ထမင်းစားချိန်ရောက်သောအခါ၌ ဗောဇ သည်ရုသအား``လာ၍မုန့်သုံးဆောင်လော့။ မုန့်ကိုအချဉ်ရည်တွင်နှစ်၍စားလော့'' ဟု ဆို၏။ သို့ဖြစ်၍ရုသသည် အလုပ်သမား များနှင့်အတူထိုင်လေသည်။ ထိုအခါဗောဇ သည်သူ့အားပေါက်ပေါက်အနည်းငယ်ကို လှမ်း၍ပေး၏။ ရုသသည်ဝအောင်စားပြီး နောက်မုန့်ကျန်သေး၏။- ထိုနောက်သူသည်ကောက်သင်းကောက်ရန်ထ ၍သွားသောအခါ ဗောဇသည်အလုပ်သမား များအား``သူ့အားကောက်လှိုင်းစီးများချ ထားရာအရပ်၌ပင် ကောက်သင်းကောက်ခွင့် ပြုကြလော့။ သူ့အားမဟန့်တားကြနှင့်။- ကောက်လှိုင်းစည်းများမှစပါးနှံအနည်း ငယ်ကိုဆွဲထုတ်၍ သူ၏အတွက်ချထား ပေးကြလော့'' ဟုမှာကြားလေ၏။ သို့ဖြစ်၍ရုသသည် လယ်ကွင်းထဲတွင်ညနေ စောင်းသည်တိုင်အောင် ကောက်သင်းကောက်ပြီး နောက်ကောက်နှံများကို နယ်လိုက်သောအခါ မုယောစပါးတင်းဝက်ခန့်ရရှိလေသည်။- သူသည်ထိုစပါးကိုယူ၍မြို့သို့ပြန်ပြီး လျှင် မိမိ၏ယောက္ခမအားပြ၏။ မိမိချန် ထားသည့်အစားအစာကိုလည်းပေး၏။- နောမိက``သင်သည်ယနေ့အဘယ်မှာကောက် သင်းကောက်ခဲ့ပါသနည်း။ မည်သူ့လယ်တွင် ကောက်ခဲ့ပါသနည်း။ ဘုရားသခင်သည် သင့် ကိုကြည့်ရှုသူအားကောင်းချီးပေးတော် မူပါစေသော'' ဟုဆို၏။ သို့ဖြစ်၍ရုသသည်ဗောဇအမည်ရှိသူလူ တစ်ဦး၏လယ်တွင် မိမိကောက်သင်းကောက်ခဲ့ ကြောင်းကိုနောမိအားပြောပြလေသည်။ နောမိကလည်း``ထာဝရဘုရားသည် ဗောဇ အားကောင်းချီးပေးတော်မူပါစေသော။ ထာဝရ ဘုရားသည်အသက်ရှင်သူ၊ သေသူတို့အား မိမိထားရှိသည့်ကတိတော်တို့ကိုအစဉ် အမြဲတည်စေတော်မူပါ၏'' ဟုဆိုပြီးလျှင် ဆက်လက်၍``ဤသူသည်ငါတို့နှင့်ဆွေမျိုး ရင်းချာတော်စပ်၍ ငါတို့အားကြည့်ရှုစောင့် ရှောက်ရန်အတွက်တာဝန်ရှိသူတစ်ဦးဖြစ် သည်'' ဟုဆို၏။
ရုသ 2 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရုသ 2:14-20
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