YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 1:26-29

၁ ကောရိန္သု 1:26-29 Judson Bible (JBMLE)

ညီ​အစ်​ကို​တို့၊ သင်​တို့​ကို ခေါ်​တော်​မူ​ခြင်း အ​ကြောင်း​အ​ရာ​ကို ဆင်​ခြင်​ကြ​လော့။ ခေါ်​တော်​မူ​သော​သူ​တို့​တွင် လော​ကီ​ပ​ညာ​ရှိ အ​များ​မ​ပါ။ ထင်​ရှား​သော လူ​ကြီး​အ​များ​မ​ပါ။ မင်း​အ​မျိုး​အ​နွယ်​ဖြစ်​သော​သူ အ​များ​မ​ပါ။- ဘု​ရား​သ​ခင်​သည် ပ​ညာ​ရှိ​တို့​ကို ရှက်​ကြောက်​စေ​ခြင်း​ငှာ၊ လော​ကီ​အ​ရာ၌ မိုက်​မဲ​သော​သူ​တို့​ကို ရွေး​ကောက်​တော်​မူ၏။ အ​စွမ်း​သ​တ္တိ​ရှိ​သော သူ​တို့​ကို ရှက်​ကြောက်​စေ​ခြင်း​ငှာ၊ လော​ကီ​အ​ရာ၌ အား​နည်း​သော သူ​တို့​ကို ရွေး​ကောက်​တော်​မူ၏။- မြတ်​သော​သူ​တို့​ကို ရှက်​ကြောက်​စေ​ခြင်း​ငှာ လော​ကီ​အ​ရာ၌ ဆင်း​ရဲ​သော​သူ၊ မ​ရေ​ရာ​သော​သူ၊ ယုတ်​သော​သူ​တို့​ကို ရွေး​ကောက်​တော်​မူ၏။- ထို​ကြောင့်၊ ဘု​ရား​သ​ခင်​ရှေ့၌ အ​ဘယ်​သူ​မျှ ဝါ​ကြွား​စ​ရာ အ​ကြောင်း​မ​ရှိ။

၁ ကောရိန္သု 1:26-29 Common Language Bible (BCL)

ညီ​အစ်​ကို​တို့၊ သင်​တို့​ကိုယ်​တိုင်​ရွေး​ကောက်​တော် မူ​ခြင်း​မ​ခံ​ရ​မီ အ​ခြေ​အ​နေ​ကို​စဉ်း​စား​ဆင် ခြင်​ကြ​လော့။ လူ​တို့​အ​မြင်​အား​ဖြင့်​သင်​တို့ အ​ထဲ​တွင်​ပ​ညာ​ရှိ​သူ၊ တန်​ခိုး​ကြီး​သူ၊ မျိုး​ရိုး ဇာ​တိ​ကြီး​မြင့်​သူ​ဟူ​၍​များ​စွာ​မ​ပါ​မ​ရှိ ပေ။- သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ပ​ညာ​ရှိ​တို့ အ​ရှက်​ရ​စေ​ရန် လော​က​တွင်​မိုက်​မဲ​မှု​ဟု ယူ​ဆ​ရ​သည့်​အ​ရာ​များ​ကို​ရွေး​ချယ်​တော် မူ​၏။- လော​က​တွင်​အ​ရေး​ပါ​အ​ရာ​ရောက်​သည်​ဟု ယူ​ဆ​ရ​သည့်​အ​ရာ​များ​ကို​ဖျက်​ဆီး​ရန် အ​ထင် သေး​အ​မြင်​သေး​ခံ​ရ​သည့်​အ​ရာ၊ မ​ထီ​မဲ့​မြင် ပြု​ခြင်း​ခံ​ရ​သည့်​အ​ရာ၊ မ​ရေ​ရာ​သည့်​အ​ရာ တို့​ကို​ရွေး​ချယ်​တော်​မူ​၏။- သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​ရှေ့​တော်​၌​အ​ဘယ် သူ​မျှ​ဝါ​ကြွား​စ​ရာ​မ​ရှိ။

၁ ကောရိန္သု 1:26-29 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ညီအစ်ကို​တို့၊ သင်​တို့​ခေါ်ယူ​တော်မူ​ခြင်း​ခံရ​စဉ်​က​အကြောင်း​ကို ဆင်ခြင်​ကြ​လော့။ လူ့​အမြင်​အရ သင်တို့​တွင် ပညာရှိ​များစွာ​မ​ပါ။ အစွမ်းထက်​သော​သူ​များစွာ​မ​ပါ။ မြင့်မြတ်​သော​သူ​များစွာ​မ​ပါ။ သို့သော် ဘုရားသခင်​သည် ပညာရှိ​တို့​ကို​အရှက်ရ​စေရန် လောက​ရှိ မိုက်မဲ​သော​သူ​တို့​ကို ရွေးကောက်​တော်မူ​၏။ ခွန်အားကြီး​သော​သူ​တို့​ကို​အရှက်ရ​စေရန် လောက​ရှိ အားနည်း​သော​သူ​တို့​ကို ရွေးကောက်​တော်မူ​၏။ ထို့ပြင် အရေးပါ​သော​သူ​တို့​ကို​ပယ်ဖျက်​ရန် အရေး​မ​ပါ​သော​သူ​များ​ဖြစ်​ကြ​သည့် လောက​ရှိ အဆင့်အတန်း​နိမ့်​သော​သူ​များ​နှင့် မထီမဲ့မြင်​ပြု​ခြင်း​ခံရ​သော​သူ​များ​ကို ဘုရားသခင်​ရွေးကောက်​တော်မူ​၏။ ထို့ကြောင့် ဘုရားသခင်​ရှေ့​တော်​၌ မည်သူမျှ ဝါကြွား​စရာ​အကြောင်း​မ​ရှိ။