YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 1:17-25

၁ ကောရိန္သု 1:17-25 Judson Bible (JBMLE)

ဗ​တ္တိ​ဇံ​ကို​ပေး​စေ​ခြင်း​ငှာ ခ​ရစ်​တော်​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သည်​မ​ဟုတ်။ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​စေ​ခြင်း​ငှာ စေ​လွှတ်​တော်​မူ၏။ သို့​သော်​လည်း၊ ခ​ရစ်​တော်၏​လက်​ဝါး​ကပ်​တိုင်​ကို အ​ချည်း​နှီး​မ​ဖြစ်​စေ​ခြင်း​ငှာ၊ နှုတ်​ပ​ညာ​ကို အ​ခွင့်​မ​ပေး​ဘဲ နေ​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ဆုံး​ရှုံး​ခြင်း​သို့​ရောက်​သော​သူ​တို့၌ လက်​ဝါး​ကပ်​တိုင်​တော်​တ​ရား​သည် မိုက်​သော​တ​ရား​ဖြစ်၏။ ကယ်​တင်​ခြင်း​သို့ ရောက်​သော​ငါ​တို့၌ ထို​တ​ရား​သည် ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​ဖြစ်၏။- ကျမ်း​စာ​လာ​သည်​ကား၊ ပ​ညာ​ရှိ​တို့၏ ပ​ညာ​ကို ငါ​ဖျက်​ဆီး​မည်။ ဉာဏ်​ကောင်း​သော​သူ​တို့၏ ဉာဏ်​ကို​လည်း ငါ​ပယ်​မည်​ဟု လာ​သ​တည်း။- ပ​ညာ​ရှိ​ကား အ​ဘယ်​မှာ​ရှိ​သ​နည်း။ ကျမ်း​ပြု​ဆ​ရာ​ကား အ​ဘယ်​မှာ​ရှိ​သ​နည်း။ ပြဿ​နာ၌ လေ့​ကျက်​သော​ဆ​ရာ​ကား အ​ဘယ်​မှာ​ရှိ​သ​နည်း။ လော​ကီ​ပ​ညာ​ကို ဘု​ရား​သ​ခင်​သည် မိုက်​စေ​တော်​မူ​သည် မ​ဟုတ်​လော။- အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်၏ ပ​ညာ​တော်​စီ​ရင်​သည်​နှင့်​အ​ညီ၊ လော​ကီ​သား​တို့​သည် မိ​မိ​တို့​ပ​ညာ​အား​ဖြင့် ဘု​ရား​သ​ခင်​ကို မ​သိ​ဘဲ​နေ​ကြ​သော​အ​ခါ၊ ဘု​ရား​သ​ခင်​သည် ယုံ​ကြည်​သော​သူ​တို့​ကို ဒေ​သ​နာ​တော် မိုက်​မဲ​ခြင်း​အား​ဖြင့် ကယ်​တင်​ခြင်း​ငှာ စေ​တ​နာ​ရှိ​တော်​မူ၏။- ယု​ဒ​လူ​တို့​သည် နိ​မိတ်​လ​က္ခ​ဏာ​ကို တောင်း​တတ်​ကြ၏။ ဟေ​လ​သ​လူ​တို့​သည် ပ​ညာ​ကို ရှာ​တတ်​ကြ၏။- ငါ​တို့​မူ​ကား၊ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​တော်​မူ​သော ခ​ရစ်​တော်၏ အ​ကြောင်း​အ​ရာ​ကို ဟော​ပြော​ကြ၏။ ထို​အ​ကြောင်း​အ​ရာ​သည်​ကား၊ ယု​ဒ​အ​မျိုး​သား ထိ​မိ၍ လဲ​စ​ရာ​အ​ကြောင်း​ဖြစ်၏။ တစ်​ပါး​အ​မျိုး​သား၌​ကား၊ မိုက်​မဲ​ခြင်း​ဖြစ်၏။- သို့​သော်​လည်း၊ ယု​ဒ​လူ​ဖြစ်​စေ၊ ဟေ​လ​သ​လူ​ဖြစ်​စေ၊ ခေါ်​တော်​မူ​သော​သူ​တို့၌ ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​နှင့် ဘု​ရား​သ​ခင်၏​ပ​ညာ​တော်​တည်း​ဟူ​သော ခ​ရစ်​တော်၏ တ​ရား​ဖြစ်၏။- ဘု​ရား​သ​ခင်၏ မိုက်​မဲ​ခြင်း​အ​ရာ​သည် လူ​တို့၏ ပ​ညာ​ထက်​သာ၍ ပ​ညာ​ရှိ၏။ ဘု​ရား​သ​ခင်၏ အား​နည်း​ခြင်း​အ​ရာ​သည် လူ​တို့၏ အ​စွမ်း​ထက်​သာ၍ အ​စွမ်း​ရှိ၏။

၁ ကောရိန္သု 1:17-25 Common Language Bible (BCL)

