၁ ကောရိန္သု 1:27-29
၁ ကောရိန္သု 1:27-29 Judson Bible (JBMLE)
ဘုရားသခင်သည် ပညာရှိတို့ကို ရှက်ကြောက်စေခြင်းငှာ၊ လောကီအရာ၌ မိုက်မဲသောသူတို့ကို ရွေးကောက်တော်မူ၏။ အစွမ်းသတ္တိရှိသော သူတို့ကို ရှက်ကြောက်စေခြင်းငှာ၊ လောကီအရာ၌ အားနည်းသော သူတို့ကို ရွေးကောက်တော်မူ၏။- မြတ်သောသူတို့ကို ရှက်ကြောက်စေခြင်းငှာ လောကီအရာ၌ ဆင်းရဲသောသူ၊ မရေရာသောသူ၊ ယုတ်သောသူတို့ကို ရွေးကောက်တော်မူ၏။- ထိုကြောင့်၊ ဘုရားသခင်ရှေ့၌ အဘယ်သူမျှ ဝါကြွားစရာ အကြောင်းမရှိ။
၁ ကောရိန္သု 1:27-29 Common Language Bible (BCL)
သို့ရာတွင်ဘုရားသခင်သည်ပညာရှိတို့ အရှက်ရစေရန် လောကတွင်မိုက်မဲမှုဟု ယူဆရသည့်အရာများကိုရွေးချယ်တော် မူ၏။- လောကတွင်အရေးပါအရာရောက်သည်ဟု ယူဆရသည့်အရာများကိုဖျက်ဆီးရန် အထင် သေးအမြင်သေးခံရသည့်အရာ၊ မထီမဲ့မြင် ပြုခြင်းခံရသည့်အရာ၊ မရေရာသည့်အရာ တို့ကိုရွေးချယ်တော်မူ၏။- သို့ဖြစ်၍ဘုရားသခင်ရှေ့တော်၌အဘယ် သူမျှဝါကြွားစရာမရှိ။
၁ ကောရိန္သု 1:27-29 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
သို့သော် ဘုရားသခင်သည် ပညာရှိတို့ကိုအရှက်ရစေရန် လောကရှိ မိုက်မဲသောသူတို့ကို ရွေးကောက်တော်မူ၏။ ခွန်အားကြီးသောသူတို့ကိုအရှက်ရစေရန် လောကရှိ အားနည်းသောသူတို့ကို ရွေးကောက်တော်မူ၏။ ထို့ပြင် အရေးပါသောသူတို့ကိုပယ်ဖျက်ရန် အရေးမပါသောသူများဖြစ်ကြသည့် လောကရှိ အဆင့်အတန်းနိမ့်သောသူများနှင့် မထီမဲ့မြင်ပြုခြင်းခံရသောသူများကို ဘုရားသခင်ရွေးကောက်တော်မူ၏။ ထို့ကြောင့် ဘုရားသခင်ရှေ့တော်၌ မည်သူမျှ ဝါကြွားစရာအကြောင်းမရှိ။