ခံ​ရ​ကြ​သော​အ​ခါ၊ လော​ကီ​သား​တို့​နှင့်​အ​တူ အ​ပြစ်​စီ​ရင်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း ဆုံး​မ​တော်​မူ​ခြင်း​ကို ခံ​ရ​ကြ၏။

၁ ကောရိန္သု 11:28-32 Common Language Bible (BCL)

ထို့​ကြောင့်​လူ​တိုင်း​မိ​မိ​ကိုယ်​ကို​စစ်​ဆေး​ပြီး​မှ မုန့်​ကို​စား​၍ ခွက်​ဖ​လား​မှ​စ​ပျစ်​ရည်​ကို​သောက် စေ။- မုန့်​ကို​စား​၍​ခွက်​ဖ​လား​မှ​စ​ပျစ်​ရည်​ကို သောက်​သော​အ​ခါ သ​ခင်​ဘု​ရား​၏​ကိုယ်​ခန္ဓာ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​မ​သိ​နား​မ​လည်​သော သူ​သည် မိ​မိ​အ​ပေါ်​အ​ပြစ်​ဒဏ်​ကျ​ရောက် စေ​ရန်​စား​သောက်​သူ​ဖြစ်​၏။- ထို​အ​ကြောင်း​ကြောင့်​သင်​တို့​အ​ထဲ​တွင်​အား​အင် ချည့်​နဲ့​သူ​နှင့်​မ​ကျန်း​မ​မာ​သူ​အ​မြောက်​အ​မြား ရှိ​ပေ​သည်။ သေ​သော​သူ​အ​ချို့​လည်း​ရှိ​၏။- ငါ​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​ပ​ထ​မ​ဦး​စွာ​စစ် ဆေး​ကြ​မည်​ဆို​ပါ​မူ ဤ​သို့​ဘု​ရား​သ​ခင်​၏ စီ​ရင်​တော်​မူ​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။- သို့​ရာ​တွင်​ငါ​တို့​အား​ဤ​သို့​ထာ​ဝ​ရ​ဘု​ရား သ​ခင်​စီ​ရင်​တော်​မူ​ခြင်း​မှာ ငါ​တို့​အား​လော​ကီ သား​တို့​နှင့်​အ​တူ​အ​ပြစ်​ဒဏ်​မ​ခံ​ရ​စေ​ရန် ဆုံး​မ​တော်​မူ​ခြင်း​ဖြစ်​သည်။

၁ ကောရိန္သု 11:28-32 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့ကြောင့် လူ​တိုင်း ကိုယ့်ကိုယ်ကိုယ်​စစ်ဆေး​ပြီးမှ မုန့်​ကို​စား​စေ။ ထိုနည်းတူ ခွက်​ကို​လည်း​သောက်​စေ။ အကြောင်းမူကား သခင်​ဘုရား​၏​ကိုယ်ခန္ဓာ​တော်​ကို ပိုင်းခြား​၍​မ​သိ​ဘဲ စား​သောက်​သော​သူ​သည် မိမိ​အပေါ်သို့ ပြစ်ဒဏ်​စီရင်​ခြင်း​ကို​သက်ရောက်​စေရန် စား​သောက်​သော​သူ​ဖြစ်​၏။ ဤ​အကြောင်း​ကြောင့် သင်​တို့​တွင် အားနည်း​သော​သူ​နှင့်​မ​ကျန်းမာ​သော​သူ များစွာ​ရှိ​၍ အိပ်ပျော်​သော​သူ​လည်း အများအပြား​ရှိ​ကြ​၏။ သို့သော် ငါ​တို့​သည် မိမိတို့ကိုယ်ကို​ပိုင်းခြား​၍​သိ​လျှင် စီရင်​ခြင်း​ခံရ​မည်​မ​ဟုတ်။ စီရင်​ခြင်း​ခံရ​လျှင်​လည်း လောကီသား​တို့​နှင့်အတူ ပြစ်ဒဏ်​စီရင်​ခြင်း​မ​ခံရ​မည့်​အကြောင်း သခင်​ဘုရား​၏​ဆုံးမ​တော်မူ​ခြင်း​ကို​ခံရ​ကြ​၏။