ခ​ရစ်​တော်​ငါ့​ကို​စေ​လွှတ်​တော်​မူ​သည်​မှာ ဗတ္တိ​ဇံ​ပေး​ရန်​မ​ဟုတ်။ ခ​ရစ်​တော်​လက်​ဝါး​ကပ် တိုင်​တွင်​အ​သေ​ခံ​ခြင်း​တန်​ခိုး​မ​ပျက်​မ​ပြယ် စေ​ရန် လူ​တို့​၏​ဉာဏ်​ပ​ညာ​နှင့်​ယှဉ်​သော​စ​ကား များ​ကို​အ​သုံး​မ​ပြု​ဘဲ​သ​တင်း​ကောင်း​ကို ကြေ​ညာ​ရန်​ဖြစ်​သည်။ လက်​ဝါး​ကပ်​တိုင်​တော်​တွင်​ခ​ရစ်​တော်​အ​သေ​ခံ တော်​မူ​ခြင်း​တည်း​ဟူ​သော​တ​ရား​သည်​ဆုံး​ရှုံး မည့်​သူ​များ​အ​တွက်​အ​နက်​အ​ဋ္ဌိပ္ပါယ်​မ​ရှိ​သည့် အ​ရာ​ဖြစ်​၏။ ကယ်​တင်​ခြင်း​ခံ​ကြ​ရ​သော​ငါ တို့​အ​တွက်​မူ​ကား​ဘု​ရား​သ​ခင်​၏​တန်​ခိုး တော်​ဖြစ်​၏။- အ​ဘယ်​ကြောင့်​ဆို​သော်​ကျမ်း​စာ​တော်​တွင် ``ပ​ညာ​ရှိ​တို့​၏​ဉာဏ်​ပ​ညာ​ကို​ငါ​ဖျက်​ဆီး​မည်။ အ​သိ​ပ​ညာ​ရှင်​တို့​၏​အ​သိ​ပ​ညာ​ကို​လည်း ငါ​ပယ်​ရှား​မည်'' ဟု​ရေး​သား​ဖော်​ပြ​ထား​သော​ကြောင့်​ဖြစ်​၏။- သို့​ဖြစ်​၍​ပ​ညာ​ရှိ​များ၊ အ​သိ​ပ​ညာ​ရှင်​များ၊ ဤ​လော​က​တွင်​စ​ကား​စစ်​ထိုး​တတ်​သူ​များ ကား အ​ဘယ်​အ​ခြေ​အ​နေ​မှာ​ရှိ​ပါ​သ​နည်း။ ဘု​ရား​သ​ခင်​သည်​လော​ကီ​ဉာဏ်​ပ​ညာ​ကို အ​ချည်း​နှီး​ဖြစ်​စေ​တော်​မူ​လေ​ပြီ။ လူ​သည်​မိ​မိ​ကိုယ်​ပိုင်​ဉာဏ်​ဖြင့်​ဘု​ရား​သ​ခင် အား​မ​သိ​နိုင်​စေ​ရန် ကိုယ်​တော်​သည်​ရွှေ​ဉာဏ် တော်​ဖြင့်​စီ​မံ​ထား​တော်​မူ​၏။ အ​ချည်း​နှီး​သော တ​ရား​ဖြစ်​သည်​ဟု​လူ​တို့​ထင်​မှတ်​သော​ငါ တို့​ကြေ​ညာ​သည့်​သ​တင်း​ကောင်း​အား​ဖြင့် ဘု​ရား​သ​ခင်​သည်​မိ​မိ​ကို​ယုံ​ကြည်​သူ​တို့ အား​ကယ်​တင်​တော်​မူ​ရန်​စီ​မံ​တော်​မူ​ပေ​သည်။- ယု​ဒ​အ​မျိုး​သား​တို့​က​နိ​မိတ်​လက္ခ​ဏာ​များ ကို​တောင်း​ခံ​ကြ​၏။ ဂ​ရိ​အ​မျိုး​သား​တို့​က ဉာဏ်​ပ​ညာ​ကို​ရှာ​ဖွေ​ကြ​၏။- ငါ​တို့​က​မူ​လက်​ဝါး​ကပ်​တိုင်​တွင်​အ​သေ​ခံ တော်​မူ​သော​ခ​ရစ်​တော်​၏​အ​ကြောင်း​ကို​ဟော ပြော​ကြေ​ညာ​ကြ​၏။ ထို​အ​ကြောင်း​အ​ရာ​သည် ယု​ဒ​အ​မျိုး​သား​တို့​အ​တွက်​မ​နှစ်​မြို့​စ​ရာ၊ လူ​မျိုး​ခြား​တို့​အ​တွက်​အ​နက်​အ​ဋ္ဌိပ္ပါယ်​မ​ရှိ သည့်​အ​ရာ​ဖြစ်​၏။- သို့​ရာ​တွင်​ယု​ဒ​အ​မျိုး​သား​ဖြစ်​စေ၊ လူ​မျိုး​ခြား ဖြစ်​စေ​ရွေး​ကောက်​တော်​မူ​ခြင်း​ခံ​ကြ​ရ​သူ​တို့ အ​တွက်​မူ​ကား ခ​ရစ်​တော်​သည်​ဘု​ရား​သ​ခင်​၏ တန်​ခိုး​တော်၊ ဘု​ရား​သ​ခင်​၏​ဉာဏ်​ပ​ညာ​တော် ဖြစ်​ပေ​သည်။- ဘု​ရား​သ​ခင်​၏​ဉာဏ်​ပ​ညာ​မဲ့​မှု​ဟု​ထင်​ရ သော​အ​ရာ​သည် လူ​တို့​ဉာဏ်​ပ​ညာ​ရှိ​မှု​ထက် ပို​၍​ထက်​မြက်​၏။ ဘု​ရား​သခင်​၏​အား​နည်း​မှု ဟု​ထင်​ရ​သော​အ​ရာ​သည်​လူ​တို့​၏​စွမ်း​သန် မှု​ထက်​ပို​၍​အား​ကြီး​၏။

