YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဇေဖနိ 3:9-20

ဇေဖနိ 3:9-20 BCL

``ထို​အ​ခါ​ငါ​သည်​လူ​မျိုး​အ​ပေါင်း​ကို ပြု​ပြင်​ပြောင်း​လဲ​စေ​မည်​ဖြစ်​၍ သူ​တို့​သည် အ​ခြား​ဘု​ရား​များ​ကို​မ​ကိုး​ကွယ်​ဘဲ ငါ့ ကို​သာ​ကိုး​ကွယ်​ကြ​လိမ့်​မည်။ သူ​တို့​အား လုံး​ပင်​ငါ​၏​စ​ကား​ကို​နား​ထောင်​ကြ လိမ့်​မည်။- ပျံ့​လွင့်​နေ​သော​ငါ​၏​လူ​မျိုး​တော်​သည် ဝေး​လံ​သော​ဆူ​ဒန်​ပြည်​မှ​ပင်​လျှင်​ငါ့​ထံ သို့​ပူ​ဇော်​သ​ကာ​များ​ကို​ယူ​ဆောင်​လာ ကြ​လိမ့်​မည်။- အို ငါ​၏​လူ​မျိုး​တော်၊ ထို​အ​ခါ​သင်​တို့ သည်​ငါ့​ကို​ပုန်​ကန်​ခဲ့​သည့်​အ​တွက်​ရှက် ကြောက်​နေ​ရန်​လို​တော့​မည်​မ​ဟုတ်။ ငါ သည်​မာ​န​ကြီး​သူ​မောက်​မာ​ထောင်​လွှား သူ​မှန်​သ​မျှ​ကို​ပယ်​ရှင်း​မည်​ဖြစ်​၍ သင် တို့​သည်​နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ​၌ မျှ​ယေ​ရု​ရှ​လင်​မြို့​ရှိ ငါ​၏​သန့်​ရှင်း​မြင့် မြတ်​သည့်​တောင်​တော်​ပေါ်​တွင်​ငါ့​ကို​ပုန် ကန်​ကြ​တော့​မည်​မ​ဟုတ်။- စိတ်​နှ​လုံး​နှိမ့်​ချ​နူး​ညံ့​သိမ်​မွေ့​သည့်​လူ​စု ကို​ထို​အ​ရပ်​တွင်​ငါ​ချန်​ထား​မည်။ သူ​တို့ သည်​လည်း​ငါ့​ထံ​သို့​လာ​ရောက်​ခို​လှုံ​ကြ လိမ့်​မည်။- အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နေ​သည့်​ဣ​သ ရေ​လ​ပြည်​သား​တို့​သည်​အ​ဘယ်​သူ​ကို မျှ​ပြစ်​မှား​ကြ​လိမ့်​မည်​မ​ဟုတ်။ မု​သား စ​ကား​ပြော​ဆို​မှု​ကို​သော်​လည်း​ကောင်း၊ လိမ်​လည်​လှည့်​စား​ရန်​ကြိုး​စား​မှု​ကို​သော် လည်း​ကောင်း​ပြု​ကြ​လိမ့်​မည်​မ​ဟုတ်။ သူ တို့​သည်​ကောင်း​စား​ကြ​လိမ့်​မည်။ အ​ဘယ် သူ​ကို​မျှ​မ​ကြောက်​မ​လန့်​ရ​ဘဲ ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။ အို ဣ​သ​ရေ​လ​ပြည်​သား​တို့၊ဝမ်း​မြောက်​စွာ ကြွေး​ကြော်​သီ​ဆို​ကြ​လော့။ အို ယေ​ရု​ရှ​လင်​မြို့​သူ၊စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ရွှင်​လန်း​ဝမ်း​မြောက်​လော့။ ကိုယ်​တော်​သည်​သင်​တို့​အား​အ​တိုက်​အ​ခံ ပြု​သူ​များ​ကို​ဖယ်​ရှား​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​ရန်​သူ​များ​ကို ရုပ်​သိမ်း​တော်​မူ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရင်​ထာ​ဝ​ရ ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ ယ​ခု​သင်​တို့​သည်​ကြောက်​လန့်​စ​ရာ အ​ကြောင်း​မ​ရှိ​တော့​ပြီ။ ထို​နေ့​တွင်​ယေ​ရု​ရှ​လင်​မြို့​အား​ဤ​သို့​ဆို လိမ့်​မည်။ ``အို ဇိ​အုန်​မြို့၊မ​ကြောက်​နှင့်။ သင်​သည်​လက်​မှိုင်​ချ​၍​မ​နေ​နှင့်။ သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ ကိုယ်​တော်​၏​တန်​ခိုး​တော်​အား​ဖြင့် သင်​သည်​အောင်​ပွဲ​ကို​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အ​ပေါ်​ဝမ်း မြောက်​အား​ရ​မှု ရှိ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​လည်း​သင့်​အား ဘ​ဝ​သစ်​ကို​ပေး​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​သင်​၏​အ​တွက်​ကြည်​နူး​ပျော် ရွှင်​ကာ သီ​ချင်း​ကူး​ဧ​တော်​မူ​လိမ့်​မည်။'' ``ပွဲ​လမ်း​သ​ဘင်​၌​ပျော်​ရွှင်​သော​သူ​များ ကဲ့​သို့ ရွှင်​မြူး​တော်​မူ​လိမ့်​မည်'' ထာ​ဝ​ရ​ဘု​ရား​က ``ဝမ်း​နည်း​ရ​မှု​ကို​ရပ်​စဲ​၍၊- သင်​၏​အ​သ​ရေ​ပျက်​မှု​ကို​သင်​၏​ဝန်​ထုပ် အ​ဖြစ်​မှ ဖယ်​ရှား​လိုက်​လေ​ပြီ။ သင့်​ကို​ညှင်း​ပန်း​နှိပ်​စက်​သူ​များ​အား​ငါ အ​ပြစ်​ဒဏ် ခတ်​မည့်​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​လိမ့် မည်။ ငါ​သည်​ခြေ​မ​စွမ်း​မ​သန်​သူ​အ​ပေါင်း​ကို ကယ်​ဆယ်​၍၊ ပြည်​နှင်​ဒဏ်​သင့်​သူ​များ​ကို​မိ​မိ​တို့​ပြည်​သို့ ခေါ်​ဆောင်​လာ​မည်။ သူ​တို့​၏​အ​ရှက်​ရ​မှု​ကို​ဂုဏ်​အ​သ​ရေ​ရှိ​မှု အ​ဖြစ်​သို့​ပြောင်း​လဲ​စေ​မည်။ က​မ္ဘာ​သူ​က​မ္ဘာ​သား​တို့​သူ​တို့​ကို ချီး​ကူး​ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။ ကွဲ​လွင့်​နေ​သူ​သင်​တို့​၏​အ​မျိုး​သား​များ အား မိ​မိ​တို့​ပြည်​သို့​ငါ​ခေါ်​ဆောင်​လာ​မည့် အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​လိမ့်​မည်။ ငါ​သည်​သင်​တို့​အား​ကမ္ဘာ​တစ်​ဝှမ်း​လုံး​တွင် ထင်​ပေါ်​ကျော်​ကြား​စေ​မည်။ သင်​တို့​ကို​တစ်​ဖန်​ပြန်​လည်​ကောင်း​စား စေ​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။ ပ​ရော​ဖက်​ဇေ​ဖ​နိ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။