YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 1:23-25

၁ ကောရိန္သု 1:23-25 Judson Bible (JBMLE)

ငါ​တို့​မူ​ကား၊ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​တော်​မူ​သော ခ​ရစ်​တော်၏ အ​ကြောင်း​အ​ရာ​ကို ဟော​ပြော​ကြ၏။ ထို​အ​ကြောင်း​အ​ရာ​သည်​ကား၊ ယု​ဒ​အ​မျိုး​သား ထိ​မိ၍ လဲ​စ​ရာ​အ​ကြောင်း​ဖြစ်၏။ တစ်​ပါး​အ​မျိုး​သား၌​ကား၊ မိုက်​မဲ​ခြင်း​ဖြစ်၏။- သို့​သော်​လည်း၊ ယု​ဒ​လူ​ဖြစ်​စေ၊ ဟေ​လ​သ​လူ​ဖြစ်​စေ၊ ခေါ်​တော်​မူ​သော​သူ​တို့၌ ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​နှင့် ဘု​ရား​သ​ခင်၏​ပ​ညာ​တော်​တည်း​ဟူ​သော ခ​ရစ်​တော်၏ တ​ရား​ဖြစ်၏။- ဘု​ရား​သ​ခင်၏ မိုက်​မဲ​ခြင်း​အ​ရာ​သည် လူ​တို့၏ ပ​ညာ​ထက်​သာ၍ ပ​ညာ​ရှိ၏။ ဘု​ရား​သ​ခင်၏ အား​နည်း​ခြင်း​အ​ရာ​သည် လူ​တို့၏ အ​စွမ်း​ထက်​သာ၍ အ​စွမ်း​ရှိ၏။

၁ ကောရိန္သု 1:23-25 Common Language Bible (BCL)

ငါ​တို့​က​မူ​လက်​ဝါး​ကပ်​တိုင်​တွင်​အ​သေ​ခံ တော်​မူ​သော​ခ​ရစ်​တော်​၏​အ​ကြောင်း​ကို​ဟော ပြော​ကြေ​ညာ​ကြ​၏။ ထို​အ​ကြောင်း​အ​ရာ​သည် ယု​ဒ​အ​မျိုး​သား​တို့​အ​တွက်​မ​နှစ်​မြို့​စ​ရာ၊ လူ​မျိုး​ခြား​တို့​အ​တွက်​အ​နက်​အ​ဋ္ဌိပ္ပါယ်​မ​ရှိ သည့်​အ​ရာ​ဖြစ်​၏။- သို့​ရာ​တွင်​ယု​ဒ​အ​မျိုး​သား​ဖြစ်​စေ၊ လူ​မျိုး​ခြား ဖြစ်​စေ​ရွေး​ကောက်​တော်​မူ​ခြင်း​ခံ​ကြ​ရ​သူ​တို့ အ​တွက်​မူ​ကား ခ​ရစ်​တော်​သည်​ဘု​ရား​သ​ခင်​၏ တန်​ခိုး​တော်၊ ဘု​ရား​သ​ခင်​၏​ဉာဏ်​ပ​ညာ​တော် ဖြစ်​ပေ​သည်။- ဘု​ရား​သ​ခင်​၏​ဉာဏ်​ပ​ညာ​မဲ့​မှု​ဟု​ထင်​ရ သော​အ​ရာ​သည် လူ​တို့​ဉာဏ်​ပ​ညာ​ရှိ​မှု​ထက် ပို​၍​ထက်​မြက်​၏။ ဘု​ရား​သခင်​၏​အား​နည်း​မှု ဟု​ထင်​ရ​သော​အ​ရာ​သည်​လူ​တို့​၏​စွမ်း​သန် မှု​ထက်​ပို​၍​အား​ကြီး​၏။

၁ ကောရိန္သု 1:23-25 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​တို့​မူကား လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ခံရ​သော ခရစ်တော်​အကြောင်း​ကို ဟောပြော​ကြ​၏။ ထို​အကြောင်းအရာ​သည် ဂျူး​လူမျိုး​တို့​အတွက် မှားယွင်း​စရာ​အကြောင်း​ဖြစ်​ပြီး လူမျိုးခြား​တို့​အတွက် မိုက်မဲ​သော​အရာ​ဖြစ်​၏။ သို့သော် ဂျူး​လူမျိုး​ဖြစ်စေ၊ ဂရိ​လူမျိုး​ဖြစ်စေ ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သော​သူ​တို့​အတွက် ခရစ်တော်​သည် ဘုရားသခင်​၏​တန်ခိုး​တော်​နှင့် ဘုရားသခင်​၏​ဉာဏ်ပညာ​တော်​ဖြစ်​၏။ အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​၏​မိုက်မဲ​ခြင်း​သည် လူ​တို့​၏​ပညာရှိ​ခြင်း​ထက် ပညာရှိ​၏။ ဘုရားသခင်​၏​အားနည်း​ခြင်း​သည် လူ​တို့​ထက် ခွန်အားကြီး​၏။