YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရော​မ 8:31-35

ရော​မ 8:31-35 BCL

အ​ထက်​ပါ​အ​ချက်​များ​ကို​ထောက်​၍​မည်​သို့ ဆို​ရ​အံ့​နည်း။ ဘု​ရား​သ​ခင်​သည်​ငါ​တို့​ဘက် ၌​ရှိ​တော်​မူ​လျှင်​အ​ဘယ်​သူ​မျှ​ငါ​တို့​အား ဆန့်​ကျင်​နိုင်​မည်​မ​ဟုတ်။- မိ​မိ​၏​သား​တော်​ရင်း​ကို​ပင်​မ​နှ​မြော​ဘဲ​ငါ တို့​ရှိ​သ​မျှ​အ​တွက် ယဇ်​အ​ဖြစ်​ပူ​ဇော်​တော် မူ​သော​ဘု​ရား​သ​ခင်​သည်​ဆန့်​ကျင်​မည်​မ​ဟုတ်။ ငါ​တို့​အ​တွက်​သား​တော်​ကို​ပူ​ဇော်​သော​အ​ရှင် သည်​အ​ရာ​ခပ်​သိမ်း​ကို ငါ​တို့​အား​မ​ပေး​ဘဲ အ​ဘယ်​သို့​နေ​တော်​မူ​မည်​နည်း။- ဘု​ရား​သ​ခင်​ရွေး​ချယ်​ထား​တော်​မူ​သော​လူ တို့​အား အ​ဘယ်​သူ​သည်​ပြစ်​တင်​စွပ်​စွဲ​မည်​နည်း။ သူ​တို့​၌​အ​ပြစ်​မ​ရှိ​ကြောင်း​ဘု​ရား​သ​ခင် ကိုယ်​တော်​တိုင်​ထုတ်​ဖော်​ကြေ​ညာ​တော်​မူ​ပြီ။- သို့​ဖြစ်​၍​သူ​တို့​အား​အ​ဘယ်​သူ​ပြစ်​ဒဏ် စီ​ရင်​မည်​နည်း။ ခ​ရစ်​တော်​စီ​ရင်​မည်​မ​ဟုတ်။ အ​သေ​ခံ​တော်​မူ​သည်​သာ​မ​က သေ​ခြင်း​မှ ရှင်​ပြန်​ထ​မြောက်​တော်​မူ​သော​ခ​ရစ်​တော် ယေ​ရှု​သည် ဘု​ရား​သ​ခင်​၏​လက်​ယာ​တော် ဘက်​တွင်​ထိုင်​တော်​မူ​ကာ ငါ​တို့​အ​တွက် ဘု​ရား​သ​ခင်​အား​အ​သ​နား​ခံ​လျက်​နေ တော်​မူ​၏။- သို့​ဖြစ်​၍​အ​ဘယ်​သူ​သည်​ငါ​တို့​အား​ခ​ရစ် တော်​၏​မေတ္တာ​တော်​နှင့်​ကွဲ​ကွာ​စေ​နိုင်​မည်​နည်း။ ဒုက္ခ​ရောက်​ခြင်း၊ ကျဉ်း​ကျပ်​ခြင်း၊ အ​ညှဉ်း​ပန်း ခံ​ရ​ခြင်း၊ ငတ်​မွတ်​ခြင်း၊ ဆင်း​ရဲ​နွမ်း​ပါး​ခြင်း၊ ဘေး​အန္တ​ရာယ်​နှင့်​တွေ့​ခြင်း၊ ကွပ်​မျက်​ခံ​ရ​ခြင်း တို့​သည်​ကိုယ်​တော်​၏​မေတ္တာ​တော်​နှင့်​ငါ​တို့​ကို ကွဲ​ကွာ​စေ​နိုင်​မည်​လော။

​ရော​မ 8:31-35 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။