၁ ကောရိန္သု 1:17-25 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အကြောင်းမူကား ဗတ္တိဇံ​ပေး​စေရန် ခရစ်တော်​သည် ငါ့​ကို​စေလွှတ်​တော်မူ​သည်​မ​ဟုတ်။ ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​စေရန် စေလွှတ်​တော်မူ​၏။ ထိုသို့​ဟောပြော​ရာ​၌​လည်း ခရစ်တော်​၏​လက်ဝါးကပ်တိုင်​တော်​ကို အချည်းနှီး​မ​ဖြစ်​စေရန် နှုတ်​အတတ်​အားဖြင့်​ဟောပြော​ရန်​မ​ဟုတ်။ အကြောင်းမူကား လက်ဝါးကပ်တိုင်​တော်​နှင့်ဆိုင်သော​သတင်း​စကား​သည် ပျက်စီး​ခြင်း​သို့​ရောက်​သော​သူ​တို့​အတွက် မိုက်မဲ​သော​အရာ​ဖြစ်​သော်လည်း ကယ်တင်​ခြင်း​ခံရ​သော​ငါ​တို့​အတွက်​မူကား ဘုရားသခင်​၏​တန်ခိုး​တော်​ဖြစ်​၏။ အဘယ်ကြောင့်​ဆိုသော် ကျမ်းစာ​၌ “ငါ​သည် ပညာရှိ​တို့​၏​ဉာဏ်ပညာ​ကို ဖျက်ဆီး​မည်။ ဉာဏ်ထက်မြက်​သော​သူ​တို့​၏​ဉာဏ်စွမ်း​ကို​လည်း ငါ​ပစ်ပယ်​မည်”​ဟု ရေး​ထား​၏။ ပညာရှိ​ကား အဘယ်မှာ​ရှိ​သနည်း။ ကျမ်းပြု​ဆရာ​ကား အဘယ်မှာ​ရှိ​သနည်း။ ဤ​လောက​ရှိ ဝေဖန်ရေးသမား​ကား အဘယ်မှာ​ရှိ​သနည်း။ ဘုရားသခင်​သည် လောကီ​ဉာဏ်ပညာ​ကို မိုက်မဲ​စေ​တော်မူ​သည်​မ​ဟုတ်​လော။ အကြောင်းမူကား ဘုရားသခင်​၏​ဉာဏ်ပညာ​အရ ဤ​လောက​သည် မိမိ​၏​ဉာဏ်ပညာ​အားဖြင့် ဘုရားသခင်​ကို​မ​သိ​ခဲ့​သောကြောင့် ဘုရားသခင်​သည် ဟောပြော​ခြင်း​အမှု​၏​မိုက်မဲ​သော​အရာ​အားဖြင့် ယုံကြည်​သော​သူ​တို့​ကို​ကယ်တင်​ရန် အလိုရှိ​တော်မူ​၏။ ဂျူး​လူမျိုး​တို့​သည် နိမိတ်​လက္ခဏာ​များ​ကို​တောင်း​တတ်​ကြ​၏။ ဂရိ​လူမျိုး​တို့​သည် ဉာဏ်ပညာ​ကို​ရှာဖွေ​တတ်​ကြ​၏။ ငါ​တို့​မူကား လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ခံရ​သော ခရစ်တော်​အကြောင်း​ကို ဟောပြော​ကြ​၏။ ထို​အကြောင်းအရာ​သည် ဂျူး​လူမျိုး​တို့​အတွက် မှားယွင်း​စရာ​အကြောင်း​ဖြစ်​ပြီး လူမျိုးခြား​တို့​အတွက် မိုက်မဲ​သော​အရာ​ဖြစ်​၏။ သို့သော် ဂျူး​လူမျိုး​ဖြစ်စေ၊ ဂရိ​လူမျိုး​ဖြစ်စေ ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သော​သူ​တို့​အတွက် ခရစ်တော်​သည် ဘုရားသခင်​၏​တန်ခိုး​တော်​နှင့် ဘုရားသခင်​၏​ဉာဏ်ပညာ​တော်​ဖြစ်​၏။ အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​၏​မိုက်မဲ​ခြင်း​သည် လူ​တို့​၏​ပညာရှိ​ခြင်း​ထက် ပညာရှိ​၏။ ဘုရားသခင်​၏​အားနည်း​ခြင်း​သည် လူ​တို့​ထက် ခွန်အားကြီး​၏။