YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 1:3-6

၁ ကောရိန္သု 1:3-6 Judson Bible (JBMLE)

ထို​သ​ခင်​သည် ငါ​တို့၏​သ​ခင်​သာ​မ​ဟုတ်၊ သင်​တို့၏​သ​ခင်​လည်း ဖြစ်​တော်​မူ၏။ သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင့်​အ​ထံ​တော်​က ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​သည် သင်​တို့၌ ရှိ​ပါ​စေ​သော။ အ​ထက်​က ခ​ရစ်​တော်၏​သက်​သေ​ကို သင်​တို့​တွင် တည်​စေ​သည်​ရှိ​သော်၊ သင်​တို့​သည် ထို​ခ​ရစ်​တော်​အား​ဖြင့်၊ အ​ရာ​ရာ၌ နှုတ်​သ​တ္တိ၊ ဉာဏ်​သ​တ္တိ​အ​ပေါင်း​နှင့် ကြွယ်​ဝ​ပြည့်​စုံ​ကြ​သည်​ဖြစ်၍၊ ယေ​ရှု​ခ​ရစ်​အား​ဖြင့် သင်​တို့​အား​ပေး​တော်​မူ​သော ဆု​ကျေး​ဇူး​တော်​ကို ငါ​ထောက်၍၊ သင်​တို့​အ​ကြောင်း​ကြောင့် ငါ့​ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို အ​စဉ်​မ​ပြတ် ချီး​မွမ်း၏။

၁ ကောရိန္သု 1:3-6 Common Language Bible (BCL)

ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​နှင့်​အ​ရှင်​ယေ​ရှု ခ​ရစ်​ထံ​တော်​မှ​ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက် ခြင်း​သည် သင်​တို့​အ​ပေါ်​သို့​သက်​ရောက်​ပါ စေ​သော။ ငါ​သည်​သင်​တို့​အား​ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​ကျေး​ဇူး​တော် ကို​ထောက်​၍ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို အ​စဉ်​ချီး​မွမ်း​၏။- သင်​တို့​သည်​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ရှိ​သ​ဖြင့်​နှုတ်​သတ္တိ၊ ဉာဏ်​သတ္တိ​နှင့်​တ​ကွ​အ​စ​စ အ​ရာ​ရာ​တွင်​ကြွယ်​ဝ​ပြည့်​စုံ​လျက်​ရှိ​ကြ​၏။- ငါ​တို့​ဟော​ပြော​ကြေ​ညာ​သည့်​ခ​ရစ်​တော် အ​ကြောင်း​သ​တင်း​ကောင်း​သည် သင်​တို့​အ​ထဲ တွင်​အ​မြစ်​စွဲ​လျက်​ရှိ​၏။

၁ ကောရိန္သု 1:3-6 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​တို့​အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​ထံမှ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါစေသော။ ယေရှု​ခရစ်တော်​အားဖြင့် သင်​တို့​အား​ပေးသနား​တော်မူ​သော ဘုရားသခင်​၏​ကျေးဇူး​တော်​ကြောင့် ငါ​သည် သင်​တို့​အတွက် ငါ့​ဘုရားသခင်​ကို အစဉ်အမြဲ​ကျေးဇူးတင်​၏။ အကြောင်းမူကား သင်​တို့​သည် နှုတ်​သတ္တိ​ရှိသမျှ​၌​ဖြစ်စေ၊ ဉာဏ်​သတ္တိ​ရှိသမျှ​၌​ဖြစ်စေ၊ အရာရာ​တို့​၌ ခရစ်တော်​အားဖြင့် ကြွယ်ဝ​ပြည့်စုံ​၍ ခရစ်တော်​နှင့်ဆိုင်သော​သက်သေခံ​ချက်​သည် သင်​တို့​၌ အတည်ပြု​ခြင်း​ခံရ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။